close
Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်ကို စစ်တပ်ဗုံးကြဲ၊ အဘွားအိုတစ်ဦးဒ‌‌‌ဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ် ၊ရွာတစ်ရွာကို စစ်တပ်က စက်တပ်လေထီး(Paramoter)နဲ့ ဗုံးကြဲခဲ့တာကြောင့် အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ-၁၇၊ ၂၀၂၅။ ရှိန်း/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ် ၊ရွာတစ်ရွာကို စစ်တပ်က စက်တပ်လေထီး(Paramoter)နဲ့ ဗုံးကြဲခဲ့တာကြောင့် အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ညနေ ၄နာရီ ၁၉ မိနစ်မှာ ပခုက္ကူမြို့နယ် ၁၀၁တပ်ကနေ မြိုင်မြို့နယ်ကရွာကို ‌‌ စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့တာပါတယ်။

“ ရွာထဲမှာက သက်ကြီး အဖိုး၊အဘွားတွေပဲရှိတာ။ရွာထဲကို တစ်လုံးချတယ်။ ရွာနောက်ဘက်ကိုတစ်လုံးချတယ်။ အဘွားတစ်ဦးဒဏ်ရာရသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီရွာကိုစစ်တပ်ကမကြာခဏလေကြောင်းတိုက်တာတွေ ပြုလုပ်နေပြီး ဒီရွာမှာ တိုက်ပွဲမရှိသလို စစ်ကြောင်းတွေလည်း မရှိဘူးလို့ သိရပါတယ်။

လက်ရှိ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က စစ်ကြောင်းတွေကြောင့် ဒေသခံ ထောင်နဲ့ချီပြီး စစ်ရှောင်နေရပြီး မြိုင်မြို့နယ်က စစ်ရှောင်အဘိုး၊အဘွား ၃ဦးလည်း အအေးမိ သေဆုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