မေ/ People’s Spring
မန္တလေးတိုင်းအတွင်းကတော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ နယ်မြေ တွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မှာ ဧရာဝတီမြစ်ကြောင်းတလျှာက်ကိုပါစိုးမိုးဖို့နိုင်ဖို့ ကြိုးစားလာပါတယ်။
မန္တလေးမြို့၊ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းတလျှောင်မှာရှိတဲ့ မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း-ထီးချိုင့် ၊ကသာ၊ရွှေကူ-ဗန်းမော်အထိ သွားတဲ့လမ်းကြောင်းပါ။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းကတည်းက ဒီရေလမ်းကြောင်းကို အသုံးပြုပြီး စစ်တပ်ကဗန်းမော်မြို့အထိ အင်အားရိက္ခာတွေကိုပို့ခဲ့ပါတယ်။

Public Service Announcement
ဒီရေလမ်းကြောင်းဟာမန္တလေးမြို့အနောက်ဘက် ကနေ ဧရာဝတီအတိုင်း အထက်ကိုဆန်တက်တာပါ။ ဒီရေလမ်းကြောင်းမှာမြစ်အနောက်ဘက်ကတော့စစ်ကိုင်းတိုင်းက မြို့နယ်တွေအများစု ဖြစ်ပါတယ်။အရှေ့ဘက်ခြမ်းကတော့ မန္တလေးတိုင်းပါ။

စစ်ကိုင်းတိုင်းကတော်လှန်ရေးအားကောင်းတဲ့ ဒေသဖြစ်တာမို့ စစ်တပ်က ဒီရေလမ်းကြောင်းကို အသုံးမပြုနိုင်သေးပါဘူး။
ဒီရေလမ်းကြောင်းကို စစ်တပ်အသုံးပြုပြီး လူ၊လက်နက်ခဲယမ်းနဲ့ရိက္ခာတွေဖြည့်ခဲ့တာက ၂၀၂၅ခုနှစ်မိုးရာသီကဖြစ်ပါတယ် ။၂၀၂၅ ဇူလိုင်လမှာ စစ်တပ်က သင်္ဘောနဲ့ရေယာဥ်စုစုပေါင်း ၁၇စီးအထိ အသုံးပြုပြီး ဗန်မော်မြို့ကို စစ်ကူနဲ့လက်နက်ခဲယမ်း၊ရိက္ခာတွေပို့ဖို့ကြိုးစားခဲ့တာပါ ။ဗန်မော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ၂၀၂၄ ခုနှစ်ဒီဇင်ဘာလကတည်းက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာပါ ။ မြို့နေရာအများစုနဲ့ တပ်စခန်းများစွာကိုတော်လှန်ရေးတပ်တွေကထိန်းချုပ်နိုင်ပေမယ့် အဓိကတပ်ရင်းဌာနချုပ်နဲ့ တပ်ရင်းတွေကို မထိန်းချုပ်နိုင်သေးလို့မြို့ကိုအပြီးသတ်မသိမ်းပိုက်နိုင်ခဲ့ပါဘူး။
