close
Connect with us

Hi, what are you looking for?

သတင်း

ကပစ(၈)ရဲ့ ဗိုလ်ကြီးစိုးကိုကိုမောင်အပါအဝင်သုံးဦး ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ဆင်ပေါင်ဝဲမြို့နယ်က အမှတ်(၈)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၈)ရဲ့ ဗိုလ်ကြီး စိုးကိုကိုမောင် အပါအဝင် စစ်ကောင်စီတပ်သားသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၅)တပ်ရင်းက ဒီကနေ့(နိုဝင်ဘာ ၁၇ရက်)မှာ ထုတ်ပြန်ပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်း

■​လက်နက်နဲ့ ကျည်တွေသိမ်းရ

နိုဝင်ဘာ-၁၇၊၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ဆင်ပေါင်ဝဲမြို့နယ်က အမှတ်(၈)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၈)ရဲ့ ဗိုလ်ကြီး စိုးကိုကိုမောင် အပါအဝင် စစ်ကောင်စီတပ်သားသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၅)တပ်ရင်းက ဒီကနေ့(နိုဝင်ဘာ ၁၇ရက်)မှာ ထုတ်ပြန်ပါတယ်။

ပစ်ခတ်မှုအတွင်း ကပစ(၈)အဖွဲ့ထံက MA13 ကျည်အိမ်တစ်ခု၊ MA13 ကျည်အတောင့် ၂၀၊ AK တလက်၊ 79 ဘယ်ရင် တလက်၊ ၄၀ မမ ခြောက်လုံးနဲ့ လက်ကိုင်ဖုန်း တလုံးတို့ကို သိမ်းဆည်းရရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုဖြစ်စဥ်အရ မနေ့က(နိုဝင်ဘာ ၁၆ ရက်) ညနေ ၄နာရီဝန်းကျင်မှာ ကိုးပင်သာဂရလမ်း မြေနီလမ်းပိုင်းတစ်ခုမှာလို့ အသိပေးပါတယ်။

“ စစ်ကြောင်းထိုးလာတဲ့ပုံစံတော့ မဟုတ်ဘူး။စကစ ဗိုလ်ကြီးကို လုံခြုံရေးယူပြီး အသွားအလာလုပ်တဲ့ပုံစံ မျိုးလို့ သိရတယ်။ကိုးပင်-သာဂရလမ်းပိုင်းရဲ့အလယ်လောက်မှာ ဖြစ်တာ” လို့ သရက်ခရိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီက နီးစပ်ရာ ကျေးရွာတွေကို ဝင်ရောက်မီးရှို့တာတွေကြောင့် ထွက် ပြေးနေရတဲ့ ဒေသခံတွေရှိတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ ကပစ(၈)က အမြောက်နဲ့ လက်နက်ကြီးအစိတ်အပိုင်းတွေ ထုတ်လုပ်တာလို့စစ်ရေးသတင်းအချက်တွေမှာ ဖော်ပြထားပါတယ်။

အခုနိုဝင်ဘာပထမပတ်က မကွေးတိုင်း၊သရက်နဲ့ ကံမမြို့နယ်က စစ်ကောင်စီတပ်ရဲ့ အခြေစိုက်စခန်းနဲ့ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)ကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ နှစ်ဖက် ထိခိုက်သေဆုံးတာရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်-၄တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သရက်ခရိုင်မှာ စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်ရေးလှုပ်ရှားတဲ့နယ်မြေတွေမှာ တိုက်ခိုက်မှုအရှိန်မြှင့်တင်မယ်လို့ တော်လှန်ရေးအဖွဲ့တွေက ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