Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ ရဲဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ CDF ကန်ပက်လက်ထံ အလင်းဝင်

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မြို့မ ရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အလင်းဝင်လာကြောင်း ကန်ပက်လက်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

အလင်းဝင်လာသော ကန်ပက်လက်မြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CDF ကန်ပက်လက်

ထားမြတ်/People’s Spring

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မြို့မ ရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်နှင့်အလင်းဝင်လာကြောင်း ကန်ပက်လက်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ဒုတပ်ကြပ် ကွီးလိန်းသည် ဇူလိုင် ၁၈ရက်တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဒုတပ်ကြပ်သည် ၎င်းနှင့်အတူ BA63 တစ်လက်၊ ကျည် ၃၀တောင်၊ ကျည်ဘောက် (၂)ခုနှင့် ဆက်သွယ်ရေးစက် (၁)လုံးယူဆောင်လာခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်း ထုတ်ပြန်သည်။

ကန်ပက်လက်မြို့အတွင်းရှိ စစ်ကောင်တပ်သား၊ ရဲသားများအနေဖြင့် ယုံကြည်စွာ အလင်းဝင်လာနိုင်ကြောင်းလည်း CDF ကန်ပက်လက်က ဖိတ်ခေါ်ထားသည်။

CDF ကန်ပက်လက်သည် ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖြစ်ပြီး အာရက္ခတပ်တော်(AA)အပါအဝင် မဟာမိတ်များနှင့်ပူးပေါင်းပြီး မတူပီ မြို့သိမ်းတိုက်ပွဲ၊ ကျင်ဒွေး မြို့သိမ်းတိုက်ပွဲ၌ ပါဝင်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ လှုပ်ရှားမှု သတင်းပေးခြင်း၊ တော်လှန်ရေးတပ်များအား ထောက်ပံ့ခြင်း ပြုလုပ်ပေးရန် CDM အရာရှိများ တိုက်တွန်း

သတင်း

မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်းရှိ ပန်မထိပ်ရွာအနီးနှင့် အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်စခန်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် PDF မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများသိမ်းဆည်းရမိပြီး ရန်သူ့အလောင်း ၂၀ ရှင်းလင်းနိုင်ခဲ့ကြောင်း TNLAက ယနေ့ ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့သို့ စစ်ကောင်စီတပ်စစ်ကူများ ရောက်ရှိလာပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေသလို ဒေသခံများ​၏ နေအိမ်များအတွင်း ဝင်ရောက်နေရာယူထားကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ သံဃာတော်များက စစ်ကောင်စီအား ကံဆောင်သပိတ်မှောက်ခဲ့ကြောင်း သတင်းရရှိသည်။