Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ငပလီကမ်းခြေဟိုတယ်ဇုန်အနီးတိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်စခန်းတစ်ခု စွန့်ခွာထွက်ပြေး

မြေပြင်တွင် AA တပ်ဖွဲ့ဝင်အများအပြားက နယ်မြေစိုးမိုးထားပြီး ဂေါ့ကျေးရွာတောင်ပေါ်စခန်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇွန် ၃ ရက်နေ့လယ်ပိုင်း၌ ဆုတ်ခွာထွက်​ပြေးသွားကြောင်း သတင်းရရှိသည်။

(​ရခိုင်ပြည်နယ်အတွင်း​ရေ​ကြောင်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်၏စစ်​ရေယာဥ်များကိုတိုက်ခိုက်သိမ်းပိုက်ခဲ့​သော AA တပ်ဖွဲ့ဝင်များကို​ဖေ​ဖော်ဝါရီလက​တွေ့ရစဥ်။ ဓါတ်ပုံ-AA Info Desk)
(​ရခိုင်ပြည်နယ်အတွင်း​ရေ​ကြောင်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်၏စစ်​ရေယာဥ်များကိုတိုက်ခိုက်သိမ်းပိုက်ခဲ့​သော AA တပ်ဖွဲ့ဝင်များကို​ဖေ​ဖော်ဝါရီလက​တွေ့ရစဥ်။ ဓါတ်ပုံ-AA Info Desk)

ဇော်ထိန်/People’s Spring

ငပလီကမ်းခြေဟိုတယ်ဇုန်အတွင်း ပါဝင်သော ဂေါ့ကျေးရွာ၌ အာရက္ခတပ်တော်(AA) နှင့် စစ်ကောင်စီ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီ​တပ် စစ်​ရေယာဥ်​ကပစ်၍ အရပ်သားအချို့သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

နာမည်ကြီး Jasmine ဟိုတယ်ရှိသော ဂေါ့ကျေးရွာတွင် ယနေ့(ဇွန်လ၃ရက်)နံနက်၌ မြေပြင်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရေတပ်က လက်နက်ကြီးများပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

” အရပ်သားတွေပိတ်မိသွားပြီးတော့ လက်နက်ကြီးထိတာတွေရှိတယ်။ သေဆုံးသူ ငါဦးထက်မနည်းရှိတယ်။ တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်ကောင်းကောင်းမရသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မြေပြင်တွင် AA တပ်ဖွဲ့ဝင်အများအပြားက နယ်မြေစိုးမိုးထားပြီး ဂေါ့ကျေးရွာတောင်ပေါ်စခန်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇွန် ၃ ရက်နေ့လယ်ပိုင်း၌ ဆုတ်ခွာထွက်​ပြေးသွားကြောင်း သတင်းရရှိသည်။

“AA က လက်နက်ချခိုင်းသေးတယ်။ နောက်တော့ ထွက်ပြေးတာ။ ဒါပေမယ့် လွတ်မှာမဟုတ်ဘူး”ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီအထိနာကြောင်းသိရှိရသော်လည်း အသေးစိတ်ကိုမူသတင်းမရရှိသေးပေ။ ယနေ့ (ဇွန် ၃ ရက်) ညပိုင်းအထိ စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်နေကြောင်း သံတွဲမြို့ခံများကပြောသည်။

သံတွဲမြို့နယ်တွင် ဧပြီလ၂၂ရက်ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ဒေသခံနှစ်သောင်းခန့်သည် ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရသည်။ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလေကြောင်းနှင့်လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုကြောင့် ​ဒေသခံပြည်သူများသေဆုံးမှုများရှိခဲ့သည်။

မေလ ၁၄ ရက်နေ့က သံတွဲမြို့နယ် လင်းသီကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ဆယ်ဦးသေဆုံးခဲ့ပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မေလ ၁၈ရက်ကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်နေစဉ် နတ်တောင်မော်ကျေးရွာကိုစစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ရှစ်ဦးသေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

သံတွဲမြို့နယ်အတွင်းတိုက်ပွဲ၌ စစ်ကောင်စီဘက်တွင် အကျအရှုံးများနေပြီ အရာရှိအချို့လည်းထွက်ပြေးသွားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ တိုက်ပွဲများအတွင်း သေဆုံးသွားသည့် စစ်ကောင်စီရုပ်အလောင်းအချို့ကို ဒေသခံများ၏ နေအိမ်ခြံဝင်းများအတွင်း မြုပ်နှံသွားရာ ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရုပ်အလောင်းအချို့ ပြန်ပေါ်လာခဲ့သည်။ ယခုအခါ သံတွဲမြို့နယ်ရှိနေရာအများစုကို AAက ထိန်းချုပ်ထားပြီး စစ်ရေးအသာစီးရယူထားသည်ဟု ဒေသခံများကပြောသည်။

ဘူးသီးတောင်၊ မောင်တော၊ သံတွဲမြို့နယ်များတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ယင်းဒေသရှိ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လုံခြုံရေးအတွက် ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားကြရန်နှင့် အကယ်၍ စစ်ပွဲအန္တရာယ်ဇုန်ကြား ပိတ်မိခဲ့ပါက အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းအာရက္ခတပ်တော်(AA)က မေလ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာနှင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းအချင်းချင်းဖလှယ်သည့် စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန် သည်ကြီးများအသင်းကမကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။

သတင်း

NUG အနေဖြင့် ပြည်သူလူထုတရပ်လုံးအား အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုဒဏ်မှ ကာကွယ်မှုပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်သည်။

သတင်း

စစ်​ကောင်စီကမူ အာဏာသိမ်းပြီး ၃နှစ်ကျော်အတွင်း စစ်ကောင်စီရိုက်ထုတ်သည့် ငွေစက္ကူပမာဏသည် အရပ်သားအစိုးရ ၂ နှစ်ထက် ၈ဆခွဲခန့်ပိုရိုက်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဘာသာပြန် ဆောင်းပါး

ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းကန်၊ ဘုရားကျောင်းစတဲ့ ဘာသာရေး အဆောက်အအုံ ၅၀ ဝန်းကျင်၊ စာသင်ကျောင်း ၃၈ ကျောင်း၊ ဆေးရုံဆေးခန်းနဲ့ ကျန်းမာရေး အဆောက်အအုံ ၁၁ ခုတို့ဟာလည်း အဲဒီ ၄ လအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲမှုတွေကြောင့် ဆုံးရှုံး ပျက်စီးခဲ့ရပါတယ်။