ဇန်နဝါရီ-၁၊၂၀၂၆။အိမ်သွင်/People’s Spring
တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ထိမ်းသိမ်းထားတဲ့ အကျဉ်းသား/အကျဉ်းသူတွေအနက် (၁၁၀)ဦးကို ဒီနေ့ ဇန်နဝါရီလ ၁ရက်နေ့မနက်မှာအမျိုးသားညီညွတ်ရေးအစိုးရက လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ပါတယ်။
ယနေ့ကျရောက်တဲ့နှစ်သစ်နေ့မှာနွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေ့ရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲလွတ်ငြိမ်း သက်သာခွင့်ပြုလိုက်တာလို့အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတဒူဝါလရှီးလက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကျန်အကျဉ်းသား/အကျဉ်းသူတွေကိုလည်း ၎င်းတို့ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ သုံးပုံတပုံ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ ထုတ်ပြတ်ထားပါတယ်။

Public Service Announcement
“ လွတ်ကာနီး ရာဇဝတ်မှုတွေနဲ့ တရားမမှုတွေကို မြို့နယ်အဆင့်ကနေ အဆင့်ဆင့် စာရင်းပြုစုပြီး လွတ်ငြိမ်းပေးတာပါ” လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနကခရိုင်အဆင့် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

















































