close
Connect with us

Hi, what are you looking for?

Fact-Check

ရခိုင်အမတ်ဟောင်း ဦးဖေသန်းကို AA ဖမ်းဆီးလိုက်ပြီဆိုတဲ့သတင်းမှား

လူသိများတဲ့ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဖေသန်းကို ငွေကြေးအရှုပ်အရှုင်းတွေကြောင့် အာရက္ခတပ်တော် (AA) က ဖမ်းဆီးပြီး အကျယ်ချုပ် ထားရှိတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ် ဖြစ်တဲ့ မေယုဌာနေ( May Yu Htar Nay ) စက်တင်ဘာလ ၁၇ ရက်က ဖြန့်ဝေပါတယ်။

People’s Spring – AEN ၊ စက်တင်ဘာ ၂၀

လူသိများတဲ့ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးဖေသန်းကို ငွေကြေးအရှုပ်အရှုင်းတွေကြောင့် အာရက္ခတပ်တော် (AA) က ဖမ်းဆီးပြီး အကျယ်ချုပ် ထားရှိတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ် ဖြစ်တဲ့ မေယုဌာနေ( May Yu Htar Nay ) စက်တင်ဘာလ ၁၇ ရက်က ဖြန့်ဝေပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းဟာ AA ရဲ့ နိုင်ငံရေးမှုးဖြစ်ပြီး ငွေကြေးကောက်ခံမှု အရှုပ်အရှင်းတွေကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက မြေပုံမြို့၊ ညောင်ပင်ချေ ရပ်ကွက်၊ ကမ်းနားလမ်းကနေအိမ်မှာ ဖမ်းခံရတာလို့ ဝါဒဖြန့် တယ်လီဂရမ် က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

May Yu Htar Nay တယ်လီဂရမ်ချန်နယ်ဟာ subscriber ၂၃,၀၀၀ ရှိပြီး အဲ့ဒီသတင်း ကြည့်ရှုသူပေါင်း ၃၆,၇၀၀ ကျော်ရှိပါတယ်။ အဲဒီချန်နယ်က ဖြန့်ချိတဲ့သတင်းကို အောက်ဖော်ပြပါ လင့်ခ်မှာ ကြည့်နိုင်ပါတယ်။

https://archive.ph/LJulm (Archive Link)

အဲဒီသတင်းကို Myanmar Fact-checking Network – MFCN အဖွဲ့ဝင် People’s Spring သတင်းဌာနနဲ့ Arakan Express News သတင်းဌာနတို့က စစ်ဆေးကြည့်ရာမှာ ဦီးဖေသန်း ဖမ်းခံရတဲ့ သတင်းကို ရခိုင်ဒေသတွင်းသတင်းဌာနတွေ နဲ့ ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေမှာ ဖော်ပြတာမရှိပါဘူး။

ဒါကြောင့် ကာယကံရှင် ဖြစ်သူ ဦီးဖေသန်းဆီ တိုက်ရိုက်ဆက်သွယ်မေးမြန်းရာမှာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်ရဲ့ ဖြန့်ဝေချက်ဟာ သတင်းမှားသာ ဖြစ်တယ်လို့ အတည်ပြုပါတယ်။

” အဲ့ဒီသတင်းကို ကျနော်လည်းတွေ့လိုက်ပါတယ်၊မေယုဌာနေ အကောင့်ပေါ့၊ ဒါတွေက လုပ်ကြံပြီးတော့ သတင်းဖြန့်တာတွေပါ” လို့ ဦီးဖေသန်းက ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီဝါဒဖြန့် ချန်နယ်က ဖြန့်ဝေသလို AA က ဖမ်းဆီး စစ်ဆေးတာမျိုးလည်း မရှိခဲ့ဘူးလို့ ဦးဖေသန်းက ဆိုပါတယ်။

” ကျနော်က သူတို့ ပြောသလို ငွေလာဘ်စားတာတွေဘာတွေ ဘာမှ မရှိပါဘူး၊ ဒီလို ရှိရင်လည်း ULA/AAက ချက်ချင်း ကျနော့်ကို အရေးယူမှာပေါ့ ၊ အခု အရေးယူတာလည်းမရှိပါဘူး၊ ကျနော်က ကျန်းကျန်းမာမာပဲရှိပါတယ်၊ ဘာမှမဖြစ်ပါဘူး” လို့ ဆက်သွယ်မေးမြန်းရာမှာ ဦးဖေသန်းက ထည့်သွင်း ဖြေကြားပါတယ်။

ဦီးဖေသန်းနဲ့ ရင်နှီးတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီဝင် တစ်ဦးကလည်း စစ်ကောင်စီဝါဒဖြန့် ချန်နယ်ရဲ့ ဖြန့်ဝေချက်ဟာ သတင်းမှားသာဖြစ်ပြီး ဦီးဖေသန်း ဖမ်းခံရတယ်ဆိုတာ မမှန်ကန်ဘူးလို့ အသိပေးပါတယ်။

သုံးသပ်ချက်

ရခိုင်ပြည်နယ် စစ်မြေပြင်မှာ မြို့တွေ လက်လွှတ်ရတာ ၊ တပ်စခန်းအများအပြား ဆုံးရှုံးရချိန်မှာ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဟာ AA ခေါင်းဆောင်ပိုင်း အပြင် စစ်တပ်ကို ဆန့်ကျင်သူတွေ နဲ့ပတ်သက်ပြီး သတင်းမှားတွေ ဖန်တီး ထုတ်လွှင့်တာမျိုးရှိပါတယ်။

ဉပမာအနေနဲ့ ချင်းပြည်နယ်တောင်ပိုင်း ၊ ပလက်ဝ မြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုမှာ AA တပ်ဖွဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်သေဆုံးသွားတယ်လို့ သတင်းမှား ဖြန့်ဖူးပါတယ်။

အခု လို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ People’s Spring နဲ့ Arakan Express News တို့ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

ဆက်စပ်သတင်းများ

သတင်း

ပလက်၀နှင့် ရက္ခိုင် ၁၀မြို့နယ်ကို သိမ်းပိုက်ထားပြီး မြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူပိုင် ရွှေငွေ ပစ္စည်းများကို ရှာဖွေကာ ပိုင်ရှင်ထံပြန်ပေးအပ်ခဲ့ဟု ထုတ်ပြန်

သတင်း

ရှိုင်း/People’s Spring ရက္ခိုင့်တပ်တော်(AA)ကမောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပါအဝင် အကျဉ်းသားများ ထားရှိရာ မောင်တော်မြို့ (၄)မိုင် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၂) ကို စစ်ကောင်စီလေတပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာတွင် သေဆုံးထိခိုက်ခဲ့သည့် အကျဉ်းသားများ၏ ရုပ်အလောင်းများ မှတ်တမ်းနှင့် ဒဏ်ရာရ အကျဉ်းသားများအား AAက ဆေးကုသပေးနေသည့် မှတ်တမ်းကို...

သတင်း

ဝေသာလီရွာရှိ UN အဆောက်အအုံလည်း လေကြောင်းတိုက်ခိုက်ခံရဟု AAထုတ်ပြန်

သတင်း

ရက္ခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်များအပါအဝင် အရပ်သားများ၊ စစ်ကောင်စီ အရာရှိများအပါအဝင် စစ်သုံ့ပမ်းများ သေဆုံးခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် နှင့် အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခတို့က ပြောကြားသည်။

Facebook