ဖေဖော်ဝါရီ ၂၄၊၂၀၂၆။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ် ပညာပေးဟောပြောပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဖေဖော်ဝါရီ ၂၄) မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန်သပိတ်စစ်ကြောင်းဟာ “ လှေပြောင်းစီးရုံနဲ့ မုန်တိုင်းကရပ်မသွားဘူး” စာသားကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ပြုလုပ်ခဲ့ပြီး စစ်တပ်ထုတ်ကုန်မသုံးစွဲရေး လက်ကမ်းစာစောင်တွေ မျှဝေခဲ့ကြပါတယ်။

စစ်တပ်က ရွေးကောက်ပွဲလုပ်ပြီး အစိုးရလုပ်ဖို့ ကြိုးပမ်းနေပေမယ့် ပြည်သူတွေကတော့ အရေခြုံ အစိုးအရအပေါ်လက်ခံမှာမဟုတ်ကြောင်းလည်း ကြွေးကြော်ခဲ့ကြပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက “ စုစည်းပါဝင် တော်လှန်ရေးအရှိန်တင်” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဟစ်ကြွေးမှုတွေနဲ့ လူထုသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

ဒီပဲယင်းမြို့နယ် ကျေးရွာတစ်ရွာမှာလည်း Depeyin Youth Community-DYC မှ လေကြောင်းရန် အန္တရာယ်အသိပညာပေးဟောပြောပွဲ၊ လူငယ်အဖွဲ့အစည်းမိတ်ဆက်နဲ့ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ Depeyin Youth Community

















































