Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဗျိုင်းဖြူရွာမှ ပြည်သူ ၅၀ကျော်အား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီလုပ်ရပ်အတွက် ပြင်းထန်စွာလက်စားချေမည်ဟု AA ထုတ်ပြန်

စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုများကို လက်ရဲဇက်ရဲ ဆက်တိုက်ကျူးလွန် ခဲ့သော ဖက်ဆစ် စစ်ကောင်စီအား ကန့်ကွက်ရှုတ်ချကြောင်း AAက ထုတ်ပြန်ခဲ့ပြီး သတိပေးမှုများလည်း ပြုလုပ်ခဲ့သည်။

(အသတ်ခံရ​သောပြည်သူများစာရင်း ။ဓါတ်ပုံ-AA Info Desk)
(အသတ်ခံရ​သောပြည်သူများစာရင်း ။ဓါတ်ပုံ-AA Info Desk)

▪︎စစ်တွေနှင့် အမ်း အပါအဝင် ကျန်နေသည့်မြို့ ၈မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ဆက်လက် ထိုးစစ်ဆင်မည်ဟု ​ကြေညာ

ရှိုင်း ၊​ဇော်ထိန်း/People’s Spring

ရက္ခိုင်ပြည်နယ် စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့အရပ်သား ပြည်သူလူထုတို့အား စစ်ကောင်စီတပ်က ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်ညှဉ်းပန်းခဲ့မှုအပေါ် ပြင်းထန်စွာ လက်စားချေတုန့်ပြန်မည်ဟု ရက္ခိုင့်တပ်တော်(AA)က ယနေ့ ထုတ်ပြန်သည်။

မေလ (၂၉) ရက်နေ့တွင် စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒကစမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းအချို့မှ ထုတ်နုတ်အင်အားများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ၏ စစ်သင်တန်းဆင်း မူဆလင် တပ်ဖွဲ့ဝင်များ စသည့် စုစု​ပေါင်းအင်အား ၁၇၀ ကျော်က ဗျိုင်းဖြူကျေးရွာအား ဝိုင်းရံပိတ်ဆို့ကာ ပြည်သူများအား ပစ်မှတ်ထား ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(အသတ်ခံရ​သောပြည်သူများစာရင်း ။ဓါတ်ပုံ-AA Info Desk)
(အသတ်ခံရ​သောပြည်သူများစာရင်း ။ဓါတ်ပုံ-AA Info Desk)

စစ်ကောင်စီတပ်သည် ဗျိုင်းဖြူရွာအတွင်းရှိ ကလေး၊ လူကြီး၊ လူငယ်၊ လူရွယ်၊ အမျိုးသား၊ အမျိုးသမီး တစ်ယောက်မကျန် တစ်ရွာလုံးရှိ ရွာသူ၊ ရွာသားများအားလုံးကို ဖမ်းဆီးခဲ့ပြီးနောက် လက်ပြန်ကြိုးတုပ် ချည်နှောင်ကာ နေပူလှန်းထားခြင်း၊ အစာရေစာမပေးဘဲထားခြင်း၊ နှိပ်စက် ညှဉ်းပန်းခြင်း၊ လက်နက်အားကိုးဖြင့် သတ်ဖြတ်ခြင်းတို့ကို တစ်ခုပြီးတစ်ခု ရက်စက်စွာ ပြုလုပ်ခဲ့ကြောင်း AAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖမ်းဆီးထားသောသူများထဲမှ အပြစ်မဲ့ အရပ်သားပြည်သူ ၅၃ ဦးအား သတ်ဖြတ်ခြင်း၊အလောင်းဖျောက်ဖျက်ခြင်း၊ အမျိုးသမီးအချို့အား မုဒိမ်းကျင့်ခြင်း၊ ထောင်ချီသော ပြည်သူများကို ဓားစာခံများအဖြစ် ဆက်လက် ဖမ်းဆီးထားခြင်း၊ တန်ဖိုးရှိသော ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်တို့အား အ

(အသတ်ခံရ​သောပြည်သူများစာရင်း ။ဓါတ်ပုံ-AA Info Desk)
(အသတ်ခံရ​သောပြည်သူများစာရင်း ။ဓါတ်ပုံ-AA Info Desk)

တင်းအဓမ္မလုယူခြင်း၊ လူနေအိမ်အချို့အား မီးရှို့ဖျက်ဆီးခြင်း အပါအဝင် ဖက်ဆစ်ဆန်ပြီး ရက်စက်ယုတ်မာသော အပြုအမူများကို တစ်ခုပြီးတစ်ခုပြုလုပ်ခဲ့ကာ စစ်ရာဇဝတ်မှုအကြီးစားတစ်ခုကို ထပ်မံကျူးလွန်ခဲ့ကြောင်း ဖော်ပြသည်။အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရ​​သော ပြည်သူများ၏ စာရင်းကိုလည်း AAက​ဖော်ပြထားသည်။

စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုများကို လက်ရဲဇက်ရဲ ဆက်တိုက်ကျူးလွန် ခဲ့သော ဖက်ဆစ် စစ်ကောင်စီအား ကန့်ကွက်ရှုတ်ချကြောင်း AAက ထုတ်ပြန်ခဲ့ပြီး သတိပေးမှုများလည်း ပြုလုပ်ခဲ့သည်။

ယခုအဖြစ်အပျက်သည် အာရက္ခပြည်သူလူထုတစ်ရပ်လုံးအတွက် သမိုင်းတွင် မည်သည့်အခါမျှ မေ့ပျောက်၍ ရနိုင်လိမ့်မည်မဟုတ်သော ဖက်ဆစ်စစ်ကောင်စီ၏ ရက်စက်ယုတ်မာသည့် လုပ်ရပ်တစ်ခုအဖြစ် ကျန်ရစ်နေမည်မှာ အသေအချာပင်ဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

