close
Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်ရဲစခန်း တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်စွဲထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းက ရဲစခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီး ဒရုန်းဗုံးနဲ့လည်း ကြဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၁၅၊၂၀၂၆။မိထက်/People’s Spring

စစ်ကောင်စီတပ်စွဲထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းက ရဲစခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီး ဒရုန်းဗုံးနဲ့လည်း ကြဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၁၅ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခံရတာလို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

” အရှေ့ပိုင်းက ရဲစခန်းအတိုက်ခံရတာ။ ကျန်တာကထူးခြားမှုမြို့ထဲမှာမရှိဘူး။ မြို့ပြင်ဘက်မှာတော့ ချနေတုန်းပဲ” လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်မှုအခြေအနေကို အသေးစိတ်မသိရသေးပါဘူး။ မိုးကုတ်နဲ့မိုးမိတ်မြို့က စစ်ကောင်စီတပ်တွေရဲ့အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က အသိပေးထားပါတယ်။

တအာင်းတပ်မတော်(TNLA)က မိုးကုတ်နဲ့မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်အပ်ပေးပြီးတဲ့နောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ ၉ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီတပ်စစ်ကြောင်းတွေကို နိုဝင်ဘာ ၃၀ရက်ကစပြီး တိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၂၄ရက်အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၂၀ကျော်ဖြစ်ခဲ့ပြီး စစ်တပ်စခန်း တချို့ သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ဦး သေဆုံးပြီး ၃ဦး ဖမ်းမိထားတယ်လို့ MODက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်အစပ်ဖြစ်တဲ့ ထုံးဖိုရွာ၊ ဟွေလိပ်ရွာ၊ ကုန်းမကန်းကျေးရွာက တောင်ကြောတလျှောက် တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိုးကုတ်နဲ့ မိုးမိတ်မြို့ကြားမှာ တိုက်ပွဲပြင်းထန်နေပြီး မိုးမိတ်မြို့အဝင်ကို အာဏာသိမ်းစစ်တပ်က ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့နယ်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ဒရုန်းဗုံးသီးချ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း ​ဒေသခံအချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က စစ်ကောင်စီရဲ့ ရုံးစည်ကြီးတိုက်နယ်ရဲစခန်း စီးနင်းတိုက်ခိုက်မှုမှာ ဘန်ကာတွေသိမ်းနိုင်ခဲ့ပြီး စစ်အုပ်စုသေဆုံးမှုရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃)တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မ တော်(PDF)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တွေ အနေနဲ့ မိုးကုတ် - မိုးမိတ်ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူလူထုနဲ့ လက်တွဲပြီး ရွပ်ရွပ်ချွံချွံဆက်လက်တိုက်ပွဲဝင်လျက်ရှိနေပြီး နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပြန်လည်ရရှိနိုင်ရေး ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။