close
Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်မှာစစ်တပ်က မီးလောင်ဗုံးကြဲပြည်သူနေအိမ်တွေကိုမီးရှိူ့

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ၊အရှေ့ခြမ်းကသစ်ဆိမ့်ရွာအနီးကို စစ်တပ်က ရွာတွေပေါ် မီး လောင်ဗုံး တွေကြဲပြီး စစ်ကြောင်းထိုးဖို့ကြိုးစားတာ​ကြောင့်တိုက်ပွဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဖြစ်ခဲ့ပြီးနေအိမ်တချို့လည်း မီးလောင်ခဲ့တယ်လို့ ဒေသခံ​တွေကပြောပါတယ်။

(စစ်တပ်ကဒရုန်း နဲ့ မီး​လောင်ဗုံး​​ကြဲလို့​နေအိမ်မီး​လောင်စဥ်။ ။ရုပ်သံ-Wetlet Information)

ဖေဖော်ဝါရီ-၁၅၊၂၀၂၆။ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ၊အရှေ့ခြမ်းကသစ်ဆိမ့်ရွာအနီးကို စစ်တပ်က ရွာတွေပေါ် မီး လောင်ဗုံး တွေကြဲပြီး စစ်ကြောင်းထိုးဖို့ကြိုးစားတာ​ကြောင့်တိုက်ပွဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဖြစ်ခဲ့ပြီးနေအိမ်တချို့လည်း မီးလောင်ခဲ့တယ်လို့ ဒေသခံ​တွေကပြောပါတယ်။

စစ်တပ်ကသစ်ဆိမ့်၊ထုံးဘို၊ရှားကွဲ၊ရေဂမိုးစတဲ့ရွာအတန်းလိုက်ကိုတပ်စွဲထားပြီးဒရုန်းနဲ့ ပြည်သူပိုင် အိမ်တွေ အပေါ် မီးလောင်ဗုံးတွေကြဲခဲ့တာလို့​ဒေသခံအချို့က​ပြောပါတယ်။

ဖေဖော်ဝါရီလ၁၅ရက် ​နေ့ခင်း၁၂နာရီဝန်းကျင်မှာလည်း စစ်တပ်က ဒရုန်းနဲ့ မီး လောင်ဗုံးကြဲခဲ့တာမို့ ရှားကွဲလမ်းဆုံတောင်ဘက်ရှိတောက်ပကြယ် ကုန်စုံဆိုင် မီး လောင်ပျက်စီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်စစ်​ကြောင်းက အမှတ်(၃)ခရိုင်ချင်းဆက်လမ်းအတိုင်း တောင်ဘက်ကို ထွက်ဖို့ကြိုးစားလာတာမို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“ လက်နက်ကြီး၊လက်နက်ငယ်သံတွေတော်တော်ကြားရတယ်။ခလရ(၁၂)ကလည်းဆက်တိုက်ဒရုန်းတွေတက်တယ်။ ၁၂၀ မမနဲ့လည်းပစ်ကူတာတွေ့ရတယ်” လို့ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲဆီက ပစ်ခတ်သံဟာညနေပိုင်းမှာ​တော့ငြိမ်သက်သွားတယ် လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲမှာပါဝင်တဲ့PDFတပ်ရင်းတွေကတော့တိုက်ပွဲသတင်းကိုထုတ်ပြန်သွားမယ်လို့​ပြောပါတယ်။

စစ်တပ်က စဉ့်ကူးမြို့ဘက်က နေကျောက်မြောင်း ခလရ(၁၂)ဘက်ကို အင်အားတွေပို့ပြီးသစ်ဆိမ့်ရွာကိုထိန်းချုပ်ခဲ့ပြီး​နောက် ထိန်းချုပ်​ဒေသထပ်တိုးနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

ဒီစစ်ကြောင်းက ကျေးရွာတွေကိုလည်း ဆက်တိုက်မီးရှို့နေတာ​ကြောင့် ဒေသခံသောင်းနဲ့ချီစစ် ရှောင် နေရတယ်လို့လည်း​ဒေသခံအချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