Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“သံဃာတွေဘက်က လုပ်ရမယ့်တာဝန် ဝတ္တရား၊ ဒကာ၊ ဒကာမတွေအပေါ် လုပ်ပေးရမှာဆိုပြီး အဲလိုနဲ့အစပြုပြီး ကံဆောင်သပိတ်လုပ်ရတာပါ”

အာဏာသိမ်းစစ်​ကောင်စီအ​ပေါ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ သပိတ်ဦးဆောင်ရာတွင်ပါဝင်သည့် ချောင်းဦးဆရာတော်နှင့် လူထုနွေဦး၏ ​မေးမြန်းခန်းကို ဖော်ပြလိုက်ပါသည်။

(​ချောင်းဦးမြို့နယ်မှ သံဃာ​တော်များက ဇွန် ၂၃ ရက်မှစ၍ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်စဥ်။ ဓါတ်ပုံ-CJ)
(​ချောင်းဦးမြို့နယ်မှ သံဃာ​တော်များက ဇွန် ၂၃ ရက်မှစ၍ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်စဥ်။ ဓါတ်ပုံ-CJ)

▪︎စစ်​ကောင်စီကို ကံဆောင်သပိတ်ပြုလုပ်​နေ​သောချောင်းဦးဆရာတော်နှင့် ​မေးမြန်းခန်း

ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန် – မြို့သာလမ်းပိုင်းတွင် စစ်ကောင်စီတပ်က ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသလိုက်ပါလာသောကားအား ပစ်ခတ်ခဲ့ရာ ဆရာတော်ပျံလွန်တော်မူခဲ့သည်။ ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ချောင်းဦးမြို့နယ်မှ သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ကိုဇွန် ၂၃ ရက်မှစ၍ပြုလုပ်ခဲ့သည်။ ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များကလည်း သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်၍ စစ်အာဏာရှင်တို့ကို အနိုင်ရသည်အထိ ပူးပေါင်းပါဝင်ပေးရန် ဇွန် ၂၄ ရက်တွင်တောင်းဆိုလိုက်သည်။အာဏာသိမ်းစစ်​ကောင်စီအ​ပေါ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ သပိတ်ဦးဆောင်ရာတွင်ပါဝင်သည့် ချောင်းဦးဆရာတော်နှင့် လူထုနွေဦး၏ ​မေးမြန်းခန်းကို ဖော်ပြလိုက်ပါသည်။

-​ဇေ​အောင်/People’s Spring

မေး-ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရတာနဲ့ပတ်သက်ပြီး ရည်ရွယ်ချက် မိန့်ကြားပေးပါဦးဘုရား။

ဖြေ- ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို သတ်ဖြတ်ခဲ့လို့ သံဃာတွေ ပြုလုပ်ရမယ့် ကံဆောင်သပိတ် ပြုလုပ်တာပါ။

Public Service Announcement

Public Service Announcement

မေး-သံဃာတော်တွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေအပေါ် အရှင်ဘုရားရဲ့အမြင် မိန့်ကြားပေးပါဦးဘုရား။

ဖြေ-သူတို့ကတော့ ဟိုးအရင်ကတည်းကဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ခဲ့တာ။ ဆရာတော်ကြီးက နိုင်ငံကျော်တဲ့သူမို့သာ အများသတိထားမိတာ။ တစ်တိုင်းတစ်ပြည်လုံးလည်း သိနေပါပြီ။ လူတွေသတ်ဖြတ်၊ သံဃာတော်တွေသတ်ဖြတ်။ စစ်ကောင်စီအနေနဲ့ အမြန်ဆုံးကျဆုံးမှသာ အေးချမ်းသွားမှာပါ။

မေး-သီတဂူလို ဆရာတော်ကြီးတွေက စစ်တပ်နဲ့ပုလဲနံပသင့်ပြီးတော့ စစ်တပ်ကို အကာအကွယ်ပေးနေတဲ့အပေါ်မှာ အရှင်ဘုရားရဲ့အမြင် မိန့်ကြားပေးပါဦး။

ဖြေ-ဆရာတော်ကြီးတွေကတော့ အသက်ကြီးနေပြီဆိုတော့ ခွင့်လွှတ်နိုင်တဲ့အတိုင်းအတာပေါ့။ ဦးဇင်းတို့လူငယ်တွေကတော့ ခွင့်မလွှတ်နိုင်လို့ ဒီကံဆောင်သပိတ်တွေ ပြုလုပ်ရတာပါ။ဆရာတော်ကြီးတွေကိုတော့ ဘယ်လိုမှထင်မြင်ယူဆချက်မပေးလိုပါဘူး။