အာရက္ခဒေသ တကျော့ပြန်တိုက်ပွဲများအစတွင် ဖက်ဆစ်စစ်ကောင်စီသည် ပေါက်တောမြို့အတွင်း၌ အလားတူ စစ်ရာဇဝတ်မှုမျိုးကို ပြုလုပ်ခဲ့သောကြောင့် ကျူးလွန်ခဲ့သော စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့ဝင်များအား ပြင်းထန်စွာ တုံ့ပြန်လက်စားချေထားခဲ့ပြီးဖြစ်ကြောင်းAAကအသိပေးသည်။

(အသတ်ခံရ​သောပြည်သူများစာရင်း ။ဓါတ်ပုံ-AA Info Desk)
(အသတ်ခံရ​သောပြည်သူများစာရင်း ။ဓါတ်ပုံ-AA Info Desk)

စစ်ကောင်စီ၏ ယင်းကဲ့သို့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းများကို ပြင်းထန်စွာရှုတ်ချပြီး ၎င်းလုပ်ရပ်များကို ချက်ချင်း ရပ်တန့်ကရပ်ရန်နှင့် နောက်ထပ်အလားတူအဖြစ်မျိုး မဖြစ်ပေါ်စေရန် ပြင်းထန်စွာ သတိပေးလိုက်သည်ဟု ဖော်ပြသည်။

ယခု ဗျိုင်းဖြူရွာဖြစ်စဉ်တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွှန်ကြား အမိန့်ပေးစေခိုင်းသူများနှင့် ညွှန်ကြားချက်အား လိုက်နာအကောင်

အထည်ဖော် ဆောင်ရွက်ကြသည့် စစ်ကောင်စီ၏ တပ်မ၊ တပ်ရင်းများနှင့် ပါဝင်ပတ်သက်ခဲ့သောသူများအားလုံးကို ပြင်းထန်စွာ လက်စားချေ တုံ့ပြန်သွားမည် ဖြစ်ကြောင်း လည်း AAက အသိပေးသည်။

စစ်ကောင်စီသည် ၎င်းတို့၏ လက်ကျန်စခန်းများ မဆုံးရှုံးစေရန်အတွက် ခုခံစစ်များကို ပြင်ဆင်နေသကဲ့သို့ တန်ပြန်ထိုးစစ်များအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေမှုများကို ထင်ရှားစွာတွေ့မြင်နေ ရကြောင်း AAက ထုတ်ပြန်သည်။

တစ်ပြိုင်နက်တည်းတွင် စစ်ပွဲနှင့်မသက်ဆိုင်သော ဆေးရုံ၊ ရပ်ရွာ၊ မြို့များနှင့် ပြည်သူလူထုအစရှိသော အရပ်သားပစ်မှတ်များကို အဓိက ဦးတည်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရော့ဗုံးကြဲချတိုက်ခိုက်ခြင်းတို့အပြင် အပြစ်မဲ့ အရပ်သားပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက် ခြင်းတို့ကို တောက်လျှောက် ပြုလုပ်လျက်ရှိကြောင်း AAက ဖော်ပြသည်။

AAအနေဖြင့် တကျော့ပြန်စစ်ပွဲ ၆လအတွင်း ရက္ခိုင်ပြည်နယ်ရှိ မြို့ ၉မြို့နှင့် ချင်းပြည်နယ်ပလက်၀မြို့တို့အား သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ရာ ကျန်နေသည့် ရက္ခိုင်ပြည်နယ်မှ မြို့များကို ဆက်လက်ထိုးစစ်ဆင်မည်ဟု ယနေ့ထုတ်ပြန်ချက်၌ ထပ်လောင်း ဖော်ပြသည်။

လက်ကျန် မြို့များဖြစ်သော အမ်း၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ နှင့် မာန်အောင် မြို့များမှ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုမကျန် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြေပြင်တွင် AA တပ်ဖွဲ့ဝင်အများအပြားက နယ်မြေစိုးမိုးထားပြီး ဂေါ့ကျေးရွာတောင်ပေါ်စခန်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇွန် ၃ ရက်နေ့လယ်ပိုင်း၌ ဆုတ်ခွာထွက်​ပြေးသွားကြောင်း သတင်းရရှိသည်။

သတင်း

စစ်​ကောင်စီကမူ အာဏာသိမ်းပြီး ၃နှစ်ကျော်အတွင်း စစ်ကောင်စီရိုက်ထုတ်သည့် ငွေစက္ကူပမာဏသည် အရပ်သားအစိုးရ ၂ နှစ်ထက် ၈ဆခွဲခန့်ပိုရိုက်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဘာသာပြန် ဆောင်းပါး

ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းကန်၊ ဘုရားကျောင်းစတဲ့ ဘာသာရေး အဆောက်အအုံ ၅၀ ဝန်းကျင်၊ စာသင်ကျောင်း ၃၈ ကျောင်း၊ ဆေးရုံဆေးခန်းနဲ့ ကျန်းမာရေး အဆောက်အအုံ ၁၁ ခုတို့ဟာလည်း အဲဒီ ၄ လအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲမှုတွေကြောင့် ဆုံးရှုံး ပျက်စီးခဲ့ရပါတယ်။

သတင်း

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများကြောင့် စစ်ကောင်စီတပ်ဘက်မှ အနည်း ဆုံးသုံးဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရ၍ နောက်ပြန်ဆုတ်သွားကြောင်း တပ်ရင်း(၃၆၀၁) က အသိပေးသည်။