ဒီဇင်ဘာ-၂၇၊၂၀၂၅။အိမ်သွင်၊ဇော်ဝင်း/People’s Spring
စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာမြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ညသန်းခေါင်အလွန်ဗုံးနှစ်လုံး ထပ်မံပေါက်ကွဲပြီး တိုက်ပွဲဖြစ်သလို ပသ်ခတ်သံတွေထပ်မံကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၇ ရက် ညသန်းခေါင်အလွန် ၁၂ နာရီ ၄မိနှစ် နဲ့ ၁၂ နာရီ ၈မိနှစ်မှာ ဗုံးနှစ်လုံးထပ်မံပေါက်ကွဲတာဖြစ်ပါတယ်။ဒါကြောင့် ဒီညမှာပဲ မြဝတီမြို့မှာ ဗုံး ၅ လုံးပေါက်ကွဲခဲ့ပြီဖြစ်ပါတယ်။
“ တိုက်ပွဲဖြစ်တဲ့အလား ပစ်ခံသံများဆူညံနေတယ်” လို့ဒေသခံ တဦးက People’s Spring ကိုပြောပါတယ် ။

Public Service Announcement
ပထမ ဗုံးနှစ်လုံးက အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးဘေးမှာရှိတဲ့ ကြံဖွံ့ပါတီရုံး အနီးပေါက်ကွဲခဲ့တာဖြစ်ပါတယ် ။ဒုတိယဗုံးကွဲပြီးနောက်မီးခိုးလုံးတွေ ဆက်တိုက်တက်နေတယ်လို့ မြဝတီမြို့ခံတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။
“ ကြံ့ဖွတ်ရုံးကိုချတာ။ လူထိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ည ၁၀ နာရီခန့်မှာပေါက်ကွဲတဲ့ တတိယမြောက်ဗုံးကအမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ပေါက်ကွဲခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပြီး စစ်တပ် ၊ပျူစောထီး ၊BGF တွေက ကား ၁၀ စီးကျော် အင်အားအပြည့်နဲ့ ဗုံးကွဲတဲ့ အနီးပတ်ဝန်းကျင်ကို သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ည ၁၂ နာရီကျော်မှာ ပေါက်ကွဲတဲ့ ဗုံးနှစ်လုံးနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲအချက်အလက်တွေကိုတော့မသိရသေးပါဘူး ။ ပစ်ခတ်သံတွေဆူညံနေတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်း တိုက်ပွဲဖြစ်တာလား ၊စစ်တပ်-ပျူ-BGF တို့ကတဖက်သတ်ပစ်ခတ်နေတာလားဆိုတာကိုလည်းမသိရသေးပါဘူး။
စစ်တပ်ရွေးကောက်ပွဲ မဲရုံတွေဖွင့်ဖို့ နာရီပိုင်းအလိုမှာ အခုလို ပြင်းထန်တဲ့ပေါက်ကွဲမှုတွေကြောင့်မြဝတီမှာ ရွေးကောက်ပွဲ ပျက်ဖို့များတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ် ။စစ်တပ်လက်နက်ကိုင်အဖွဲ့တွေပါ ဗုံးကွဲမှုတွေကြောင့် စိုးရိမ်နေသလို ၊ပြည်သူတွေလည်း မဲပေးမှာ မဟုတ်တော့ဘူးလို့ သူကဆက်ပြောပါတယ်။
စစ်တပ်ရွေးကောက်ပွဲ နာရီပိုင်းအလိုမှာပဲ မန္တလေး ၊ထားဝယ်၊ပြည် စတဲ့မြို့နဲ့ မြို့နယ်တွေမှာလည်းပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်နေပါတယ်။



















































