Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကွတ်ခိုင်မြို့နယ် တက္ကနိုင်းစခန်း KIA ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ ထိခိုက်မှုများခဲ့

တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် နေ့ရက်ကို ဖော်ပြမထားသော်လည်း တက္ကနိုင်းစခန်းကို KIA ဒရုန်းတပ်ဖွဲ့မှ Drop Bomb ဖြင့်တိုက်ခိုက်စဉ် ဗုံးတစ်လုံးတည်းဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦး အသက်သေဆုံးခဲ့ဟု ရေးသားထားသည်။

(စစ်​ကောင်စီတပ်သားများ ပုန်း​အောင်​နေ​သောကတုတ်ကျင်းအတွင်း ဒရုန်းမှကျဲချ​သော ဗုံးတည့်တည့်ကျ​ရောက်စဥ်။ ဓါတ်ပုံ- 7 Stars News)
(စစ်​ကောင်စီတပ်သားများ ပုန်း​အောင်​နေ​သောကတုတ်ကျင်းအတွင်း ဒရုန်းမှကျဲချ​သော ဗုံးတည့်တည့်ကျ​ရောက်စဥ်။ ဓါတ်ပုံ- 7 Stars News)

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသရှိ စစ်ကောင်စီ၏ တက္ကနိုင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့များ သေဆုံးထိခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်ခဲ့သည့် ရုပ်သံကို KIA စစ်သတင်းများ အဓိက ဖော်ပြလေ့ရှိသည့် 7Stars Newsက ယနေ့(ဇွန်လ ၅ရက်) ဖော်ပြခဲ့သည်။

တိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် နေ့ရက်ကို ဖော်ပြမထားသော်လည်း တက္ကနိုင်းစခန်းကို KIA ဒရုန်းတပ်ဖွဲ့မှ Drop Bomb ဖြင့်တိုက်ခိုက်စဉ် ဗုံးတစ်လုံးတည်းဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ဦး အသက်သေဆုံးခဲ့ဟု ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ရုပ်သံတွင်လည်း တပ်စခန်းပတ်လည်ရှိ ကတုတ်ကျင်းအတွင်း စုဝေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာသို့ ဒရုန်းဗုံးသီးကျေရောက်ရာ ထိခိုက်သူများ၊ ထွက်ပြေးသူများ၊ ဗုံးသီးကျရာနေရာသို့ လာရောက်သူအချို့ကို လည်း တွေ့ရသည်။

KIAသည် ၂၀၂၃ နိုဝင်ဘာလတွင် တက္ကနိုင်း စစ်ကောင်စီစခန်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ နိုဝင်ဘာ ၂၃ရက်က ဆင်နွှဲခဲ့သည့် တက္ကနိုင်း စစ်ကောင်စီစခန်း သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂၀ကျော်သေဆုံးကာ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့သည်ဟု ထိုစဉ်က စစ်ရေးသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

တအာင်း(TNLA)၊ ကိုးကန့်(MNDAA)၊ ရက္ခိုင့်(AA) ညီနောင်မဟာမိတ် ၃ဖွဲ့က ရှမ်းမြောက်ဒေသ၌ ၁၀၂၇ စစ်ဆင်ရေး မဖော်ဆောင်ခင်ကတည်းက KIAသည် ကချင်ပြည်နယ် နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို စခန်းသိမ်းတိုက်ခိုက်မှုများ စတင်ဖော်ဆောင်ခဲ့ရာ အောက်တိုဘာ ၁၉ရက်တွင် ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးဒေသ ဝိန်းလားတောင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် နမ္မတူမြို့နယ် ခမရ(၃၂၄) အထိုင်စခန်း၊ ကွတ်ခိုင်မြို့နယ်တာမိုးညဲဒေသ တက္ကနိုင်း စစ်ကောင်စီစခန်း၊ ကွတ်ခိုင်မြို့နယ် မုံးယားဒေသ နမ့်ဖားရွာ အခြေစိုက် ခမရ(၅၆၇) တပ်စခန်း တို့ကိုလည်း KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ယခုတက္ကနိုင်းစခန်းသည် ကွတ်ခိုင် နမ့်ဖက်ကာအခြေစိုက်ခလရ(၁၂၃) တပ်ရင်း လက်အောက်ခံ စခန်းဖြစ်သည်။ KIAသည် တက္ကနိုင်းစခန်းအပြင် နမ့်ဖက်ကာ ခလရ(၁၂၃) တပ်ရင်းကိုပါ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က စစ်ကောင်စီက လေကြောင်းပစ်ကူ အပြင်းအထန် ခုခံကာကွယ်ခဲ့သော်လည်း ၂၀၂၄ ဇန်နဝါရီ လလယ်တွင် နမ့်ဖက်ကာ ၁၂၃ တပ်ရင်းကို KIAက သိမ်းယူနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတိုက်လေယာဉ် တစ်စီးကို ပစ်ချခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၀ဦးသေဆုံးပြီး ၂၈ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Young Force UG အဖွဲ့က ဆိုသည်။

သတင်း

ဇွန်လ ၃ရက်ညက ဒေါနတောင်ပေါ် တောနောရေတံခွန်အကျော်ရှိ ဘုရားကုန်းဝန်းကျင်တွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းရှိရာကို KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများကြောင့် စစ်ကောင်စီတပ်ဘက်မှ အနည်း ဆုံးသုံးဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရ၍ နောက်ပြန်ဆုတ်သွားကြောင်း တပ်ရင်း(၃၆၀၁) က အသိပေးသည်။

သတင်း

NMSP၏ မေလ ၃၁ရက်ထုတ်ပြန်ချက်အပေါ် မှတ်ချက်ပေးရန် မရှိကြောင်း NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောသည်။