Hi, what are you looking for?
စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေးဇာတ်ကားမှာပါဝင်သူတွေကို ပြည်သူတွေက လူမှုရေးပြစ်ဒဏ်ခတ်တာ ၊ သပိတ်မှောက်တာအပြင်းအထန်ပြုလုပ်နေတာကြောင့် စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက အနုပညာရှင်အားလုံးကိုမလာမနေရ ခေါ်ယူပြီး ဒီကနေ့(အောက်တိုဘာ၃၀)မွန်းလွဲပိုင်းမှာအရေးပေါ်အစည်းအဝေးခေါ်နေတယ်လို့အနုပညာအသိုင်းအဝိုင်းက သတင်းရင်းမြစ်တွေကပြောပါတယ်။
ဒီပ/People’s Spring ‘မိတ်ဆွေများနှင့် တွေ့ဆုံပွဲ’လို့အမည်တပ်ထားတဲ့စစ်တပ်ပါတီ ကြံ့ဖွံ့ နဲ့ စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်တွေ တွေ့ဆုံပွဲမှာ တက်ရောက်သူတွေအများကြီးထဲမှာ တစ်ယောက်ရဲ့အမည်ကိုတော့ သင့် စိတ်ထဲစွဲနေအောင်မှတ်ထားဖို့ အကြံပြုပါတယ် ။ ဒါရိုက်တာကျော်ဇောလင်း (အတွေးပုံရိပ်)ပါ ။တက်ရောက်တဲ့ စစ်တပ်ထောက်ခံတဲ့အနုပညာရှင် အားလုံးထဲမှာ ဒါရိုက်တာကျော်ဇောလင်းက အခရာအကျဆုံးပါ ။ စစ်သားတွေက...