Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီဟာ နိုင်ငံစီးပွား​ရေးနဲ့ နိုင်ငံသား​တွေထိခိုက်နစ်နာမှုကိုမငဲ့ကွက်ပဲ ၎င်းတို့ရပ်တည်နိုင်​​ရေး အရာရာချနင်းစ​တေးဖို့ အဆင်သင့်ဖြစ်​နေတယ်လို့ ပါ​မောက္ခ​ရှောင်တာနဲလ်​ပြော

စစ်တပ်အတွက် အရင်းအမြစ်တွေ အတတ်နိုင်ဆုံး ရှာဖွေပေးဖို့ ဆိုတာကပဲ စစ်ကောင်စီရဲ့ အဓိက အကျဆုံး ပင်မရည်မှန်းချက်၊ တွန်းအားတွေ ဖြစ်နေပါတယ်။ ဒီတော့ အရင်လို အတွေးအခေါ်ဟောင်းတွေက လက်ရှိမှာလည်း အလုပ်မဖြစ်တော့ပါဘူးလို့သူ့ကဆက်​ပြောပါတယ် ။

(ပါ​မောက္ခရှောင်တာနဲလ်က ဇွန်လ ၃ ရက်မှာပြုလုပ်ခဲ့တဲ့ 'တိုင်းပြည်စီးပွား​ရေးပျက်ကပ်မှသည် စစ်အာဏာရှင်စနစ်ကျဆုံးခန်းဆီသို့ "သတင်းစာရှင်းလင်းပွဲမှာ​ရှင်းလင်း​ပြောကြား​နေစဥ်)
(ပါ​မောက္ခရှောင်တာနဲလ်က ဇွန်လ ၃ ရက်မှာပြုလုပ်ခဲ့တဲ့ 'တိုင်းပြည်စီးပွား​ရေးပျက်ကပ်မှသည် စစ်အာဏာရှင်စနစ်ကျဆုံးခန်းဆီသို့ "သတင်းစာရှင်းလင်းပွဲမှာ​ရှင်းလင်း​ပြောကြား​နေစဥ်)

▪︎ကျပ်​ငွေတန်ဖိုးဟာ စစ်တပ်အာဏာမသိမ်းခင်နဲ့ယှဥ်ရင် ၂၅ ရာခိုင်နှုန်းပဲကျန်​

▪︎အမေရိကန် ဒေါ်လာနဲ့ တန်ဖိုးတွက်ချက်မယ်ဆိုရင်မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေး အဝန်းအပိုင်း ပမာဏဟာ စစ်တပ်အာဏာမသိမ်းခင် တုန်းကရဲ့ လေးပုံတစ်ပုံစာထက်တောင် လျော့နည်းသွားပါပြီ

နေ့သစ်/People’s Spring

စစ်​​ကောင်စီဟာ သူတို့ အာဏာဆုပ်ကိုင်ရပ်တည်နိုင်​ရေးအတွက် နိုင်ငံသားနဲ့နိုင်ငံ့စီးပွား​ရေးအ​ပေါ် ထိခိုက်နစ်နာမှု​တွေကိုထည့်မတွက်ပဲ အရာရာကို ချစတေးဖို့ အသင့်ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ၊ကြားကာလဗဟိုဘဏ် ၊အထူးအကြံ​ပေး ​ရှောင်တာနဲလ်က​ပြောကြားလိုက်ပါတယ် ။

“စစ်ကောင်စီဟာ အရာရာကို ချစတေးဖို့ အသင့်ဖြစ်နေပါပြီ။ နိုင်ငံ စီးပွားရေး၊ နိုင်ငံကောင်းကျိုး၊ နိုင်ငံသားတွေရဲ့ လူနေမှု အဆင့်အတန်းတွေ ဘယ်လောက် ထိခိုက်ရပါစေ အဲဒီလမ်းအတိုင်း ဆက်လျှောက်နေပါလိမ့်မယ်”လို့ ပါ​မောက္ခရှောင်တာနဲလ်က ဇွန်လ ၃ ရက်မှာပြုလုပ်ခဲ့တဲ့ ‘တိုင်းပြည်စီးပွား​ရေးပျက်ကပ်မှသည် စစ်အာဏာရှင်စနစ်ကျဆုံးခန်းဆီသို့ “သတင်းစာရှင်းလင်းပွဲမှာ​ပြောကြားခဲ့တာပါ ။

စီးပွားရေး ပြဿနာ အားလုံးမှာ စစ်ကောင်စီက စစ်ရေးကဏ္ဍကို စီးပွားရေး ဖွံ့ဖြိုးမှုထက် ဦးစားပေးထားခြင်းက အဓိက အကျဆုံး အခြေခံ အကြောင်းတရား ဖြစ်နေရုံသာ မကဘဲ တခြားသော ဆုတ်ယုတ်မှု အမျိုးမျိုးကိုပါ တွန်းအားပေးနေတယ်လို့ ​ရှောင်က​ပြောပါတယ် ။ ဒါ​ကြောင့် ၂၀၁၀ ပြည့်နှစ်တွေတုန်းကလိုမျိုး မြန်မာနိုင်ငံရဲ့ စီးပွားရေး မူဝါဒ ချမှတ်မှုတွေဟာ အသွင်ကူးပြောင်းရေး လမ်းကြောင်းဆီ လိုက်နေတာမျိုး မဟုတ်တော့ပါဘူး။ အဲဒီအစား အခြေအနေတွေက စစ်ပွဲကို ဗဟိုပြုတဲ့ စီးပွားရေး စနစ်အဖြစ် ပြောင်းလဲလာနေပါတယ်။ မူဝါဒတွေရဲ့ ရည်ရွယ်ချက်တိုင်းက စစ်တပ်အတွက် အရင်းအမြစ်တွေ အတတ်နိုင်ဆုံး ရှာဖွေပေးဖို့ ဆိုတာမျိုးဖြစ်​နေတယ်လို့သူက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အတွက် အရင်းအမြစ်တွေ အတတ်နိုင်ဆုံး ရှာဖွေပေးဖို့ ဆိုတာကပဲ စစ်ကောင်စီရဲ့ အဓိက အကျဆုံး ပင်မရည်မှန်းချက်၊ တွန်းအားတွေ ဖြစ်နေပါတယ်။ ဒီတော့ အရင်လို အတွေးအခေါ်ဟောင်းတွေက လက်ရှိမှာလည်း အလုပ်မဖြစ်တော့ပါဘူးလို့သူ့ကဆက်​ပြောပါတယ် ။

စစ်ကောင်စီဟာမြန်မာနိုင်ငံ ကြုံတွေ့နေတဲ့ အရေးကြီးလှတဲ့ စီးပွားရေး ပြဿနာ မှန်သမျှကို အရေးမစိုက်ပါဘူး။ အဓိပ္ပါယ်ရှိတဲ့ တိုးတက်မှု အလားအလာတွေ ဆိုတာလည်း ဘာမှ မရှိ​တော့ပါဘူးလို့လည်း ​ရှောင်တာနဲလ်ကပြောပါတယ် ။

