close
Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်မှာတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကမပခ ထဲကနေ လက်နက်ကြီး‌တွေ ပစ်နေ

ဝိုင်း‌မော်မြို့နယ်ထဲမှာဒီနေ့မနက် ၆နာရီခန့်ကစပြီး KIA၊KPDF ပူး‌ပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲအပြင်းအထန်ဖြစ်နေပါတယ်။

ကချင်ပြည်နယ် ​ရှေ့တန်းတစ်​နေရာမှာKIA တပ်ဖွဲ့ဝင်တစ်ဦး တိုက်ပွဲဝင်​နေစဥ်(ပုံ​ဟောင်းဖြစ်ပါတယ်)

​ဖေ​ဖော်ဝါရီ-၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဝိုင်း‌မော်မြို့နယ်ထဲမှာဒီနေ့မနက် ၆နာရီခန့်ကစပြီး KIA၊KPDF ပူး‌ပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲအပြင်းအထန်ဖြစ်နေပါတယ်။

လက်နက်ကြီးအပြန်အလှန်ပစ်ခတ်သံတွေကိုဖေဖော်ဝါရီ ၂ရက်မနက်အ​စောပိုင်းမှစပြီးမြစ်ကြီးနားမြို့ထဲက‌နေ ကြားနေရတာဖြစ်ပါတယ်။မြစ်
ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ထဲကနေပါစစ်တပ်ကလက်နက်ကြီး‌တွေ ပစ်ခတ်နေတယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

“ တော်တော်ကို ပြင်းပြင်းထန်ထန်ဖြစ်နေတာပါ။ အသံတွေ ဆူညံနေတာ။ ဝိုင်းမော်ဘက်ခြမ်းမှာ တော်တော် ပွဲကြမ်းနေတယ်” လို့ မြစ်ကြီးနားမြို့ခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝိုင်း‌မော်မြို့ဟာ မြစ်ကြီးနားမြို့ နဲ့ ဧရာဝတီမြစ်ပဲခြားပြီး အရှေ့ဘက်ကမ်းမှာ ရှိပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ KPDFတွေ ထိန်းချုပ်ထားတဲ့ လမြန်ကျေးရွာကို စစ်တပ်က ပြန်လည်တိုက်ခိုက်ဖို့ကြိုးပမ်းနေပြီး တိုက်ပွဲတွေ မကြာခဏဖြစ်နေပါတယ်။ဇန်နဝါရီလ၂၀ ရက်ကလည်းလမြန်ရွာမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်​ကောင်စီက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲက နေလက်နက်ကြီး‌တွေ ပစ်ခတ်ခဲ့ပါတယ်။

လမြန်ကျေးရွာမှာ၂၀၂၅ဩဂုတ်လကစပြီး တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

KIA ဦး​ဆောင်တဲ့ မဟာမိတ်တပ်​တွေက ကန်ပိုက်တီမြို့ကို ၂၀၂၄ နိုဝင်ဘာလမှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ပြီး စစ်တပ်မဟာမိတ် ပြည်သူ့
စစ်​တွေထိန်းချုပ်ခဲ့တဲ့ ကချင်အထူး​ဒေသ(၁)တစ်ခုလံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ် ။မြေရှားထွက်တဲ့ အဲဒီ​ဒေသကို စစ်တပ်က ပြန်သိမ်းပိုင်ထိန်းချုပ်နိုင်ဖို့ ၂၀၂၅ ခုနှစ်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့​တွေက ဝိုင်း​မော်က​နေ စစ်​ကြောင်းထိုးဖို့ကြိုးစားခဲ့​ပေမယ့်လမြန်ရွာကို​တောင် မ​ကျော်နိုင်ပဲ ပြန်တက်လိုက်၊ပြန်ဆုတ်လိုက်အကြိမ်ကြိမ်ဖြစ်​နေတာပါ။

တိုက်ပွဲတွေ အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ ဩဂုတ်လ နှောင်းပိုင်းမှာ လမြန်ရွာအနီးရှိ နမ့်ဝါရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ စစ်ဘေးရှောင်မိသား
စုဝင် ငါးဦး ဒဏ်ရာရခဲ့ပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။နိုဝင်ဘာလမှာလည်း ဝိုင်းမော်မြို့ပေါ်ကိုစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အရပ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ်မှာယခုရက်ပိုင်းအတွင်း ဗန်းမော်၊ ဖားကန့် နဲ့ တနိုင်းမြို့နယ်မှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ လမြန်ဒေသ တိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီတပ် သိမ်းပိုက်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ ကာကင်းစခန်းနေရာအချို့ကို KIAက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ တပ်စွဲရာ ကင်းစခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊၀ိုင်းမော်မြို့နယ်​၊လမြန်ဒေသ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအဆင့် အရာရှိ သေဆုံးခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်​တွေက ပြောပါတယ်။