Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောင်းသားများ စိတ်တိုင်းကျကျောင်းရွေးချယ် ခွင့်နှင့် ကျောင်းများအားလုံး စစ်ဘေးကင်းနိုင်စေရေး KIOခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွန်မော် ဆန္ဒပြု

KIO ကျောင်းများ စတင်ဖွင့်လှစ်ချိန်မှ ယခု ၂၀၂၄-၂၅ ပညာရေးနှစ်အထိ ပညာရေးကဏ္ဍနှင့် သက်ဆိုင်သည့် အချက်အလက်များကိုလည်း ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က အသိပေးထားသည်။

(ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU) ၏ ဒုတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနား၌ ဒုတိယဗိုလ်ချုပ််ကြီး ဂွန်မော်တက်​ရောက်မိန့်ခွန်း​ပြော၊ဘွဲ့ဒီဂရီချီး​မြှင့်​ပေးစဥ်နှင့် အခမ်းအနားကျင်းပစဥ်။ ဓာတ်ပုံ-KSCU)
(ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU) ၏ ဒုတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းအနား၌ ဒုတိယဗိုလ်ချုပ််ကြီး ဂွန်မော်တက်​ရောက်မိန့်ခွန်း​ပြော၊ဘွဲ့ဒီဂရီချီး​မြှင့်​ပေးစဥ်နှင့် အခမ်းအနားကျင်းပစဥ်။ ဓာတ်ပုံ-KSCU)

▪️ယခုပညာသင်နှစ်တွင် KIOဌာနက ကျောင်း ၂၃၀ကျော်တိုးချဲ့ဖွင့်မည်

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က ကျောင်းဖွင့်ချိန်တွင် ပညာရေးနှင့်ဆိုင်သည့် အချက်အလက်များကို လူမှုကွန်ရက်တွင် ဖော်ပြခဲ့ပြီး ကျောင်းများအားလုံး စစ်ဘေးဒဏ် ကင်းလွတ်နိုင်ရေးအပါအဝင် ၎င်း ဖြစ်စေလိုသည့် ပညာရေးကဏ္ဍနှင့်ဆိုင်သည့် ဆုတောင်းချက် အချက် ၂ချက်ကို ရေးသား အသိပေးခဲ့သည်။

” နေရာ အသီးသီးမှ ကျောင်းသားများ မိမိတို့ စိတ်တိုင်းကြ ကျောင်းရွေးချယ်ခွင့် ရှိကြပါစေ။ ကျောင်းမားအားလုံး(အားလုံး) စစ်ဘေးဒဏ်မှ ကင်းလွတ်နိုင်ကြပါစေ”ဟု ဗိုလ်ချုပ်ဂွန်မော်က ဆုတောင်းချက် ၂ရပ်ကို ဖော်ပြသည်။

” ဆုတောင်းချက် ၂ ရပ် ကပညာသင်မဲ့ သားငယ် သမီးငယ်များအားလုံး၊ ကျောင်းသားမိဘတွေအားလုံး၊ ပြည်သူတွေနဲ့ တိုင်းပြည် အနာဂတ်အတွက် အင်မတန်မှ တန်ဖိုးကြီးလှတဲ့၊ အဖိုးထိုက်တန်တဲ့ဆုတောင်းချက်ကြီးကိုရင်ထဲ နှလုံးထဲထိရှ မျက်ရည်ကျတဲ့ထိပီတိဖြစ်မိပါတယ်ဗိုလ်ချုပ်ခင်ဗျာ။တောင်းဆုကြီး ပြည့်ဝစေသား “ဟု Facebook အသုံးပြုသူတစ်ဦးက ဒုဗိုလ်ချုပ်ကြီးဂွန်မော်၏ ရေးသားချက်အောက် တွင် မှတ်ချက်ပေးထားသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ရဲဘော်ဆန်နီကလည်း “တိုင်းပြည်ရဲ့ အခြေခံအကျဆုံးအပြောင်းအလဲသည် ပညာရေး လို့ခံယူထားပါတယ်။ ဆုတောင်းချက်များ အမြန်ဆုံး ပြည့်ဝအောင် ကြိုပမ်းဆောင်ရွက်နိုင်ပါစေ” ဟု ဝင်ရောက်မှတ်ချက်ရေးသားထားသည်။

KIO ကျောင်းများ စတင်ဖွင့်လှစ်ချိန်မှ ယခု ၂၀၂၄-၂၅ ပညာရေးနှစ်အထိ ပညာရေးကဏ္ဍနှင့် သက်ဆိုင်သည့် အချက်အလက်များကိုလည်း ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က အသိပေးထားသည်။

၁၉၆၇ တွင် KIO ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ပြီး KIO ပညာရေးဌာနကို ၁၉၇၈ တွင် ဖွဲ့စည်းနိုင်ခဲ့သည်ဟု ဆိုသည်။၁၉၆၇ မေလ ၂၅ရက် ထုတ်ပြန်သည့် စည်းမျဉ်းတွင် ကျောင်းဝင်း နှင့် ကျောင်းအတွင်း KIO၏ အစည်းအဝေးများ အပါအဝင် ပညာရေးနှင့် မသက်ဆိုင်သော အစည်းအဝေးများ ပြုလုပ်လိုပါက ကျောင်းအုပ် ၏ ခွင့်ပြုချက်ရရှိမှသာ ပြုလုပ်ရမည်ဖြစ်ပြီး စာသင်ချိန်အတွင်း မပြုလုပ်ရန် ပါရှိသည်ဟုဆိုသည်။