မေး-စစ်တပ်က ဘာသာသာသနာကို ကာကွယ်နေတာလား။ ဖျက်ဆီးနေတာလား။ ဆရာတော့်ရဲ့အမြင့်မိန့်ကြားပေးပါဦး။

ဖြေ-ဘာသာသာသနာကို ခုတုံးလုပ်ပြီး ဖျက်ဆီးနေတာ။

မေး-ကံဆောင်သပိတ်နဲ့ပတ်သက်ပြီး သံဃာထုအပေါ်ကော ဘာများမိန့်ကြားချင်ပါသလဲဘုရား။

ဖြေ-တခြားသံဃာတွေ ညီတော်နောင်တော်တွေအနေနဲ့ ပါဝင်ကြမှာပါ။ ဆက်လက်လုပ်ဆောင်ကြမှာပါ။ အဲလိုပဲမျှော်လင့်ပါတယ်။ ဖြစ်လည်းဖြစ်မယ်လို့ ယုံကြည်ပါတယ်။

မေး-အရှင်ဘုရားရဲ့ သက်တော်နဲ့ဝါတော်မိန့်ကြားပေးလို့ရမလားဘုရား။

ဖြေ-သက်တော် ၃၀ ဝါတော် ၁၀ ဝါပါ။

မေး-ဒီအာဏာသိမ်းကာလအတွင်း အရှင်ဘုရားတို့ကော ဘယ်လိုအန္တရာယ်မျိုးတွေ ကြုံရလဲ။

ဖြေ-အန္တရာယ်မျိုးစုံ ကြုံရပါတယ်။ သူတို့စစ်ကြောင်းထိုးလို့ ဦးဇင်းတို့တတွေကို လိုက်ပစ်လို့ ပြေးရတဲ့အချိန် ဖိနပ်မပါတဲ့နေ့တွေလည်း ရှိပါတယ်။

မေး-ကံဆောင်သပိတ်ကို ဘယ်လိုကြောင့်စတင်လုပ်ဖြစ်သွားတာလဲဘုရား။

ဖြေ-ဦးဇင်းရယ်၊ ဦးဆောင်တဲ့နှစ်ပါးရယ် တိုင်ပင်ပြီးတော့ ဒါ ကံဆောင်သပိတ်ပြုလုပ်သင့်တယ်ပေါ့။ ပြုလုပ်သင့်ရင်တပည့်တော်တို့လုပ်ကြတာပဲဗျာ။ ဒါ တပည့်တော်တို့ သံဃာတွေဘက်က လုပ်ရမယ့်တာဝန် ဝတ္တရား၊ ဒကာ၊ ဒကာမတွေအပေါ် လုပ်ပေးရမှာဆိုပြီး အဲလိုနဲ့အစပြုပြီး ကံဆောင်သပိတ်လုပ်ရတာပါ။

မေး-ဒီကံဆောင်သပိတ်ကို ချောင်းဦးနယ်မှာ ကျောင်းဘယ်နှကျောင်း၊ သံဃာဘယ်နှပါး ပါဝင်တယ်ဆိုတာအသိပေးလို့ရမလားဘုရား။

ဖြေ-ချောင်းဦးနယ်အနေနဲ့ပါဝင်တာများပါတယ်။ ကျေးရွာတွေမှာ ဆယ်ရွာ လောက်က ဆရာတော်တွေပါဝင်ပါတယ်။ သံဃာကတော့ ၂၀ နဲ့ ၃၀ ကြားပါ။ ဦးဇင်းတို့အလောတကြီးလုပ်ရတာဆိုတော့။ မနေ့ကညနေ ၃ နာရီလောက်မှာ သပိတ်စစ်ကြောင်းစထွက်တယ်။ ဦးဇင်းတို့ကသိမ်ဆီသွားတာပေါ့။ ဒကာဒကာမတွေက ဦးဇင်းတို့ကိုဝန်းရံပြီး သိမ်အထိလိုက်ပို့တာပေါ့။ အဲဒီသိမ်ထဲမှာဦးဇင်းတို့က ကံဆောင်ခြင်းပြုလုပ်ကြတာ။

မေး-အရှင်ဘုရားတို့ ကံဆောင်သပိတ်ပြုလုပ်တဲ့အချိန်မှာ စစ်ကောင်စီကကော အနှောင့်အယှက်ပေးတာရှိလား။

