close
Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့နယ် ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို အမျိုးသမီးရဲဘော်တွေက အသေခံဒရုန်းတွေနဲ့တိုက်ခိုက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ထိုးစစ်ဆင်လာတဲ့ စစ်တပ် အသေခံဒရုန်းတွေနဲ့တိုက်ခိုက်ခံရပြီး အထိနာနေတယ်လို့ AIF Myanmarတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဖေဖော်ဝါရီ-၁၂၊ ၂၀၂၆။ဇော်ဝင်း/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ထိုးစစ်ဆင်လာတဲ့ စစ်တပ် အသေခံဒရုန်းတွေနဲ့တိုက်ခိုက်ခံရပြီး အထိနာနေတယ်လို့ AIF Myanmarတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ချင်းတောင်တန်း ကာကွယ်ရေးအတွက် FPV ဒရုန်းတွေနဲ့ တိုက်ခိုက်မှုစစ်ဆင်ရေးကို AIF Myanmarတပ်ရဲ့ အမျိုးသမီး ရဲဘော်တွေနဲ့ ဖွဲ့စည်းထားတဲ့ WITCHတပ်ဖွဲ့က လုပ်ဆောင်တာလို့ ဆိုပါတယ်။

“ ဖလမ်းကိုထိုးလာတဲ့စစ်ကြောင်းကို အသေခံဒရုန်းတွေနဲ့ တိုက်တာ။အမျိုးသမီးတွေ ရှေ့တန်းမှာ ဦးဆောင်နေတာနဲ့ WITCH အဖွဲ့ရဲ့ တည်ရှိမှုကို တရားဝင်ထုတ်ဖော်ကြေညာတာ” လို့ အထက်ပါ တာဝန်ရှိသူက တိုက်ခိုက်မှုကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွေက ဒီကနေ့ (ဖေဖော်ဝါရီ၁၂ရက်)အထိ ပြင်းထန်နေဆဲဖြစ်တာကြောင့် တိုက်ခိုက်မှု စစ်ဆင်ရေးနယ်မြေအသေး စိတ်ကိုတော့ အထက်ပါတာဝန်ရှိသူက အသိမပေးပါဘူး။

အဆင့်မြင့်နည်းပညာအသုံးပြုထားတဲ့ အသေခံဒရုန်းတွေနဲ့ စစ်ကောင်စီရဲ့ Jammer(ဆက်သွယ်ရေးလှိုင်းဖြတ်စက်)တွေကို ကျော်လွှားပြီး တိုက်ခိုက်နိုင်တဲ့အကြောင်း နိုင်ငံခြားတကာတိုက်ပွဲအတွေ့အကြုံရှိတဲ့ တပ်သားတချို့ ပါဝင်တဲ့ဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး AIF Myanmar က ပြီးခဲ့တဲ့၂၀၂၅မှာ ထုတ်ပြန်ထားပါတယ်။

FPV (First-Person View) ဒရုန်းတွေကို ကာမီကာဇေ (အသေခံတိုက်ခိုက်ရေး)ပုံစံနဲ့ Drop-bomb ပုံစံ နှစ်မျိုးလုံးနဲ့ အသုံးပြုနေပြီး (၆)မိုင် အကွာအဝေးက ပစ်မှတ်တွေကို အောင်မြင်စွာ တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က ရုရှားနဲ့ တရုတ်တို့ရဲ့ နည်းပညာအကူအညီယူပြီး ဒရုန်းတွေကို အဆင့်မြှင့်တင်နေချိန်မှာ တော်လှန်ရေးအင်အားစုတွေ နဲ့အတူ ခိုင်မာစွာ ရပ်တည်ပြီး ထိရောက်မယ့် နည်းလမ်းမှန်သမျှကို ဆက်လက်ဖော်ဆောင်မယ်လို့လည်း ကြေညာထားပါတယ်။

AIF ​Myanmar တပ်ဖွဲ့က ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲအပြင် လက်တလော တီးတိန်နဲ့ စစ်ကိုင်းတိုင်းက တိုက်ပွဲအချို့မှာလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

လက်ရှိစစ်တပ်ဟာ ဖလမ်းမြို့ကို ပြန်ရဖို့အတွက် ၂၀၂၅ နိုဝင်ဘာကတည်းက အင်အား ၁၀၀၀ ဝန်းကျင်နဲ့ ထိုးစစ်ဆင်နေတာဖြစ်ပေမယ့် အရာရှိတွေအပါအဝင် သေဆုံးသူများတယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းကို စစ်အင်အားဖြည့်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။

ချင်းမြောက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေအတူ ပူးပေါင်းတိုက်ခိုက်နေပါတယ်။

ရုပ်သံ – AIF Myanmar

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၆၀)ကျော်အရွယ် သက်ကြီးရွယ်အို ၃ဦး သေဆုံးကာ ကလေးငယ် ၂ဦး အပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မိုးမိတ်မြို့ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ကားဝယ်စီးဖို့ ဒေသခံတွေဆီ ငွေတောင်းပြီး ဝယ်ခိုင်းနေလို့ အိမ်ထောင်စုအလိုက် ငွေစုပေးနေရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

သတင်း

စစ်တပ်က အာဏာသိမ်းခဲ့လို့ တိုင်းပြည်အတွင်း နိုင်ငံရေး ရှုပ်ထွေးမှုတွေ အကျပ်အတည်းတွေ ထပ်မံ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း မင်းတပ် ဒေသသတင်းရင်းမြစ်က အသိပေးထားပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိတယ်လို့ ပြောပါတယ်။

Facebook