၁၉၉၄မှ ၂၀၁၁ ခုနှစ်အတွင်းအပစ်ရပ်စဲရေး ကာလ၌ ၁၀တန်းစာမေးပွဲကို မြစ်ကြီးနား၌ ဖြေကြရသော်လည်း ၂၀၁၁ တကျော့ပြန် စစ်ပွဲ မှစ၍ မြစ်ကြီးနားသို့ စာဖြေခွင့် ပြီးဆုံးခဲ့ရသည်ဟု အသိပေးသည်။

KIO ပညာရေးဌာနအနေဖြင့် အခြေခံ ပညာရေးသာမက အဆင့်မြင့် ပညာရေးကိုပါ တိုးချဲ့ဖွင့်လှစ်ရန်လိုအပ်လာကြောင်း၊ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် ကျောင်း၂၁၅ ကျောင်းရှိခဲ့ပြီး ဆရာဆရာမ ၂၀၀ နီးပါး၊ ပညာရေးဝန်ထမ်း ၄၀၀ ကျော် ရှိကြောင်း၊ ၂၀၂၄ -၂၅ ပညာသင်နှစ်တွင် ကျောင်း ၂၃၃ ကျောင်း တိုးချဲ့ ဖွင့်လှစ်ရမည်ဖြစ်၍ စုစုပေါင်း ကျောင်း ၄၄၈ ကျောင်းရှိလာတော့မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွန်မော်က ရေးသားဖော်ပြခဲ့သည်။

KIOအနေဖြင့် ၂၀၂၃ အောက်တိုဘာ ၁၈ရက်မှစ၍ ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းအများအပြားကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ နေရာဒေသ အများအပြား သိမ်းပိုက်ရှိထားသည်။ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသ၊ ကချင်ပြည်နယ် ဝိုင်းမော်၊ မံစီ၊ မိုးမောက်၊ လိုင်ဇာအနီးဒေသများ၊ ဖားကန့်၊ ဆွမ်ပရာဘွမ် စသည့် နေရာများမှ စစ်ကောင်စီတပ်စခန်းများစွာ တို့ကို သိမ်းပိုက်ထားနိုင်ခဲ့ခြင်းဖြစ်ရာ ယင်းဒေသများ၌ KIO ပညာရေးဌာနက ကျောင်းများ တိုးချဲ့ဖွင့်လှစ်ရန် အခြေအနေဖြစ်ပေါ်လာခြင်းဖြစ်သည်။

အဆင့်မြင့်ပညာရေးနှင့်ပတ်သက်ပြီး ကောလိပ်၊ ကျောင်းများ ဖွင့်လှစ်ထားနိုင်မှုကိုလည်း KIO ခေါင်းဆောင်က အသိပေးခဲ့သည်။ ယင်းတို့မှာ ဆရာအတက်သင်ကောလိပ်(မိုင်ဂျာယန်)၊ မိုင်ဂျာယန်ကောလိပ်၊ အုပ်ချုပ်ရေးအရာရှိ သင်တန်းကျောင်း၊ စိုက်ပျိုးမွေးမြူရေး ဒီပလိုမာကျောင်း၊ သူနာပြု သင်တန်းကျောင်း၊ ဗိုလ်သင်တန်းကျောင်း၊ ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ်(KSCU)၊ Faderal Law Academy၊ Institute of Liberal Arts and Sciences (Mai Ja Yang) တို့ ဖြစ်သည်ဟု ဖော်ပြထားသည်။ KSCU၊ Federal Law Academy၊ Institute of Liberal Arts and Sciences (Mai Ja Yang) တို့သည် KIO ပညာရေးဌာနက ဖွင့်လှစ်ထားခြင်းမဟုတ်ဟု ဆိုသည်။

KIO အုပ်ချုပ်မှု ဒေသများ၌ ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်ကို ၂၀၁၀ ခု ဇွန်လက တရားဝင် ရုံးအမိန့် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ မိခင်ဘာသာစကား၊ စာပေနှင့် အစပြု သင်ကြားမည့် စနစ် ထည့်သွင်း ပြဌာန်းထားသည့်အပြင် ကချင် မဟုတ်သော အခြား တိုင်းရင်းသားလူမျိုးများ၊ ဘာသာရေး အသင်းအဖွဲ့များ နှင့် ပုဂ္ဂလိက ကျောင်းများ ဖွင့်ခွင့်ပေးထားကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

လွယ်ဂျယ်က ရရှိခဲ့သည့် ငွေများနှင့်ပတ်သက်ပြီး မည်သို့ စီမံသည်ဆိုသည်ကို ဗိုလ်ချုပ်ကြီး ဂွန်မော်က KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ်(၆၄)၌ ပြဌာန်းထားသည့် အချက်များကို ၎င်း၏ Facebookမှ တဆင့် ရှင်းပြခဲ့သည်။

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

KIO အနေဖြင့် KPICTမှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်သွယ်ပြီး နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးညှိနှိုင်းလုပ်ဆောင်လျက်ရှိသည်။