ဖေဖော်ဝါရီ-၁၅၊ ၂၀၂၆။ ဇော်ဝင်း/People’s Spring
ကရင်နီပြည်နယ်၊ဖားဆောင်းမြို့နယ်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းကနေ နေ့စဥ်ဗုံးကြဲနေတယ်လို့ မြေပြင်ရဲဘော်တွေနဲ့ တာဝန်ရှိသူတွေက လူထုနွေဦးကို ပြောပါတယ်။
ဖားဆောင်းမြို့ကိုပြန်ထိန်းချုပ်လိုက်ပြီ ဆိုပြီး စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်တွေကနေ ရေးသားပြောဆိုနေမှုတွေဟာ မဟုတ်မှန်ဘူးလို့ မြေပြင်တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကပြောပါတယ်။
“ သူတို့(စစ်တပ်)ဘက်က သိတဲ့အတိုင်းဝါဒဖြန့်ကြမှာပဲ။အဓိကတော့ ပါပု နဲ့ နန့်ကစ်တကြောချဥ်းကပ်လာတယ်။လေယာဥ်နဲ့ပစ်တယ်။ဒရုန်းနဲ့တိုက်တယ်။စစ်ရေးအရတင်းမာနေတယ်” လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူကဖားဆောင်းတိုက်ပွဲအခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement
ဖားဆောင်းမြို့တွင်းကို ထိုးဖောက် ဝင်ရောက်နိုင်ဖို့ နဲ့ ပိတ်ဆို့ခံထားရတဲ့ ခြေလျင်တပ်ရင်း အမှတ် ၁၃၅ (ခလရ-၁၃၅)ကို မြေပြင်စစ်ကူပေးနိုင်ရေး ဖို့အပါအဝင် သံလွင်တံတားကို ပြန်ထိန်းချုပ်ဖို့ စစ် တပ်စစ်ကြောင်းတွေက ရည်ရွယ်တယ်လို့ သိရပါတယ်။
“ လေကြောင်းကတော့တနေကုန်ပဲ။ပါပုရွာ(ဖားဆောင်းမြို့နဲ့လေးမိုင်ခန့်အကွာ)နားစစ်တပ် စစ် ကြောင်းရှိနေတယ်” လို့ မြေပြင်ရဲဘော်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်ထိခိုက်မှု တွေ ရှိနေတယ်လို့လည်း သူက အသိပေးပါတယ်။
“ ဖားဆောင်းကို ထိန်းချုပ်ဖို့မပြောနဲ့ ပါပုကနေ မကျော်နိုင်သေးပါဘူး။စခတွေအထိနာပီးအကျတွေများနေပါတယ်။ဒါကြောင့်ဖာဆောင်းကိုနေ့တိုင်းလိုလိုလေယာဥ်နဲ့လာကြဲပီးလမ်းရှင်းနေတာပါ အရှေ့တိုးဖို့ပါ” လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဖားဆောင်းမြို့နယ်ရဲ့ အခြေစိုက်တပ်နှစ်ခု ထဲက ခလရ (၁၃၄) တပ်ရင်း ကို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS က ၂၀၂၅ ခုနှစ်၊ ဇွန် ၃၀ ရက်မှာ အလုံးစုံသိမ်းပိုက်ခဲ့ပါတယ်။ ခလရ (၁၃၅) တပ်ရင်ယကိုတော့အပြီးသတ်မ သိမ်းပိုက်နိုင်သေးပဲ ကရင်နီတပ်ပေါင်းစုက ဝန်းရံပိတ်ဆိို့ထားတာဖြစ်ပါတယ်။
ခလရ ၁၃၄ နဲ့ ၁၃၅ က ဓားလွယ်ခုတ်အနေအထားရှိပြီး တပ်နှစ်ခုကြား ပေ ၃၀၀၀ ဝန်းကျင်ကွာဝေးပါတယ်။ဘောလုံးကွင်းလေးကွင်းနီးပါး အကျယ်ရှိတဲ့ အဲဒီတပ်နှစ်ခုထဲမှာ အခိုင်အမာခံစစ် ပြင်ထားတယ်လို့ စစ်ရေးအချက်အလက်တွေအရသိရပါတယ်။
ဖားဆောင်းမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာ က ရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားပြီးဖြစ်တဲ့ မယ်စဲ့မြို့နယ်ရှိကာ အနောက်ဖက်ခြမ်းမှာ ကရင် ပြည်
နယ်သံတောင်ကြီး၊တောင်ဘက်ခြမ်းမှာ ဖာပွန် နဲ့ မြောက်ဘက်ခြမ်းမှာဘောလခဲမြို့နယ်ရှိပါတယ်။

















