ဖြေ-မရှိပါဘူး။ မြို့နယ်အုပ်ချုပ်ရေးနဲ့လုံခြုံရေးက (ပအဖနှင့်ပလဖအဖွဲ့များကိုဆိုလိုခြင်းဖြစ်)ဒေသန္တရကာကွယ်ရေးတွေပေါင်းပြီး ဦးဇင်းတို့ကို လုံခြုံရေးလုပ်ပေးပါတယ်။

မေး-၂၀၀၇ တုန်းက စစ်အစိုးရက စက်သုံးဆီ​ဈေး​တွေ​တော့ ကုန်​ဈေးနှုန်း​တွေတက်လာလို့ ပြည်သူ​တွေကြပ်တည်းလာတဲ့အတွက် ဆရာ​တော်​တွေက​ရှေ့ကထွက်လမ်း​လျှောက်​မေတ္တာပို့ကြရာက​နေ ကမ္ဘာ​ကျော်​ရွှေဝါ​ရောင်​တော်လှန်​ရေး​ပေါ်​ပေါက်လာခဲ့တယ် ။သံဃာ​တော်​တွေအ​ပေါ်ပြည်သူ​​တွေပိုအားကိုး ကြည်ညို​စေခဲ့တယ် ။ဒါ​ပေမယ့် ၂၀၁၂ ​နောက်ပိုင်း စစ်​တွေ၊မိတ္ထီလာ ၊လားရှိုး ၊ ဥက္ကံတိုမှာ စစ်တပ်က​မွေးထားတဲ့ မဘသ နဲ့ ဘာသာ​ရေးအစွန်း​ရောက်တချို့​ကြောင့် ဘာသာ​ရေး လူမျိုး​ရေးအဓိကရုဏ်း​တွေဖြစ်လာ​တော့ သံဃာ​တွေက စစ်တပ် ​နဲ့ ​ရော ၊ စစ်သား​ဟောင်းဦးသိန်းစိန်အစိုးရနဲ့ ပိုနီးသွားပြန်တယ် ။ ၂၀၁၅ ​လောက်က ကစပြီး သံဃာတချို့နဲ့ ဦးသိန်းစိန် အစိုးရက မျိုး​စောင့်ဥပ​ဒေ တွေ ထုတ် ၊ မျိုး​စောင့်ဥပ​ဒေ​အောင်ပွဲ​တွေလုပ်ပြီး သံဃာ​တွေက စစ်တပ်အသွင်​​ပြောင်းအစိုးရနဲ့ပိုနီးကပ်ခဲ့တာ​တွေ့ရတယ် ။ ၂၀၁၇ မှာ စစ်တပ်​ကြောင့် ရခိုင်မှာ ရိုဟင်ဂျာ​တွေကို လူမျိုးတုန်းသတ်ဖြတ်မှု​တွေ လုပ်ပြီး ပြသာနာ​တွေဖြစ်​တော့လည်း သံဃာ​တော်အများစုက စစ်တပ်ကို​ထောက်ခံတဲ့ပုံစံမျိုး​တွေ့ရတယ် ။ ​နွေဦး​တော်လှန်​ရေးမှာလည်း သံဃာ​တော်အများစုက ပြည်သူ​တွေ ဒုက္ခဆင်းရဲကြုံ​နေတာ ၊မတရား ဖမ်းဆီးသတ်ဖြတ်ခံ​ရတာ၊ စစ်တပ်အာဏာသိမ်းမှု​ကြောင့်အ​ထွေ​ထွေအကြပ်အတည်း​တွေကြုံနေရချိန်မှာ နှုတ်ဆိတ်​နေကြတယ် ။ သီတဂူ တို့ လို ဘုန်းကြီး​တွေဆိုရင် စစ်တပ်ကို ​ထောက်ခံ​ကြောင်း သိသိသာသာ​ပြောလာတယ် ။ ပြည်သူ​တွေ ဒုက္ခဆင်းရဲ​​ကြုံချိန်မှာ ၊ ပြည်သူနဲ့အတူရပ်တဲ့ဆရာ​တော်​တွေ ဖမ်းဆီးသတ်ဖြတ်ခံရ​ချိန်မှာ ဆရာ​တော်ကြီးအချို့က အာဏာလုစစ်တပ်ကလှူထားတဲ့ ဇိမ်ခံကား​တွေနဲ့ မသိချင်​ယောင်​ဆောင်နေကြတယ်။ ဒါ​ကြောင့် တဖက်မှာ​တော့ သံဃာ​တော်အများစုဟာ ပြည်သူနဲ့ ပို​ဝေးလာတယ် ၊ပြည်သူ​တွေရဲ့​လေးစား၊အားထားမှု ​တွေ​လျော့ပါးလာတယ် ။ဗုဒ္ဓဘာသာ ရဟန်း​တော်​တွေက ဒီလိုလားဆိုပြီး​ ပြည်တွင်းမှာ​ရောနိုင်ငံတကာမှာပါမေးခွန်းထုတ်လာ​​ကြတယ် ။

