close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ပြည်သူတွေရေချိုးနေ​ချိန် စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးသေဆုံး၊ ခုနစ်ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာက ရေတွင်းမှာ ဒေသခံပြည်သူတွေရေချိုးနေချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီ၃၊၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာက ရေတွင်းမှာ ဒေသခံပြည်သူတွေရေချိုးနေချိန် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးတစ်ဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ဇန်နဝါရီ ၂ရက် ညနေ ၄နာရီခန့်က မုံရွာမြို့နယ် အရှေ့တောင်ခြမ်းမှာရှိတဲ့ ညောင်ပင်ကျေးရွာက ရေတွင်းမှာ ပြည်သူတွေရေချိုးနေချိန် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ဂျိုင်ရိုကော်ပတာ ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် (၁၂)နှစ် အရွယ် ကလေးတစ်ဦး လည်ပင်းဗုံးစထိမှန်သေဆုံးခဲ့ပြီး အမျိုးသမီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာကင်းထောက် များအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ခွေးတွေချတာက စာသင်ကျောင်းကိုချတာ။စာသင်ကျောင်းပေါ်မကျဘဲနဲ့ ကျောင်းနားက ရွာကရေချိုးကြတဲ့ရေတွင်းနား နှစ်လုံးညှပ်ကျတာဗျာ။ ချတာလည်းနှစ်လုံးပဲ။ စိုးရိမ်ရတဲ့လူတွေလည်းရှိတယ်။ ကလေးတစ်ယောက်ကတော့ အဲနားမှာတင်ပဲဆုံးသွားတာ လည်ချောင်းနဲ့ရင်အုံ အစမှန်ပြီး။ ရေချိုးချိန်ဆိုတော့ အထိများတာပေါ့” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ ပေါင်၊ ကျော၊ လက်တို့မှာ ဒဏ်ရာရထားပြီး ဆေးကုသနေရကြောင်း စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲလုပ်မယ့် ဒီဇင်ဘာအတွင်းမှာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေပြီး ဒီဇင်ဘာတစ်လတည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၅၀ကျော် သေဆုံးခဲ့ပြီး အနည်းဆုံး ၁၈ဝကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဆိပ်ဖြူမှာစစ်တပ်ဂိတ်နဲ့ စစ်ယာဥ်တန်း PDF​တွေတိုက်ခိုက် စစ်သား ၂၀ခန့်​သေ၊စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်း​တွေရ

သတင်း

ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်တွေခိုလှုံနေတဲ့စာသင် ကျောင်းကို ဒီကနေ့ ယညမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းမှဗုံးကြဲလို့ ထိခိုက်မှုတွေရှိတယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်တပ် အသွင်းပြောင်းတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ခိုင်ဖြိုးပါတီက ၂၀၀၈ အခြေခံ ဥပဒေ ခိုင်မာစေဖို့ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်ပြီး ကိုယ်တိုင်ပါဝင် ထည့်လိုက်တဲ့ မဲတပြားဟာ လူအများရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးသွားမယ်ဆိုတာ သတိပြုဖို့...

သတင်း

စစ်တပ်က သံတွဲမြို့ပေါ်ကိုယမန်နေ့ညမှာ ဗုံးကြဲခဲ့မှု​ကြောင့် နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ရှေးဟောင်းနေအိမ်တချို့ပျက်စီးဆုံးရှုံးခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအချို့က​ပြောပါတယ်။