ဒါကြောင့် စစ်တပ်က စစ်ရေးအရအချက်အချာကျပြီး ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော် ဗန်းမော်မြို့ မကျအောင် ရေယာဥ်အစီး ၂၀ ကျော်ကိုရဟတ်ယာဥ်ပစ်ကူ၂စီး နဲ့ ဆန်တက်ခိုင်းခဲ့ပါတယ်။ မတ္တရာအထိ စစ်တပ်ရေးယာဥ်တွေအေးဆေးဆန်တက်နိုင်ခဲ့ပေမယ့် တကောင်းမြို့နယ်အကျော်မှာတင် PDF တွေအပါအဝင်တော်လှန်ရေးတပ်တွေက ရေမြှပ်မိုင်းတွေ၊ ပွိုင့်ဖိုက်စက်လက်တွေ၊ လက်နက်ကြီးမျိုးစုံသုံးပြီး အပြင်အထန်တိုက်ခိုက် ခဲ့တာမို့ ရေယာဥ်အချို့ ပျက်စီးသွားခဲ့ပါတယ် ။ စစ်ရေယာဥ်တွေပေါ်မှာလိုက်ပါလာတဲ့စစ်သားတွေလည်းသေဆုံး၊ဒဏ်ရာရသူတွေများခဲ့ပါတယ်။
PDF တွေ၊ ပကဖတွေနဲ့တော်လှန်ရေးတပ်တွေတိုက်ခိုက်ချိန်မှာ သင်္ဘော ပေါ်မှာ ရှိနေတဲ့ စစ်သား တဦး က “ ဘယ်ကပစ် နေမှန်းကိုမသိဘူး။တအုန်းအုန်းအသံ တွေပဲကြားနေရတာ။ထိတဲ့သူရော သေတဲ့သူရောတော်တော်များတယ်။မကုနိုင်လို့ သပိတ်ကျင်းဝင်ပို့ခဲ့ရသူ တွေပါရှိတယ်” လို့ ပြန်ပြောပြပါတယ်။
ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘော (၁၇) စီးကိုPDF တွေ ၊ပကဖ တွေက သပိတ်ကျင်းမြို့နယ်အတွင်းတွင် ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၁ စီး ပျက်စီးမီးလောင်ခဲ့ပါတယ်။ဒါအပြင် ၁ စီးနစ်မြုပ်ခဲ့ပြီး ၂ စီးပျက်သွားလို့ဆက်လက်မောင်းနှင်လို့မရဖြစ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကထုတ်ပြန်ခဲ့ပါတယ် ။
ဒါကြောင့် မန္တလေး ဂေါဝိန်ဆိပ်ကနေ စစ်ရေယာဥ်အချို့ ထပ်မံလာရောက်ဖြည့်တင်းပြီး အထက်ကိုလေကြောင်းပစ်ကူနဲ့ဆန့်တက်ခဲ့ပါတယ် ။အဲဒီရေယာဥ်အုပ်စုကို ရွှေကူနဲ့ ဗန်းမော်ကြားမှာလည်း KIA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြပြန်ပါတယ် ။ ဖြတ်တောက်တိုက်ခိုက်မှုကြောင့်စစ်သင်္ဘော ၆ စီးပျက်စီးခဲ့ပြီး ၁၀ စီးကျော်သာ ဗန်းမော်မြို့သို့သြဂုတ်လဆန်းမှာရောက်ရှိခဲ့ပါတယ် ။

ဒီတစ်ကြိမ်ဟာစစ်တပ်အတွက် စစ်ရေယာဥ်တွေကို ဗန်းမော်ကိုအစီးရေများစွာရောက်အောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ် ။၂၀၂၄ မိုးရာသီမှာမန္တလေးကနေ ဗန်းမော်သွားတဲ့ စစ်သင်္ဘောအညးလုံးနီးပါးကတော့ KIA နဲ့မဟာမိတ်တွေရဲ့ တိုက်ခိုက်ဖျက်ဆီးမှုခံခဲ့ရတာပါ ။မန္တလေးမြို့ကနေ သြဂုတ်လ ၂၈ ရက်မှာ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဗန်မော်မြို့ကို စစ်သင်္ဘော ၈ စီးနဲ့ဆန်တက်လာတဲ့ရေယာဥ်အုပ်ကို KIA နဲ့မဟာမိတ်တွေက ရွှေကူနဲ့ဗန်မော်ကြားတိုက်ခိုက်ဖျက်ဆီးနှစ်မြှပ်ခဲ့တာပါ။
