close
Connect with us

Hi, what are you looking for?

သတင်း

“ထိုးစစ်ထောက်ပို့မန်းတိုင်းသို့” လှုပ်ရှားမှုမှ ကာကွယ်ရေးပစ္စည်း​တွေကို PDF​တွေလက်ခံရရှိ​ကြောာင်းNUG အသိပေး

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အတွက် “Road to Mandalay-ထိုးစစ်ထောက်ပို့မန်းတိုင်းသို့”ကမ်ပိန်းမှထောက်ပို့သောကာကွယ်ရေးပစ္စည်းများတပ်ရင်းတပ်ဖွဲ့များကလက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အတွက် “Road to Mandalay-ထိုးစစ်ထောက်ပို့မန်းတိုင်းသို့”ကမ်ပိန်းမှ PDF များအတွက် ကာကွယ်​ရေး​ပစ္စည်း​တွေကို PDF ​တွေထံ​ပေးအပ်စဥ်။ ဓါတ်ပုံ-NUG-PDF )

■တနင်္သာရီတိုင်းထိုးစစ်မှာပါဝင်မယ့် ချေမှုန်းရေးရဲဘော်တွေအတွက် ကျည်ကာတွေ တပ်ဆင်နိုင်ရေး ပံ့ပိုးပေးဖို့ နှိုးဆော်

ဖေဖော်ဝါရီ-၁၅၊၂၀၂၆။ထားမြတ်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အတွက် “Road to Mandalay-ထိုးစစ်ထောက်ပို့မန်းတိုင်းသို့”ကမ်ပိန်းမှထောက်ပို့သောကာကွယ်ရေးပစ္စည်းများတပ်ရင်းတပ်ဖွဲ့များကလက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မန္တလေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် အဲဒီ ကမ်ပိန်းကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လမှာ ပြုလုပ်ခဲ့တာပါ။ကမ်ပိန်းမှ ထောက်ပို့ကူညီသော ကာကွယ်ရေးပစ္စည်းတွေဟာ ကျည်ကာတွေနဲ့ ဦးထုပ်တွေ ဖြစ်ပြီး မြေပြင်တပ်ရင်းတပ်ဖွဲ့တွေဆီ ရောက်ရှိပြီလို့ ကာကွယ်​ရေးဝန်ကြီးဌာနက ​ဖေ​ဖော်ဝါရီ ၁၅ ရက်မှာအသိပေးခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကူညီထောက်ပို့မှုအတွက် Forward Myanmar အဖွဲ့နဲ့ တော်လှန်ပြည်သူတွေကို ကျေးဇူးအထူးတင်ရှိကြောင်း လည်း​​ဖော်ပြထားပါတယ်။

Forward Myanmar အဖွဲ့က အခု လုပ်ဆောင်နေတဲ့ “ဆီသို့လှမ်းချီ တနင်္သာရီ” ကမ်ပိန်းမှာလည်း ပါဝင် အားဖြည့်ကြဖို့ တိုက်တွန်းထားပါတယ်။

အဲဒီကမ်ပိန်းဟာလည်း တိုက်ပွဲဝင် PDF ရဲဘော်တွေကို ကျည်ကာတွေ တပ်ဆင်ပေးနိုင်ဖို့ ဖြစ်တယ်လို့ တနင်္သာရီတိုင်း စစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော်စတားက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်မှာ တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီကတပ်ဖွဲ့ဝင်၁,၀၀၀ ကျော်သေဆုံးခဲ့ကာ တနင်္သာရီတိုင်းစစ်ဌာနကရဲဘော် ၁၃၀ ထိခိုက်ကျဆုံးရှိခဲ့တယ်လို့ အသိပေးပြီး ကျဆုံးရဲဘော်တွေဟာ ရှေ့တန်းထွက်စဉ် ကျည်ကာ အပါအဝင် အကာအကွယ်ပစ္စည်းတွေ မစုံလင်လို့ ဖြစ်တယ်လို့ ပြောပါတယ်။

နောက်ပိုင်းမှာပြောက်ကျားစစ်ထက်ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်လာတာဖြစ်လို့ ရဲဘော်တွေ အကာအကွယ်ရှိနေဖို့ လိုအပ်ကြောင်းလည်း ရဲဘော်စတားက ပြောပါတယ်။

အထွေထွေထိုးစစ်မှာ တိုက်ခိုက်ရေးလုပ်နိုင်တဲ့ အင်အားတွေကိုထုတ်နှုတ်ပြီး ချေမှုန်းရေးအဖွဲ့တွေနဲ့ထိုးစစ်ဆင်မှာဖြစ်လို့ ချေမှုန်းရေးတပ်မှာ ပါတဲ့ရဲဘော်တွေတဦးချင်းစီအတွက်ကျည်ကာတွေလိုအပ်ကြောင်းလည်းပြောပါတယ်။

ဆက်စပ်သတင်းများ