Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီက ဗျိုင်းဖြူရွာမှပြည်သူ ၅၀ ဦး​ကျော်အားအစုလိုက်သတ်ဖြတ်မှုအ​ပေါ် NUG ပြင်းထန်စွာရှုတ်ချ

NUG အနေဖြင့် ပြည်သူလူထုတရပ်လုံးအား အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုဒဏ်မှ ကာကွယ်မှုပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်သည်။

(စစ်တွေမြို့ ဗျိုင်းဖြူရွာမှ ပြည်သူ ၅၀ကျော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းများကို မီးရှို့ပြီးနောက် ရွာသားများကို စစ်တွေမြို့ ဝင်္ကဘာကွင်းသို့ တေဘာကားများဖြင့်ယူလာ ချထားသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ - File Photo)
(စစ်တွေမြို့ ဗျိုင်းဖြူရွာမှ ပြည်သူ ၅၀ကျော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းများကို မီးရှို့ပြီးနောက် ရွာသားများကို စစ်တွေမြို့ ဝင်္ကဘာကွင်းသို့ တေဘာကားများဖြင့်ယူလာ ချထားသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ - File Photo)

▪︎တရားမျှတမှုရရှိရေး မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းကာ နည်းပေါင်းစုံဖြင့် ကြိုးပမ်းမည်ဟု ဖော်ပြ

မောင်မောင်/People’s Spring

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်အပါအဝင် အရပ်သား ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်မှုများအား ပြင်းထန်စွာ ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်သည်။

မေလ ၂၉ရက်တွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁) တပ်ဖွဲ့ဝင်များ၊ အခြားသောတပ်ရင်းအချို့ရှိ ထုတ်နုတ်အင်အားများနှင့် အခြားသော လက်နက်ကိုင်များ ပူးပေါင်းအင်အား (၁၇၀)ကျော်ပါဝင်သော စစ်ကြောင်းသည် ဗျိုင်းဖြူရွာကို ပိတ်ဆို့ပြီး ပြည်သူ ၅၀ဦးကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြသည်။

(စစ်တွေမြို့ ဗျိုင်းဖြူရွာမှ ပြည်သူ ၅၀ကျော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းများကို မီးရှို့ပြီးနောက် ရွာသားများကို စစ်တွေမြို့ ဝင်္ကဘာကွင်းသို့ တေဘာကားများဖြင့်ယူလာ ချထားသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ - File Photo)
(စစ်တွေမြို့ ဗျိုင်းဖြူရွာမှ ပြည်သူ ၅၀ကျော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းများကို မီးရှို့ပြီးနောက် ရွာသားများကို စစ်တွေမြို့ ဝင်္ကဘာကွင်းသို့ တေဘာကားများဖြင့်ယူလာ ချထားသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ – File Photo)

တရွာလုံးကို ပိတ်ဆို့ပြီး အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ နို့စို့ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းကာ အသက် (၁၅)နှစ်မှ (၇၀)နှစ်ကြား အမျိုးသား(၄၈)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်းပြည်သူ (၅၁)ဦး ကို အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း၊ ဖြစ်စဉ်အတွင်း အမျိုးသားများအား ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းခြင်း၊ အမျိုးသမီးအချို့ကို မုဒိန်းကျင့်ခြင်း၊ ရွာသူရွာသား စုစုပေါင်း (၅၁) ဦးကို သတ်ဖြတ်ခြင်း၊ ရွာထဲရှိ ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်စသည့် ပစ္စည်းများကို ခိုးယူခြင်းတို့ကို စစ်ကောင်စီနှင့် အပေါင်းအပါများက ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဇွန်လ (၁) ရက်နေ့ နေ့လည် (၂) နာရီခန့်တွင်လည်း အဆိုပါဗျိုင်းဖြူကျေးရွာနှင့်ကပ်လျက် မင်းကင်းတောရွာသစ်၊ ရွာဟောင်းတို့အား အကြောင်းမဲ့မီးရှို့ခြင်းတို့ကို ကျူးလွန်ကာ နောက်ထပ်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတခုနှင့် စစ်ရာဇဝတ်မှုများကို ရက်စက်စွာ ကျူးလွန်ခဲ့ကြကြောင်း သိရှိရသည်ဟု ဖော်ပြသည်။ ဗျိုင်းဖြူရွာအပြင် စစ်ကောင်စီ နောက်ထပ် ကျူးလွန်ခဲ့သည်ဆိုသော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် အသေးစိတ်ကို ထုတ်ပြန်ချက်၌ ဖော်ပြမထားသေးပေ။

NUG အနေဖြင့် ပြည်သူလူထုတရပ်လုံးအား အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုဒဏ်မှ ကာကွယ်မှုပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်သည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့သော ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ အားလုံးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးအား တရားဥပဒေရှေ့မှောက်သို့ အမြန်ဆုံးပို့ဆောင်ပြီး ကျူးလွန်ခံရသူများအားလုံးအတွက် တရားမျှတမှုပြန်လည် ရရှိနိုင်ရေး ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါအဝင် တရားမျှတမှုကို လိုလားသော မည်သည့်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း NUGက ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီအနေဖြင့် ဒေသအသီးသီး၌ စစ်ရေးအရ အထိနာနေသည့် အခြေအနေတွင် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိပြီး ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား ပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

အာရက္ခတပ်တော်(AA)ကလည်း ဗျိုင်းဖြူရွာခံများအား သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် စစ်ကောင်စီနှင့် အပေါင်းအပါများကို ပြင်းထန်စွာ လက်စားချေတုန့်ပြန်သွားမည်ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ရက္ခိုင်၌ ကျန်နေသည့် စစ်တွေအပါအဝင် မြို့ ၈မြို့ကိုလည်း ဆက်လက်ထိုးစစ်ဆင်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုအချင်းချင်း ရိုင်းပင်းပူးပေါင်းမှုကို ဆက်လက်မြှင့်တင်ရန် လိုအပ်သကဲ့သို့ ပြည်ပနိုင်ငံများ၏ အထောက်အပံ့ အကူအညီများကိုလည်း ကြိုးစားရယူရန် ဝိုင်းဝန်းကြိုးစား အားထုတ်နေရမည်ဟု ဆက်ပြောသည်။

သတင်း

ကျောက်ညှပ်-ဝါလူ(ခမရ ၄၅၄) ၊ တာဘူကျိုး (ခမရ(၄၃၄)၊ ပန်ဟိုက်-ကဟီးကျိုး(ခမရ ၄၃၄)၊ လယ်တိုး (ခလရ-၁၉)နှင့် နတ်တောင်-မောဖိုးကျိုး(ခမရ - ၄၃၀) စသည့် အခြေချ စခန်း ၅ခု အပြီးအပိုင် ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

သတင်း

နိုင်ငံတကာနှင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းအချင်းချင်းဖလှယ်သည့် စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန် သည်ကြီးများအသင်းကမကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။

သတင်း

မြေပြင်တွင် AA တပ်ဖွဲ့ဝင်အများအပြားက နယ်မြေစိုးမိုးထားပြီး ဂေါ့ကျေးရွာတောင်ပေါ်စခန်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇွန် ၃ ရက်နေ့လယ်ပိုင်း၌ ဆုတ်ခွာထွက်​ပြေးသွားကြောင်း သတင်းရရှိသည်။