အခုကံ​ဆောင်သပိတ်က သံဃာ​တော်​အများစုပျက်ကွက်​နေတဲ့ ဓမ္မဘက်ကရပ်တည်​ပေးဖို့ ၊ပြည်သူ​တွေ ​ရှေ့က မှန်တာကိုလုပ်ပြဖို့ ၊ပြည်သူ​တွေဆီက ​လေးစားမှု​တွေ အားကိုးမှု​တွေပြန်ရဖို့ ၊ဗုဒ္ဓဘာသာ ရဟန်း​တော်​တွေဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ ပြသနိုင်ဖို့အ​ကောင်းဆုံး နဲ့ နောက်ဆုံးအခွင့်အ​ရေးလို့​ပြောရင်ရမလား ဘုရား ။

​​ဖြေ- ဦးဇင်းအနေနဲ့ကတော့ ပါဝင်လို့ရတဲ့နေရာကနေ ကံဆောင်သပိတ်လုပ်လိုက်တာ။ ညီတော်နောင်တော်တွေအနေနဲ့ဆက်ပြီးပါဝင်ကြမှာပါ။ ပြည်သူတွေ အာဏာသိမ်းကတည်းက အကြမ်းဖက်နှိပ်စက်သတ်ဖြတ်ခံနေရတယ်။ နေ့စဥ်နဲ့အမျှ မီးရှို့တယ်။ လူမျိုးတုန်းသတ်ဖြတ်တယ်။ ဒါတွေလုပ်နေတာမြင်တွေ့နေတာပဲ။ ကျန်တဲ့မလှုပ်ရှားတဲ့သံဃာတွေအတွက်ကတော့ ဒါ(ကံဆောင်သပိတ်)ဟာ အခွင့်အရေးတစ်ရပ်ပေါ့။ ဦးဇင်းတို့အနေနဲ့ကတော့ စစ်အာဏာသိမ်းပြီးကတည်းကစပြီး နွေဦးတော်လှန်ရေးမှာပါဝင်တယ်။ တစ်ထောင့်တစ်နေရာကပါဝင်တာပေါ့။ ဦးဇင်းတို့ချောင်းဦးနယ်မှာတော့ပြည်သူနဲ့သံဃာနဲ့က တစ်ထပ်တည်းပါပဲ။

မေး-အရှင်ဘုရား သီးခြားမိန့်ကြားချင်တာရှိရင် မိန့်ကြားပေးပါဦး။

ဖြေ-ပြည်သူလူထုအနေနဲ့ရော ရဟန်းသံဃာတွေအနေနဲ့ရော စစ်ကောင်စီရဲ့ ကြမ်းတမ်းယုတ်မာမှုတွေ မျက်ဝါးထင်ထင်မြင်တွေ့ရတာ။ ညီညီညွတ်ညွတ်နဲ့ ရှေ့ဆက်ပြီးတော့ တော်လှန်ကြဖို့ပေါ့။ ။

ဆက်စပ်သတင်းများ

သတင်း

လွိုင်ကော်မြို့တွင်း၌ စစ်ကြောင်းပြန်ထိုးတော့မည်ဟု စစ်ကောင်စီဝါဒဖြန့်သူများက လူမှုကွန်ရက်တွင် ဖြန့်ဝေမှုများရှိနေသည်။

သတင်း

TNLAသည် ၁၀၂၇ စစ်ဆင်ရေးကာလတွင် စစ်ကောင်စီတပ်စခန်း ၈၀ ကျော်နှင့် မြို့ ၇မြို့ကိုသိမ်းပိုက်ခဲ့သည်။ စစ်ဆင်ရေးကာလအတွင်း MDY-PDFနှင့် ပူးပေါင်းပြီးစစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် ထိုးစစ်များ အတူဆောင်ရွက်ခဲ့သည်။

သတင်း

တအာင်းဒေသ လက်ရှိ စစ်ရေး၊နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်တားဘုန်းကျော်၏ ပြောကြားချက်များကို TNLA သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်အား ယမန်နေ့ (ဇွန်လ ၂၃ ရက်​)တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တနေရာရှိ ဘုရားတစ်ဆူတွင် သံဃာတော်များစုဝေး၍ စတင်ပြုလုပ်ခဲ့သည်။