Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်တွင် စစ်ကောင်စီရိက္ခာယာဥ်တန်း တိုက်ခိုက်ခံရ

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၀ဦးသေဆုံးပြီး ၂၈ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Young Force UG အဖွဲ့က ဆိုသည်။

(စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သောပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - Young Force )
(စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သောပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - Young Force )

▪️လေကြောင်းမှ တန်ပြန်တိုက်ခိုက်၍ ပြည်သူလေးဦး သေဆုံး

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူ – ကမ္မလမ်းပိုင်း၌ စစ်ကောင်စီ၏ ရိက္ခာယာဥ်တန်းတိုက်ခိုက် ခံရ၍ လေကြောင်းမှတိုက်ခိုက်ရာ ပြည်သူ လေးဦး သေဆုံးခဲ့သည်။

ဇွန်လ ၄ ရက်က ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁)မှလာသော ချင်းပြည်နယ်၊ မင်းတပ်မြို့ဘက်သို့ ရိက္ခာပို့သည့် စစ်ကောင်စီယာဥ် ၁၃စီးနှင့် အင်အား ၁၅၀ပါ စစ်ကြောင်းကို ပခုက္ကူ-ကမ္မလမ်းပိုင်းတနေရာတွင် ဒရုန်းများဖြင့် ဗုံးသီး အလုံး ၅၀ နီးပါးချ တိုက်ခိုက်ခဲ့ကြောင်း Young Force UGအဖွဲ့က ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၀ဦးသေဆုံးပြီး ၂၈ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Young Force UG အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သောပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - Young Force )
(စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သောပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ – Young Force )

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

” သေတဲ့သူတွေကို မိုးကာနဲ့ စုထုပ်ပြီး သယ်သွားတဲ့အနေအထားရှိတယ်။ အခုတော့အဲဒီယာဥ်တန်းက ကံတော်နဲ့ညောင်ဂျစ်ပင်နားမှာရှိနေတယ်။ အီနာဂါဗုံးနဲ့ချတာတွေကြောင့် သူတို့ကားတွေပျက်စီးပြီး ပြုပြင်ဆဲအနေအထားမှာရှိတယ်။ ဆက်မထွက်နိုင်သေးဘူး။ ဒါပေမယ့် ဒီကနေ့မနက်အထိ MI-35 နဲ့ အဲဒီယာဥ်တန်းအတွက် လုံခြုံရေးပေးနေတာမျိုးရှိတယ်။”ဟု Young Force UG အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောသည်။

အထိနာသွားသည့်စစ်ကောင်စီတပ်က အနီးရှိ ကံမြင့်ကုန်းကျေးရွာကို နံနက် ၉ နာရီ ၁၅ မိနစ်နှင့် ၉ နာရီခွဲခန့်​က လေကြောင်းမှ နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ကလေးနှင့် အဘွားအိုအပါအဝင် အမျိုးသမီး လေးဦးသေဆုံးကာ ၁၆ဦး ထိခိုက်​ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

(စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သောပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - Young Force )
(စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီးနောက် ကျန်ရစ်ခဲ့သောပစ္စည်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ – Young Force )

“ပေါင် ငါးရာ​ဗုံးနဲ့ ရော့ကတ်သီးတွေ။ ရော့ကတ်သီးကတော့အတွဲလိုက်ပစ်ချခဲ့တာ။ ပေါင်ငါးရာဗုံးသီးက တစ်လုံးချတယ်။ မိသားစုနှစ်စုက မိသားစုဝင်တွေတော်တော်များများ ထိခိုက်ဒဏ်ရာရတာနဲ့သေကုန်ကြတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် နေအိမ် နှစ်လုံးထက်မနည်း ပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန်အချို့လည်း သေဆုံးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ဆင်ရေးအား ပခုက္ကူ၊ ကမ္မနှင့် မြိုင်မြို့နယ်မဟာမိတ်တပ်ဖွဲ့များနှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၂မှ Thurain-TR(Pakokku)နှင့် Young Force UG တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Young Force UG နှင့် မဟာမိတ်များသည်ဇွန်လ ၃ ရက်ကလည်း ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကန်ရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီကတော့ ဒေါ်လာစျေးတွေ၊ ရွှေစျေးတွေ မြင့်တက်အောင် နောက်ကွယ်က ကြိုးကိုင်နေသူတွေကို အရေးယူမယ်လို့ ကြေညာခဲ့ပြီး ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ရွှေဆိုင်လုပ်ငန်းရှင် တချို့ကို ဖမ်းဝရမ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်တပ်အတွက် အရင်းအမြစ်တွေ အတတ်နိုင်ဆုံး ရှာဖွေပေးဖို့ ဆိုတာကပဲ စစ်ကောင်စီရဲ့ အဓိက အကျဆုံး ပင်မရည်မှန်းချက်၊ တွန်းအားတွေ ဖြစ်နေပါတယ်။ ဒီတော့ အရင်လို အတွေးအခေါ်ဟောင်းတွေက လက်ရှိမှာလည်း အလုပ်မဖြစ်တော့ပါဘူးလို့သူ့ကဆက်​ပြောပါတယ် ။

သတင်း

မောင်တောမြို့ (၄)မိုင် သီဟိုလ်ခြံနှင့် ငွေတောင်ကျေးအနီးတွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

သတင်း

တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် နေ့ရက်ကို ဖော်ပြမထားသော်လည်း တက္ကနိုင်းစခန်းကို KIA ဒရုန်းတပ်ဖွဲ့မှ Drop Bomb ဖြင့်တိုက်ခိုက်စဉ် ဗုံးတစ်လုံးတည်းဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦး အသက်သေဆုံးခဲ့ဟု ရေးသားထားသည်။