ဒါအပြင် ကျပ်​ငွေတန်ဖိုးဟာ ​မေလကုန်ပိုင်းမှာ ၁ ​ဒေါ်လာ ကျပ် ၅၀၀၀ ​လောက်အထိ ဖြစ်ခဲ့ပြီး​တော့ အာဏာမသိမ်းခင် အချိန်တုန်းက ငွေလဲနှုန်းနဲ့ ယှဉ်ရင် အခုအခါ ကျပ်ငွေရဲ့ တန်ဖိုးက ၂၅ ရာခိုင်နှုန်းလောက်ပဲ ရှိပါတော့တယ်။ စီးပွားရေး စီမံခန့်ခွဲမှု အလွဲအမှားတွေက လူထုရဲ့ ချမ်းသာကြွယ်ဝမှုကို အံ့ဩစရာ အတိုင်းအတာမျိုးနဲ့ တိုက်စား ဖျက်ဆီးပစ်လိုက်ပါတယ်။ နောက်ပြီး အမေရိကန် ဒေါ်လာနဲ့ တန်ဖိုးတွက်ချက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေး အဝန်းအပိုင်း ပမာဏဟာ စစ်တပ်အာဏာမသိမ်းခင် တုန်းကရဲ့ လေးပုံတစ်ပုံစာထက်တောင် လျော့နည်းသွားပါပြီလို့ ပါ​မောက္ခ​ရှောင်တာနဲလ်က​ပြောပါတယ် ။

စစ်​ကောင်စီက စစ်အသုံးစာရိတ်အများအပြားတိုးမြှင့် သုံးစွဲတာ ၊ စီးပွား​ရေးကျဆင်းမှု ​ကြောင့် လိုအပ်တဲ့ ဘက်ဂျက်​တွေကို​ ကျပ်​ငွေစက္ကူအများအပြားရိုက်​နှက်တဲ့နည်းလမ်း​တွေနဲ့​ဖြေရှင်းခဲ့တယ်လို့လည်းသူက​ပြောပါတယ် ။

စစ်​ကောင်စီရဲ့ စီးပွားရေး စီမံခန့်ခွဲမှု အလွဲအမှားတွေ​ကြောင့်မြန်မာဟာ အရှေ့တောင်အာရှ ဒေသတစ်ခုလုံးမှာ ကပ်ရောဂါကြောင့် စီးပွားရေးအရရုန်းကန်ရဆဲအဆင့်မျိုးဖြတ်သန်းနေရဆဲ တစ်ခုတည်းသော နိုင်ငံလို ပုံစံမျိုးနဲ့ ကျန်နေခဲ့တယ်လို့လည်း ​ရှောင်တာနဲလ်က​ပြောပါတယ် ။

စစ်​ကောင်စီဟာ အာဏာသိမ်းပြီး​နောက်ပိုင်း ဘက်ဂျက်လို​ငွေကို ​ငွေစက္ကူအများအပြားရိုက်နှက်​ဖြေရှင်းခဲ့တာ​ကြောင့် ၂၀၂၄ ​မေလအထိ ၃ နှစ်​ကျော်အတွင်းမှာ ကျပ်​ငွေ ဘီလီယံ​ပေါင်း ၃၀၀၀၀ (၃၀ ထရီလီယံ)ခန့် ရှိခဲ့သလို ၊ နိုင်ငံခြား အရန်​ငွေဟာလည်း အရပ်သားအစိုးရလက်ထက်တွင် ၆ ဒသမ ၈ ဘီလီယံရှိရာမှ စစ်​ကောင်စီလက်ထက်တွင် ၃ ဘီလီယံ ​​ကျော်​လျော့နည်းသွားပြီး ၃ ဘီလီယံ​​ကျော်သာ ကျန်ရှိ​တော့တယ်လို့ NUG စီမံကိန်း ၊ဘဏ္ဍာ​ရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က​လည်း အထက်ပါ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ် ။

ပါမောက္ခရှောင်တာနဲလ်ဟာလက်ရှိ NUG ကြားကာလဗဟိုဘဏ်အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်သလို ​​ရွေး​ကောက်ခံအရပ်သား အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းစတွင် စစ်ကောင်စီက ရှောင်တာနဲလ်ကို ဖမ်းဆီးအမှုဆင်ထောင်ချခဲ့ပြီး ရှောင်သည် အင်းစိန်အကျဥ်းထောင်နဲ့ နေပြည်တော်အချုပ်ထောင်အတွင်း ရက်ပေါင်း ၆၅၀ ကြာ​နေထိုင် ဖြတ်သန်းခဲ့ရပါတယ် ။

