close
Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့နယ်ရှိ ဆေးရုံကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဆေးကုသနေသူများအပါအဝင် ၆ဦးထက်မနည်း သေဆုံး

ချင်းညီနောင်အနေဖြင့် ဖလမ်းမြို့နှင့် မင်းတပ်မြို့သိမ်းတိုက်ပွဲကို တပြိုင်တည်း ဆင်နွှဲလျက်ရှိရာ အောင်မြင်မှုများ ရရှိထားကြောင်း ချင်းညီနောင်တာဝန်ရှိသူအချို့က ပြောကြားထားသည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာမှ ဘုရားကျောင်းအား ၂၀၂၃ ဩဂုတ်က တွေ့ရစဥ်။ ဓာတ်ပုံ - CNDF)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာမှ ဘုရားကျောင်းအား ၂၀၂၃ ဩဂုတ်က တွေ့ရစဥ်။ ဓာတ်ပုံ - CNDF)

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာရှိ ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ဆေးကုသနေသူများအပါအဝင် ခြောက်ဦးထက်မနည်း သေဆုံးကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

နိုဝင်ဘာ ၂၆ရက် နံနက် ၁၁နာရီ နှင့် မွန်းလွဲ ၁နာရီကြားတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လုမ်သဲရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံ ဗုံးထိမှန်ပြီး ဒဏ်ရာရ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် သူနာပြုအချို့ ထိခိုက်ခဲ့သည်ဟု ဆိုသည်။

“ ဆေးရုံးကို ဗုံးထိမှန်တယ်။ပေါက်ကွဲပြီး ဆေးရုံမှာ ဒဏ်ရာရသူတွေ CNDF ဖလမ်းမြို့နယ် ဒေသ ကာကွယ်ရေးတပ်ဖွဲ့ပေါ့။ CNDF ငါးယောက်ကျဆုံးတယ်။ ပြီးရင် သူနာပြုတစ်ယောက်လည်း ပါတယ်။ သူနာပြုတစ်ယောက်နဲ့ ပေါင်းမယ်ဆို ၆ယောက်ကျဆုံးတာပေါ့။ ဒဏ်ရာရသူတွေရှိတယ်။” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) အပါအဝင် ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်များသည် ဖလမ်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၉ရက်ကစတင် ဆင်နွှဲလျက်ရှိနေပြီး တိုက်ပွဲများ ငြိမ်သက်နေသည်မှာ ၃ရက်ခန့်ရှိပြီဟု သတင်းရင်းမြစ်က ပြောသည်။

“မြို့သိမ်းစစ်ဆင်ရေးက ရှိတယ်။ ဒါပေမဲ့ နည်းနည်းတော့ ငြိမ်နေတယ်။ သုံးရက်ဆက်တိုက်ငြိမ်နေတယ်။ ဘာတိုက်ပွဲမှ မရှိဘဲ ဒီနေ့မှာ ဖလမ်းမြို့နယ် လုမ်သဲရွာကို ဂျက်တိုက်ခိုက်တာတော့ စိတ်မကောင်းပါဘူး။” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

လေကြောင်း တိုက်ခိုက်မှုအပါအဝင် စစ်ရေးသတင်းများကို CNDFနှင့် ချင်းညီနောင်က ထုတ်ပြန်ခြင်းမရှိသေးပေ။

ချင်းညီနောင်အနေဖြင့် စစ်ရေးလိုအပ်ချက်အရ စစ်ရေးသတင်းများကို အချိန်နှင့်တပြေးညီထုတ်ပြန်ခြင်းပြုလုပ်မည်မဟုတ်ဟု တာဝန်ရှိသူအချို့က အသိပေးထားသည်။

ချင်းညီနောင်အနေဖြင့် ဖလမ်းမြို့နှင့် မင်းတပ်မြို့သိမ်းတိုက်ပွဲကို တပြိုင်တည်း ဆင်နွှဲလျက်ရှိရာ အောင်မြင်မှုများ ရရှိထားကြောင်း ချင်းညီနောင်တာဝန်ရှိသူအချို့က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြင်းခြံက ကျေးရွာတွေကို ဝင်ရောက်စီးနင်းရာမှာ စစ်တပ်လက်ဝေခံ ဒေါ် သီတာယုမွန်ဦးဆောင်တဲ့ပျုစောထီး တပ်လည်းပါတယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ရှိ စစ်ကောင်စီ၏ဌာနဆိုင်ရာရုံးများကို တော်လှန်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ပြီး ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ယာများကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

နောင်ချိုမြို့နယ်တွင် နိုဝင်ဘာ ၁ရက်နေ့မှ ၂၅ရက်အထိ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် ဒေသခံပြည်သူ ၁၈ဦး သေဆုံးပြီး ၃၄)ဥး ဒဏ်ရာရရှိခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

သတင်း

စစ်ဘေးရှောင်ပြည်သူ ၄၀၀ခန့်ရှိနေပြီး ဆေးဝါး၊အနွေးထည်၊စောင်များ၊ စားနပ်ရိက္ခါများ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

Facebook