close
Connect with us

Hi, what are you looking for?

သတင်း

KIO ဌာနချုပ်လိုင်ဇာအနီး မြန်မာ-တရုတ်နယ်စပ်တလျှောက်ရေကြီးနေ

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)ဌာနချုပ် လိုင်ဇာအနီးဝန်းကျင်တွင် မကြုံစဖူးရေကြီးနေကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ဩဂုတ်-၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)ဌာနချုပ် လိုင်ဇာအနီးဝန်းကျင်တွင် မကြုံစဖူးရေကြီးနေကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ဩဂုတ်၃ရက်ညသန်းခေါင်ကစ၍ ရေတက်လာခြင်းဖြစ်ကြောင်းပြော သည်။

“မနက်အစောပိုင်း ရေကြီးနေတယ်။ လိုင်ဇာ တရုတ်နယ်စပ်တကြောမှာ။ အခု Videoက မနက် ခြောက်နာရီကျော် အခြေအနေ။ ဒီလောက်ရေကြီးတာ တခါမှမမြင်ဖူးဘူး။ အရင် ရေကြီးတာ ရှိတယ်။ ခုလောက်မကြီးဘူး။ထိခိုက်ပျက်စီးများနိုင်တယ်”ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယခု ရေကြီးမှုအတွင်း မော်တော်ကားအချို့ ရေထဲမျောပါသွားဟုလည်း သတင်းရင်းမြစ်က ပြောသည်။

လိုင်ဇာဒေသရေဘေးကြောင့် လူထိခိုက်သေဆုံးနှင့်နေအိမ်ပျက်စီးမှုရှိမရှိအခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဇူလိုင်အတွင်းကလည်း ၀လက်နက်ကိုင်တပ် UWSA ထိန်းချုပ်နယ်မြေ မိုင်းမောက်ဒေသတွင် ရေကြီးမှုကြောင့် လူသေဆုံးထိခိုက်မှုရှိခဲ့သည်။

ထို့အပြင်ရှမ်းပြည်နယ်တောင်ပိုင်းရှိဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့တွင်လည်း ဇူလိုင်လ ၂၇ ရက်ညနက်ပိုင်းကတောင်ကျရေကြောင့် ဒေသခံ ရှစ်ဦးသေဆုံးပြီးနေအိမ်အချို့ ပျက်စီးခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင် တပ်မဟာ (၃)နယ်မြေတွင်လည်းရေကြီးမှုဆိုးဝါးစွာဖြစ်နေ၍ နေအိမ် များမျောပါပြီးကျေးရာများနှင့်လယ်ဧကများစွာ နစ်မြုပ်လက်ရှိဟု KNUက အသိပေးထားသည်။

ထို့အပြင်ရှမ်းပြည်နယ်တောင်ပိုင်းရှိဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့တွင်လည်း ဇူလိုင်လ ၂၇ ရက်ညနက်ပိုင်းကတောင်ကျရေကြောင့် ဒေသခံ ရှစ်ဦးသေဆုံးပြီးနေအိမ်အချို့ ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံရဲ့ ဘေဂျင်းမြို့တော်နားမှာ ဖြစ်ပွားတဲ့ ရေကြီးမှုတွေနဲ့ ပတ်သက်လို့ ကြိုတင် ပြင်ဆင်မှုပိုင်း၊ တုံ့ပြန်မှုပိုင်းတွေမှာ ဟာကွက်တွေ၊ အားနည်းချက်တွေ ရှိခဲ့ကြောင်း အစိုးရဖက်က ရှားရှားပါးပါး ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော် တဝိုက်က ရေကြီးမှုတွေအတွင်း ဘိုးဘွားရိပ်သာ တစ်ခုမှာ လူပေါင်း ၃၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ရေကြီးမှုတွေကြောင့် တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းရဲ့ မြောက်ဖက် ဧရိယာတွေမှာ လူ ၃၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း

တောင်ကျရေအန္တရာယ်ဆိုးဝါးစွာကြုံတွေ့ခဲ့ရသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင် ရေဘေးကြောင့်သေဆုံးသူ ရှစ်ဦးရှိလာပြီး ဒေသတွင်းရှိ ရွာငံ၊ အောင်ပန်း၊ ကလောမြို့တို့တွင်လည်း ရေဘေးအန္တရာယ်ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

Facebook