close
Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမှာ လူစုလူဝေးရှိတဲ့ ယာဉ်ရပ်နားရာနေရာကို စစ်တပ်ဗုံးထပ်ကြဲအရပ်သား၉ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က လူစုလူဝေးရှိတဲ့ ယာဉ်ရပ်နားရာနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။

ခင်ဦးမြို့နယ်က လူစုလူဝေးရှိတဲ့ ယာဉ်ရပ်နားရာနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ခင်ဦးပကဖ

ဒီဇင်ဘာ-၂၇၊၂၀၂၅။မိုမို၊အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က လူစုလူဝေးရှိတဲ့ ယာဉ်ရပ်နားရာနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။

ဒီကနေ့(ဒီဇင်ဘာ ၂၇ ရက်) နေ့လယ် ၁၂ နာရီ၄၀ မိနစ်ဝန်းကျင်က ခင်ဦးမြို့အရှေ့ဘက်ခြမ်း၊ မြေနီလျှိုကျေးရွာအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီး၊Mi 35 တစ်စီးတို့နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ ထမင်းဆိုင်နဲ့ ဆိုင်ခန်းတွေ Star Linkဆိုင်အပါအဝင် ရပ်နားထားတဲ့ ခရီးသွားကုန်စည်ကား၊ ဆီသယ်ကားတွေနဲ့ ဆီဘောက်ဆာ ကားတွေကို ဦးတည်တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။ဆီဘောက်ဆာ၊ ဆီသယ်ကားနဲ့ ကုန်စည်ကား ၈စီးခန့်အထိ မီးလာင်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုက ဒီဇင်ဘာ ၁၈ ရက်က ခင်ဦးမြို့ ဗျူဟာလမ်းပိုင်းပေါ်က လူစုလူဝေးရှိရာ အရပ်သား အပြစ်မဲ့ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်ခဲ့မှုပြုလုပ်ခဲ့တဲ့အတိုင်းပဲလို့ ခင်ဦး ပအဖက ပြောပါတယ်။

ခ‌င်ဦး – ကန့်ဘလူနယ်စပ်၊ ကျီကျင်းဘက် ဗျူဟာလမ်းမကြီးကို စစ်တပ်က လမ်းပိတ်ထားတာ တစ်လနီးပါးရှိပြီလို့ သိရပါတယ်။ လမ်းပိုင်းအထက်ကို ပိတ်ဆို့ခံထားရတာကြောင့် ကုန်စည်နဲ့ ဆီသယ်ယာဉ်တွေက ခင်ဦးလမ်းပိုင်းမှာ စုဝေးနေကြရတာဖြစ်ပါတယ်။

အဲဒီလို လူစုလူဝေး ဖြစ်နေတဲ့အရပ်သားအပြစ်မဲ့ ပြည်သူတွေကို လေကြောင်းကနေပစ်မှတ်ထားပြီး တိုက်ခိုက်တာက စစ်တပ်ရဲ့ ယုတ်မာမှုလို့ ခင်ဦး ပအဖက ပြောပါတယ်။

ဒါကြောင့် ခင်ဦးမြို့နယ်အတွင်းက ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်တွေ နဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လုံခြုံရေး အစီအမံတွေပြုလုပ်ပြီး သတိကြီးစွာနဲ့ သွားလာ နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒီဇငိဘာ ၁၈ ရက်နဲ့ ၁၇ ရက်မှာလည်း ခင်ဦးမြို့နယ်ကို စစ်တပ်က ၂ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၁၃ဦးထက်မနည်း သေဆုံးထားရပါတယ်။

စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲနီးကပ်လာတာနဲ့အတူ စစ်ကိုင်း၊မကွေး၊ပဲခူး၊မန္တလေး၊ကချင်၊ရှမ်း နဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေကို ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ် သား ၁၆၀ ကျော်သေဆုံးပြီး ၂၅၀ နီးပါးထိခိုက်ဒဏ်ရာရထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိုးမိတ်မြို့နယ်ထဲမှာ ဒီ‌နေ့ ဒီဇင်ဘာ ၂၄ရက်မနက်ကစပြီး PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်ကတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသမှာရှိတဲ့ အကျဉ်းစခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်ကဒီဇင်ဘာလ၁၈ရက်ညနေပိုင်းမှာလေကြောင်း က‌နေ ဗုံးကြဲလို့ အကျဉ်းသား ၂ဦးနဲ့ CDM ဝန်ထမ်းအပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီလေတပ်က စစ်ကိုင်းတိုင်းကိုပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် လူစုလူဝေးတွေ မပြုလုပ်ဖို့နဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ တန့်ဆည်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီဇင်ဘာလ ၁၉ရက်မှာ အသိပေးတိုက်တွန်းလိုက်ပါတယ်။

အတွေးအမြင်

ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားပြည်သူတွေအပေါ် စေတနာနဲ့ တိုင်းရင်းသားညီနောင်အချင်းချင်းမိသားစုစိတ်ဓာတ်ထားရှိတယ်လို့အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ​မြောက်ဦးကိုဗုံးကြဲပြီး ငါးရက်အကြာမှာပဲ မျက်နှာ​ပြောင်​ပြောင်ပဲ အရှက်မရှိပြောလိုက်ပြန်ပါတယ်။