close
Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းအနုပညာရှင်အားလုံး စစ်တပ်​ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ရိုက်ကူးပေးရမှာဖြစ်ပြီး ငြင်းဆန်သူများအရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

အနုပညာရှင်တွေ နိုင်ငံခြားထွက်ရင် ကြိုတင်အကြောင်းကြားရမယ်ဆိုကာပြည်ပထွက်ခွင့်ကန့်သတ်

စစ်အုပ်စုဝါဒဖြန့်ခေတ်သမိုင်းကို ဒုန်းဆိုင်းမည့်သူများဇာတ်ကားဇာတ်ဝင်ခန်းမှ ပါဝင်သရုပ်​ဆောင်​နေသူ​တွေ။ဓါတ်ပုံ-Screengrab

အောက်တိုဘာ-၃၀၊ ၂၀၂၅/People’s Spring

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်တွင်းမှာရှိတဲ့အနုပညာရှင်အားလုံး ဝါဒဖြန့်ရိုက်ကူးပေးရမှာဖြစ်ပြီး ငြင်းဆန်သူ​တွေကို အရေးယူမယ်လို့ စစ်ကောင်စီကခြိမ်းခြောက်ပြောဆိုလိုက်ကြောင်း လူထုနွေဦးရဲ့ အနုပညာသတင်းရင်းမြစ်​တွေက ပြောပါတယ်။

ဒီကနေ့(အောက်တိုဘာ ၃၀ရက်) နေ့လည် ၁နာရီမှာ စစ်ကောင်စီရဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အေးကြွယ်ဟာ ရန်ကုန်မြို့က ရုပ်ရှင်လုပ်ငန်းရုံမှာ အနုပညာရှင်တွေကို ခေါ်ယူပြီး အထက်ပါအတိုင်း ဖိအားပေးခြိမ်းခြောက်လိုက်တာလို့ အနုပညာသတင်းရင်းမြစ်က ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေ မရိုက်တော့တဲ့ နာမည်​ကျော်သရုပ်​ဆောင် များအပါအဝင် နာမည်ကြီးသရုပ်ဆောင်အနုပညာရှင်အားလုံး စစ်တပ်​ရွေး​ကောက်ပွဲအတွက် ​​ကန်းပိန်း ​တွေ ၊ ​ကြွေး​ကြော်သံ​တွေ စတဲ့ ဝါဒဖြန့်မှု​တွေမှာပါဝင်ရိုက်ကူး​ပေးရမှာဖြစ်ပြီး ငြင်းဆန်သူအားလုံးကို အထက်အမိန့်အရ အရေးယူမယ်လို့ အေးကြွယ်က ခြိမ်းခြောက်ပြောသွားတယ်လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” လုပ်ရမှာကတော့ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ စာသားမျိုး​တွေ ၊ ​ဆောင်ပုဒ်မျိုး​တွေကို တစ်ယောက်ချင်းစီ ပြောရမယ်။ ရိုက်ကူးရေးကို စကမဘက်ရိုက်ပြီး သူတို့သတင်းနဲ့ ဖျော်ဖြေ​ရေပလက်​ဖောင်းအားလုံးမှာ ထုတ်လွှင့်မယ်” လို့ သတင်းရင်းမြစ်တဦးကပြောပါတယ်။

တချို့အနုပညာရှင်တွေအနေနဲ့ ကိုယ်တိုင်ရိုက်ကူးရပေးပို့ရမှာဖြစ်ပြီး အဲဒီအစီအစဉ်ကို နိုဝင်ဘာလဆန်းမှာ စတင်မယ်လို့လည်း ဆိုပါတယ်။