မြန်မာ့စီးပွားရေးသည် ပါမောက္ခရှောင်တာနဲလ်အတွက် နှစ်ပေါင်း ၃၀ နီးပါး စွဲလမ်းမှုဝါသနာဖြစ်ခဲ့ပြီး မြန်မာ့စီးပွားရေး လမ်းကြောင်းမှန်ပေါ် ရောက်ရှိရေး မဖြစ်မနေ ဖြစ်လာရမည်ဟု ရှောင်က ရည်မှန်းခဲ့ကြောင်း ၎င်း၏ ‘An Unlikely Prisoner’ စာအုပ်မှာ ထည့်သွင်းရေးသားခဲ့ပါတယ် ။အဆိုပါ စာအုပ်မှာ အာဏာသိမ်းစစ်အုပ်စုက ရှောင်ကိုဘာကြောင့်ဖမ်းဆီးရသည် အမှုဆင်ပုံ ၊ အကျဥ်းထောင်များအတွင်း ရက်ပေါင်း ၆၅၀ ကြာ အဓမ္မချုပ်နှောင်ထားပုံတို့ကို ရေးသားထားပါတယ်။

စစ်တပ်သည် NLD အစိုးရလက်ထက် တလျှောက်လုံး ပြုပြင်ပြောင်းလဲရေးလုပ်ငန်း​တွေကို အမြဲလိုလိုဟန့်တားခဲ့ပြီး အထူးသဖြင့် စီးပွားရေးပွင့်လင်းလာမည်ကို မလိုလားခဲ့ကြောင်း ၊စစ်တပ်ရဲ့ ဦးပိုင် နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လုပ်ငန်းနှစ်ခုက မြန်မာပြည်၏ စီးပွားရေးလုပ်ငန်း​တွေကို လက်ဝါကြီးအုပ်ထားတယ်လို့ ရှောင်က အထက်ပါစာအုပ်မှာ ရေးသားထားပါတယ် ။“ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ခရိုနီတွေနဲ့ စစ်တပ်က ပူးပေါင်းဆန့်ကျင်ကြတယ်”လို့ ရှောင်က​ရေးသားထားပါတယ် ။

NLD အစိုးရလက်ထက်မှာ ရှောင်ဟာ မြန်မာ့ငွေကြေးစနစ်နဲ့ ဘဏ္ဍာရေးစနစ်များ ကောင်းမွန်စေဖို့ အဓိကကူညီဆောင်ရွက်ပေးခဲ့ပြီး​တော့ ၂၀၂၁ အာဏာမသိမ်းမီအထိ မြန်မာနိုင်ငံ၏အနာဂတ်အတွက် အကောင်းဘက်မှ များစွာမျှော်လင့်ခဲ့ကြောင်းလည်း ရှောင်က ‘An Unlikely Prisoner’ စာအုပ်၌ ရေးသားထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီကတော့ ဒေါ်လာစျေးတွေ၊ ရွှေစျေးတွေ မြင့်တက်အောင် နောက်ကွယ်က ကြိုးကိုင်နေသူတွေကို အရေးယူမယ်လို့ ကြေညာခဲ့ပြီး ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ရွှေဆိုင်လုပ်ငန်းရှင် တချို့ကို ဖမ်းဝရမ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

မောင်တောမြို့ (၄)မိုင် သီဟိုလ်ခြံနှင့် ငွေတောင်ကျေးအနီးတွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၀ဦးသေဆုံးပြီး ၂၈ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Young Force UG အဖွဲ့က ဆိုသည်။

သတင်း

ဇွန်လ ၄ ရက် နံနက် ၁၀ နာရီခန့်က ဝိုင်းရွာရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားငါးဦးကို စခန်းမှအထွက် လမ်းကျဥ်းတစ်ခု၌ TNT အမျိုးအစားပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။