close
Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၅) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

အောက်တိုဘာ-၂၅၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၅) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ “ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း” က စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြတော်လှန်ပြည်သူတွေက “ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဟစ်ကြွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းက “ သင့်မဲဖြင့်တရားဝင် လူသတ်ခွင့် မပေးနဲ့ ” စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ပြည်သူ့အားမာန်သပိတ်စစ်ကြောင်းမှ စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း “ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” စတဲ့ စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ လူတချို့သာ ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မလိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

သတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရောက် မြန်မာတွေက ချွန်းနန်မြို့မှာ ဒီနေ့(အောက်တိုဘာ ၁၉) နေ့လည်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

သြစ​​တြေးလျနိုင်ငံ ကင်ဘရာမြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်မပြုဖို့ ကန့်ကွက်ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၁၆) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းကသပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်တွေပြန်လွှတ်ပေးရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (အောက်တိုဘာ ၁၄) မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

Facebook