close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်နဲ့ မပူးပေါင်းချင်ဘဲ ဒိန်းမတ် လက်အောက်မှာပဲ နေလို

အမေရိကန်ဆီ ပေါင်းစည်းဖို့ထက် ဒိန်းမတ် အစိုးရရဲ့ လက်အောက်မှာပဲ ဆက်ရှိနေချင်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က အတည်ပြု ပြောကြားလိုက်ပါတယ်။

အမေရိကန်ဆီ ပေါင်းစည်းဖို့ထက် ဒိန်းမတ် အစိုးရရဲ့ လက်အောက်မှာပဲ ဆက်ရှိနေချင်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က အတည်ပြု ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့မြောက်ပိုင်း၊ အာတိတ်ဒေသမှာ ရှိနေတဲ့ ဂရင်းလန်ကျွန်းကို သိမ်းယူနိုင်ရေးဟာ နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားအတွက် အထူးအရေးကြီးတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားထားတဲ့နောက် ဂရင်းလန်က အခုလို သဘောထား တုံ့ပြန်လာတာ ဖြစ်ပါတယ်။

ဂရင်းလန်ဟာ ဒိန်းမတ်အစိုးရ လက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံတစ်ခု အနေနဲ့ ရပ်တည်နေပါတယ်။ ထရမ့်ကတော့ ပထဝီဝင် အနေအထားအရ မဟာဗျူဟာမြောက်ပြီး သဘာဝ သယံဇာတတွေ ကြွယ်ဝတဲ့ ဂရင်းလန်ကျွန်းကို အနုနည်းနဲ့ဖြစ်ဖြစ်၊ အကြမ်းနည်းနဲ့ဖြစ်ဖြစ် ရအောင်ယူဖို့ ရည်ရွယ်ကြောင်း မကြာသေးခင်က ထပ်လောင်း အသိပေးထားပါတယ်။

ဒါပေမဲ့ ဂရင်းလန် ဝန်ကြီးချုပ် ကတော့ သူနဲ့ သူ့ပြည်သူတွေဟာ ဘယ်ဖက်ကို ရွေးမလဲဆိုတဲ့ မေးခွန်းမျိုး ကြုံလာရင် ကျိန်းသေပေါက် အမေရိကန်အစား ဒိန်းမတ်လက်အောက်မှာ ဆက်နေဖို့ ရွေးမယ်လို့ ဇန်နဝါရီ ၁၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒိန်းမတ် ဝန်ကြီးချုပ် မက်တေး ဖရက်ဒရစ်ခ်ဆန်နဲ့အတူ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ဂရင်းလန် ဝန်ကြီးချုပ်က သူ့နိုင်ငံရဲ့ သဘောထား ရပ်တည်မှုကို အပြတ်သားဆုံး ထုတ်ပြလာတာလည်း ဖြစ်ပါတယ်။

ထရမ့်က အမေရိကန်ဟာ ရုရှားနဲ့ တရုတ်တို့ကို တန်ပြန်ဖို့အတွက် ဂရင်းလန်ကို ပိုင်ဆိုင်နေဖို့ ကျိန်းသေ လိုအပ်ကြောင်း ပြောပါတယ်။ အိမ်ဖြူတော်က အဲဒီကျွန်းကို ဒိန်းမတ်ဆီကနေ ဝယ်ယူလိုကြောင်း ပြောပေမယ့် လိုအပ်လာရင် စစ်အင်အားသုံးတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့လည်း အရိပ်အမြွက် ခြိမ်းခြောက်ထားပါတယ်။

ဒိန်းမတ် လက်အောက်မှာပဲ နေလိုတယ်ဆိုတဲ့ ဂရင်းလန် ဝန်ကြီးချုပ်ရဲ့ စကားနဲ့ ပတ်သက်လို့တော့ ထရမ့်က ဒါဟာ ဂရင်းလန် အစိုးရရဲ့ ပြဿနာသာဖြစ်ပြီး သူကတော့ သဘောမတူကြောင်း၊ ဂရင်းလန် ဝန်ကြီးချုပ်အတွက် ဒါက ပြဿနာကြီး ဖြစ်လာမှာ သေချာကြောင်း တုံ့ပြန်သွားပါတယ်။

ဒိန်းမတ်နဲ့ အမေရိကန်တို့ဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်ကြပြီး နှစ်နိုင်ငံ သဘောတူညီမှုအရ ဂရင်းလန်မှာ အမေရိကန် စစ်အခြေစိုက် စခန်းတစ်ခု ထားရှိခွင့် ပြုထားသလို တပ်အင်အားကိုလည်း လိုအပ်သလောက် ဖြန့်ကျက်ဖို့ ဒိန်းမတ် အစိုးရက ခွင့်ပြုထားပါတယ်။

ဒါပေမဲ့ ထရမ့်ကတော့ အဲဒီအခြေအနေဟာ မြေငှားထားတဲ့ သဘောသာဖြစ်ပြီး အမေရိကန်အတွက် မလုံလောက်ကြောင်း၊ အမေရိကန်ဟာ ဂရင်းလန်ကို အပိုင်ရဖို့ လိုအပ်နေကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: BBC

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴

https://www.facebook.com/LuduNwayOo/subscribe/
𝗬𝗼𝘂𝗧𝘂𝗯𝗲 – https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 – /
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – https://t.me/peoplespring

ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကို တိုက်ခိုက်တော့မယ်လို့ ကောလာဟလတွေပျံ့နှံ့နေချိန်မှာပဲအမေရိကန်ဟာအရှေ့အ လယ်ပိုင်း ဒေသတွင်းမှာရှိတဲ့စစ်စခန်းတွေက တပ် ဖွဲ့ဝင် တချို့ကို ရုပ်သိမ်းပြီး ရွှေ့ပြောင်းနေစေခဲ့ပါတယ်။

သတင်း

အမေရိကန်ဆီ ရွှေ့ပြောင်းဝင်ရောက်ခွင့် ဆိုင်းငံ့ခံရတဲ့ နိုင်ငံတွေ စာရင်းကို ၇၅ ခုထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဥရောပ သမဂ္ဂ (EU)က ထုတ်ချေးထားတဲ့ ငွေကြေးတွေနဲ့ အမေရိကန် လက်နက်တွေ ဝယ်ယူမယ့် ယူကရိန်းရဲ့ အစီအစဉ်ကို ပြင်သစ် အစိုးရက ကန့်ကွက် တားဆီးထားကြောင်း သိရပါတယ်။

သတင်း

ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းအတွက် EUက ယူရိုငွေ ၉၀ ဘီလီယံကို ထုတ်ချေးဖို့ စီစဉ်ထားပြီး အမေရိကန်က အဲဒီငွေကြေးကို အမေရိကန်ဆီက စစ်လက်နက်တွေ ဝယ်ယူရေးအတွက် သုံးစွဲဖို့ ပြင်ဆင်နေတာပါ။ ဒါပေမဲ့ ဥရောပ အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်ကတော့ EUက ထောက်ပံ့ထားတဲ့ ငွေကြေးကို...