close
Connect with us

Hi, what are you looking for?

သတင်း

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်ဝန်းအနီး တိုက်ပွဲဖြစ် ၊ပစ်ခတ်သံ​တွေဆူညံ​နေ

မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်ဝန်းအနီး ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်နေပြီး ပစ်ခတ်သံတွေဆူညံနေတယ်လို့ မြို့ခံတွေကပြောပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ ​လေတပ်စခန်းမှာစစ်တပ်​လေယာဥ်အချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-CINCDS

ဇန်နဝါရီ-၁၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်ဝန်းအနီး ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်နေပြီး ပစ်ခတ်သံတွေဆူညံနေတယ်လို့ မြို့ခံတွေကပြောပါတယ်။

“ မနက်၇နာရီလောက်ကစပြီးပစ်ကြတာ။ တိုက်
ခိုက်ခံရတဲ့အနေအထားပဲ။ လက်နက်ကြီးလက်
နက်ငယ်သံတွေဆူညံနေတယ်ဗျ။ မြို့ခံတွေ သတိအနေအထားနဲ့နေကြတယ်” လို့ မြစ်ကြီးနားမြို့ခံတစ်ဦးကပြောပါတယ်။

မြစ်ကြီးနားမြို့၊ မော်ဖောင်းရပ်ကွက်၊ နမ့်ပေါင်ရွာမှာရှိတဲ့လေတပ်ဝင်းဟာ ဒီဇင်ဘာလ၂၅ရက်နဲ့ ၂၆ရက်ကလည်း ရှော့တိုက်ဒုန်းနဲ့ ၂ရက်ဆက်တိုက်ခိုက်ခံရပါတယ်။ တိုက်လေယာဉ်နဲ့ ရဟတ်ယာဥ်အချို့ထိခိုက် ပျက်စီးမှုရှိခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်တွေက​ပြောပါတယ်။တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာမှာရွှေအိုက်ရပ်ကွက်ထဲကို ကျရောက်
ပေါက်ကွဲပြီး ဒေသခံတစ်ဦးသေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နမ့်​ပေါင်လေယာဉ်ကွင်းဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း လေကြောင်း တိုက်ခိုက်ရာမှာ စစ်တပ်က အဓိကအသုံးပြုနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ဧပြီလကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်ဝင်းကို ​တော်လှန်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုန်း ၁၀လုံးနဲ့ တိုက်ခိုက်ခဲ့ပါ​သေးတယ်။

အခုရက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်
(KIA) နဲ့ KPDF ပူးပေါင်းတပ်‌တွေက ဗန်းမော်မြို့
သိမ်းတိုက်ပွဲကိုအရှိန်မြှင့်နေပြီး ဖားကန့်မှာလည်း ပစ်ခတ်မှုတွေပြန်လည်ဖြစ်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လူတစ်စုက ဆိုင်ကယ်စီးအမျိုးသမီးသုံးဦးကို ဖမ်းဆီးရိုက်နှက်ပြီး တစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ ခရစ္စမတ်ညက ဖြစ်ပွားခဲ့ပါတယ်။

သတင်း

မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေပစ်တဲ့ လက်နက်ကြီးကျည်က လူနေရပ်ကွက်ထဲကိုကျလို့ အရပ်သား ၁ဦးသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လေတပ်ဝင်းအတွင်းမှာ ဒီနေ့(ဒီ‌ဇင်ဘာ ၂၆ရက်) မနက်ပိုင်းမှာ ပေါက်ကွဲသံတွေဆက်လက်ထွက်ပေါ်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

နိုဝင်ဘာ-၂၀၊၂၀၂၅။အိမ်သွင်/People’s Spring ဖားကန့်မှာ ယ​နေ့ (နိုဝင်ဘာလ၂၀) ညနက်ပိုင်းကစပြီး စစ်တပ်က လူနေရပ်ကွက်တွေဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေပြီး မြစ်ကြီးနားမြို့မှာလည်း ပြင်းထန်တဲ့‌ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ည ၁၁နာရီ ၂၁မိနစ်ခန့်ကစပြီး ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးနဲ့ပစ်နေတာဖြစ်ပါတယ်။ဆိုင်းတောင်ရွာဘက်ကလူနေအိမ်တချို့ကိုထိမှန်ပေါက်ကွဲနေပြီး ည ၁၂နာရီထိုးကာနီးအထိ ဆက်ပစ်နေပါတယ်။ လက်နက်ကြီးကျည်ဒလက်လွင့်စင်သွားတဲ့အသံပါကြားရပြီး အရပ်သားတွေအနီးပတ်ဝန်းကျင်ကို ဦးတည်ပစ်နေတာလို့...