“ ရုပ်ရှင်၊ ဇာတ်လမ်းတို မဟုတ်ပါ။ တစ်ယောက်ချင်းဆီမှ စကမဘက်က ရွတ်ဆိုခိုင်းတဲ့စာသား​တွေ ၊​ ကိုရွတ်ဆိုတဲ့ ဗီဒီယိုရိုက်ကူးရေးဖြစ်တယ်” လို့လည်း ပြောပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေးဇာတ်ကားမှာပါဝင်သူတွေကို ပြည်သူ​တွေက လူမှု​ရေးပြစ်ဒဏ်ခတ်တာ ၊ သပိတ်​မှောက်တာ အပြင်းအထန်ပြုလုပ်​တာ​အောင်မြင်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ​အောက်တိုဘာ ၃၀ ရက်​နေ့မှာ အနုပညာရှင်အားလုံးကို​ မလာမ​နေရ အ​ရေး​ပေါ်အစည်းအ​ဝေး​ခေါ်​ပြီး ဖိအားပေး ခြိမ်း​​ခြောက်ခဲ့တာလို့ အနုပညာအသိုင်းအဝိုင်းက သတင်းရင်းမြစ်​တွေက ပြောပါတယ်။

“ သူတို့ အခုခေတ်သမိုင်းကို ဒုန်ဆိုင်းမည့်သူများဆိုတဲ့ ရွေးကောက်ပွဲကမ်ပိန်းဇာတ်ကားမှာ လူထုတုန့်ပြန်မှုနဲ့ Boycott မှာ လူထုဘက်က အောင်မြင်ခဲ့တဲ့အတွက် လူထုနဲ့ပါရန်တိုက်ပေးတယ်လို့ မြင်တယ်” လို့စစ်တပ်ရဲ့ အခုဖိအား​ပေးမှုအ​ပေါ် အနုပညာ​လောကသားတဦးက ပြောပါတယ်

ဒါ့အပြင်အခြားသတင်း တရပ်မှာပြည်တွင်းက အနုပညာရှင်တွေအနေနဲ့ နိုင်ငံခြားသွားရောက်ပါက စစ်ကောင်စီဆီကြိုတင်အကြောင်းကြားရမယ်လို့လည်း စစ်ကောင်စီထောက်ခံသူ ယုန်လေးက သူရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒီကနေ့မှာ နိုင်ငံခြားသွားတဲ့ အနုပညာရှင်အဖွဲ့တစ်ဖွဲ့ကို စစ်ကောင်စီက တားဆီးလို့ လေဆိပ်ကနေ လှည့်ပြန်လာခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လုပ်ဆောင်သူတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်နေတဲ့ ရန်ကုန်အခြေစိုက် မြေအောက်တော်လှန်ရေးအဖွဲ့ ငါးဖွဲ့ကလည်းခေတ်သမိုင်းကို ဒုန်ဆိုင်းမည့်သူများဆိုတဲ့ဇာတ်လမ်း ပါဝင်သူတွေကို အရေးယူသွားမယ်လို့ ​ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်လောင်းလုံမြို့နယ် မောင်းမကန်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးကာ လက်နက်မျိုးစုံ ၂၁လက်ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ဒီကနေ့ အောက်တိုဘာ ၃၀ရက် မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ကို စစ်ကူတိုက်ပေးနေတဲ့ ဇိုမီးတော်လှန်ရေးတပ်(ZRA) ခေါင်းဆောင်အချို့ဟာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ချင်းသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်တပ်အုပ်ချုပ်ရေးနဲ့ စစ်အာဏာရှင်စနစ် ဆက်လက်တည်တံ့ရေးကိုသာ ဦးတည်နေတာဖြစ်လို့ နိုင်ငံရေးပဋိပက္ခကိုသာ ကြံ့ကြာစေမှာဖြစ်ကြောင်း ချင်းပြည်ကောင်စီက ထုတ်ပြန်လိုက်ပြီး အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းတွေအနေနဲ့ အသိအမှတ်မပြုဖို့၊ ပံ့ပိုးမှုမလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်နဲ့ အမျိုးသမီး တစ်ဦး တို့ သေဆုံးပြီး သုံးဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook