Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီနှင့် PNLA တိုက်ပွဲ ၁၂၀ကျော်ဖြစ်

ဒရုန်းများကို ပိုမိုအသုံးပြုနိုင်လေ စစ်ဆင်ရေးအောင်မြင်စေရန် ပိုမိုအထောက်အကူပြုနိုင်လေဖြစ်ပြီး ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှုကိုလည်း လျော့ချနိုင်လေဖြစ်သည်ဟု အသိပေးသည်။

(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)

▪️တိုက်ပွဲ ၅လနီးပါးအတွင်း စစ်ကောင်စီဘက်က ၄၀၀ထက်မနည်းသေဆုံးကာ ဗိုလ်မှူးအပါအဝင် သုံ့ပန်း ၂၀ဦးခန့် ဖမ်းမိထားဟု PNLA အသိပေး

ဟန်နွေ/People’s Spring

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က စစ်ကောင်စီကို စတင်တိုက်ခိုက်ခဲ့သည့် ယခုနှစ် ဇန်နဝါရီ ၂၁ ရက်မှ ယနေ့(ဇွန် ၁၇ရက်)အထိ ၅လနီးပါးအတွင်း တိုက်ပွဲ ၁၂၆ကြိမ် ဖြစ်ပွားခဲ့ကြောင်း PNLAက ထုတ်ပြန်သည်။

PNLA တပ်ဖွဲ့အတွက် ဒရုန်းများ တပ်ဆင်နိုင်ရေးအတွက် လုပ်ဆောင်နေသည့် ဝေဟင်ကိုထိန်း မြေပြင်သိမ်း ဒရုန်းကမ်ပိန်း တွင် ပြည်သူများ ပါဝင်နိုင်ရေး လှုံ့ဆော်ရာ၌ PNLAက စစ်ကောင်စီကို တိုက်ခိုက်ခဲ့မှု စစ်ရေး အခြေအနေကို အသိပေးထားခြင်းဖြစ်သည်။

တိုက်ပွဲစတင်ချိန်မှ ယနေ့အထိ စစ်ကောင်စီဘက်မှ ၄၀၀ထက်မနည်းသေဆုံးခဲ့သည့်အပြင် ဗိုလ်မှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦး နီးပါးကို ဖမ်းဆီးရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း PNLA ဘက်က ထိခိုက်ကျဆုံးမှု အခြေအနေကို ဖော်ပြမထားပေ။ ဆီတိုင်တိုက်ပွဲတွင် စစ်ကောင်စီနှင့်အတူ ပြည်သူ့စစ်အဖွဲ့ PNOက စစ်ရေးပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)သည် စစ်ကောင်စီ အာဏာသိမ်းသည့် အချိန်မှ စပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်တိုက်ဖျက်နေသည့် နွေဦးတော်လှန်ရေးတွင် တိုက်ရိုက်သော်လည်းကောင်း ၊ သွယ်ဝိုက် သော်လည်းကောင်း စဉ်ဆက်မပြတ် ပါဝင်နေသည့် တော်လှန်ရေးအဖွဲ့ဖြစ်ကြောင်း ထပ်လောင်း အသိပေးသည်။

အာဏာသိမ်းပြီးစချိန်တွင် နယ်မြေသို့ ရောက်ရှိလာသည့် လူငယ်၊ လူရွယ်များအား စစ်ပညာအကူအညီသော်လည်းကောင်း စစ်ရေးအကူအညီသော်လည်းကောင်း ကူညီမှုပေးခဲ့သည့်အပြင် PNLA နယ်မြေမှ တဆင့် သွားရောက်လိုသည့် နေရာများသို့လည်း ချိတ်ဆက်ပို့ဆောင် ကူညီမှုပေးခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ကရင်နီအပါအဝင်တော်လှန်ရေးအဖွဲ့အစည်းအသီးသီးနှင့်လည်းချိတ်ဆက်ကာ တော်လှန်ရေး လုပ်ငန်းစဉ်များကို ကူညီပေးခဲ့ကြောင်း၊ ပအိုဝ်းဒေသတွင်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများကိုလည်း PNLA အဖွဲ့မှ ခိုင်ခိုင်မာမာ ရပ်တည်လက်ခံကာကွယ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုသို့ တော်လှန်ရေးလုပ်ငန်းစဉ်များအသီးသီးတွင် ပါဝင်ဆောင်ရွက်နေစဉ်ယ ခုနှစ် ဇန်နဝါရီ ၂၁ရက်တွင် စစ်ကောင်စီနှင့် တိုက်ပွဲစတင်ခဲ့ရာ ယင်းဇန်နဝါရီ လကုန်ပိုင်း၌ PNLAနှင့် မဟာမိတ် များက ဆီဆိုင်မြို့ကို ဝင်ရောက်သိမ်းပိုက်ခဲ့သည်။

ထိုသို့ စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်များသည် လက်နက်ကြီးများ ဒရုန်းများ လေယာဉ်များကို အဆမတန် အသုံးပြုကာ အရပ်ဘက်ပစ်မှတ်များ မြို့ရွာများကို အဆင်အခြင်မဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဆီဆိုင်မြို့တမြို့လုံးနီးပါးပျက်ဆီးခဲ့ရကြောင်း၊ စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ပအိုဝ်းဒေသအတွင်းရှိ ပြည်သူများ ၊ ကရင်နီပြည်နယ်မှ ပအိုဝ်းဒေသသို့ စစ်ဘေးရှောင်လာရသည့်ပြည်သူများ စုစုပေါင်း ပြည်သူ ၁သိန်းကျော် တိမ်းရှောင်ခဲ့ရကြောင်း အသိပေးထားသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ပြည်သူ ၆၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဘာသာရေး အဆောက်အအုံ ၂၀ကျော် အပါအဝင်နေအိမ် ၆၀၀ ကျော်ကို ဖျက်ဆီးခဲ့ဟု PNLAက ထုတ်ပြန်သည်။

ပအိုဝ်းဒေသကို အဆင်အခြင်မဲ့တိုက်ခိုက်ဖျက်ဆီးနေသည့် စစ်ကောင်စီ၏ အန္တရာယ်ကို လက်ရှိအချိန်တွင် PNLAမှ ခုခံ‌‌တော်လှန်လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်လျက်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

တိုက်ပွဲကာလ အချိန်ကြာလာသည်နှင့်အမျှ လိုအပ်ချက်လည်း များပြားလာသည်ဖြစ်ရာ လက်ရှိအချိန်တွင် ဒရုန်းတပ်ဖွဲ့အား အင်အားဖြည့်တင်းနိုင်ရန် ဝေဟင်ကိုထိန်း မြေပြင်သိမ်း ဒရုန်းကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ခေတ်သစ် စစ်မြေပြင်တွင် ဒရုန်းသည် မရှိမဖြစ် လိုအပ်လာသဖြင့် ယခုကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း PNLAက ထုတ်ပြန်သည်။

ဒရုန်းများကို ပိုမိုအသုံးပြုနိုင်လေ စစ်ဆင်ရေးအောင်မြင်စေရန် ပိုမိုအထောက်အကူပြုနိုင်လေဖြစ်ပြီး ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှုကိုလည်း လျော့ချနိုင်လေဖြစ်သည်ဟု အသိပေးသည်။

ပအိုဝ်းဒေသသည် နွေဦးတော်လှန်ရေးအောင်မြင် ရေးအတွက် မြောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် တောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့များ စုစည်းချိတ်ဆက်မိရန် အချက်အချာကျ မဟာဗျူဟာမြောက်သည့် လမ်းကြောင်းပေါ်တွင် တည်ရှိနေသည်ဟုလည်း ဖော်ပြထားသည်။

ထို့ကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မှ ပြုလုပ်နေသည့် ဝေဟင်ကိုထိန်း မြေပြင်သိမ်းဆိုသည့် ဒရုန်းကမ်ပိန်းကို လိုအပ်ချက်ပမာဏအပြည့် ဖြည့်ပေးကြပါရန် အလေးအနက်တိုက်တွန်းကြောင်း ထုတ်ပြန်သည်။

မဲလက်မှတ်နှုန်းထားများနှင့် နိုင်ငံအလိုက် ဆက်သွယ်ဝယ်ယူနိုင်သည့် Fundraser Team များ၏ Link များကို လည်း PNLA၏ Facebook စာမျက်နှာ၌ အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်တွင် မည်သည့်ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အကာအကွယ်ပေးမည်မူဝါဒ AA၌ အခိုင်အမာရှိကြောင်း ခိုင်သုခကဖြေကြားထားသည်။

သတင်း

တွန်းဇံမြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက မေလ ၁၇ရက်တွင် ဖော်ဆောင်ခဲ့ရာ တစ်ပတ်အတွင်း မြို့ကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးခန့် အရှင်ဖမ်းမိကာ လက်နက် ၁၀၀ ကျော်သိမ်းပိုက်ရရှိခဲ့သည်။

သတင်း

စစ်​ကောင်စီဝါဒဖြန့် တယ်လီဟရန်ချန်နယ်များကမူ စစ်တပ်စစ်​ကြောင်းသည် လွိုင်​ကော်မြို့ကိုထိန်းချုပ်နိုင်ပြီဖြစ်​ကြောင်း ဝါဒဖြန့်​နေကြသည်။

သတင်း

ZRA နှင့် စစ်ကောင်စီ အရာရှိပိုင်းအကြား အဆက်အသွယ်ရှိကြောင်း၊ ZRA တပ်ဖွဲ့ဝင်များနှင့် ပြဿနာမဖြစ်စေရန် စစ်ကောင်စီ အရာရှိများက အောက်ခြေကို မှာထားကြောင်း ပြောသည်။