ဒါကြောင့် ဧရာဝတီမြစ်ကြောင်းတလျှောက်ဟာသယ်ယူပို့ဆောင်ရေးအတွက်တင်အသုံးဝင်တာမဟုတ်ပဲ စစ်ရေးအရလည်းအရေးကြီးလှပါတယ်။
မန္တလေးတိုင်းကို စစ်ရေးထိန်းချင်တဲ့ စစ်တပ်ဟာ စစ်ကိုင်းတိုင်းနဲ့ခြားထားတဲ့ ရေလမ်း ကြောင်းကို ယူထားနိုင်မှသာ မန္တလေးတိုင်းလုံခြုံရေး စိတ်ချရမယ့် အခြေအနေပါ။
“ ဥပမာ- စစ်ကိုင်းက နေမြစ်ကူးပြီး ဝင်လုပ်လိုက်တယ်။ပြီးရင် အေး အေး ဆေး ဆေး စစ်ကိုင်းဘက်ပြန်ဝင်လိုက်တယ်။ဒီအ ခြေအနေကို စကစက အဖြစ်ခံမှာ မဟုတ်ဘူး” လို့ ရွှေဘိုခရိုင်တပ်ရင်းတခုရဲ့တာဝန်ရှိသူက ပြောပါတယ်။
ဒီရေလမ်းကြောင်းကိုထိန်းချုပ်ဖို့ စစ်တပ်ဘယ်လို ကြံစည်နေသလဲဆိုတာ ဆက်လေ့လာကြည့် ရအောင်ပါ။
စစ်တပ်ကမတ္တရာမြို့နယ်အနောက်ခြမ်းကို ၂၀၂၅ ဩဂုတ်လမှာပဲ ရေကြောင်းကနေ အင်အားပို့တာ တွေလုပ်ခဲ့ပါတယ်။ ဩဂုတ်လမှာပဲမိုးကြိုးရွာကို ဝင်ရောက်စီးနင်းပြီး မြစ်ကမ်းတလျှောက်ရွာတွေကို အင်အားအနည်းငယ်စီချကာတပ်ဖြန့်ပြီးတပ်စွဲခဲ့ပါတယ်။

မတ္တရာမြို့နယ်အနောက်ခြမ်းနဲ့ မျက်နှာချင်းဆိုင်းဧရာဝတီမြစ်ရဲ့အနောက်ဘက်ကမ်းမှာဆိုရင် စစ်ကိုင်းမြို့နယ် နဲ့ ဝက်လက်မြို့နယ်တောင်ခြမ်းတို့ရှိပါတယ်။ ဒီနေရာမှာလည်း မင်းကွန်းကို အင်အားတိုးပြီး စစ်တပ်ကအထိုင်ချတပ်စွဲသလို မကြာခဏ စစ်ကြောင်းထိုးနယ်မြေစိုးမိုးမှုတိုးရအောင်လုပ်ပါတယ်။
၂၀၂၆ ဇန်နဝါရီလ၂ ရက်နေ့က မတ္တရာမြို့နယ်ကနေတဆင့်စဉ့်ကူးမြို့နယ် အနောက်ခြမ်း ကို စစ်တပ်က အင်ကူတွေပို့ခဲ့ပါတယ်။အဲဒီနေ့က စပြီး မြစ်ကမ်းဘေး ကျေးရွာတွေကို အထိုင်ချပြီး ဝက်လက်မြို့နယ်အရှေ့ခြမ်းက မြစ်ကမ်း ဘေးရွာ တွေကို လက်နက်ကြီးတွေ နဲ့ဆက်တိုက်ပစ်ခတ်ပါတော့တယ်။
အဲဒီနောက် စစ်တပ်က မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အစပ်ကရွာတွေမှာထပ်တိုးတိုးပြီးတပ်စွဲခဲ့ပါတယ်။
ကြက်တူရွေး၊သဲအင်းနဲ့ကျွန်းကြီးရွာတို့ကို ထပ်ပြီးတပ်စွဲလိုက်တာပါ။အဲဒီကနေ စဉ့်ကူးနယ်ကိုဆန်တက်မယ်ဆို အထက်မှာ စစ်တပ်ထိန်းချုပ်ထားတဲ့ထုံးကြီးရွာရဲစခန်းနဲ့ စဉ့်ကူးမြို့တို့ရှိနေပါတယ်။
ဒီအခြေအနေကိုသုံးသပ်မယ်ဆိုရင် ဧရာဝတီမြစ်အရှေဘက်ခြမ်း မန္တလေးတိုင်းက မြစ်ကမ်းတလျှောက်ကိုစစ်တပ်ကပြန်ထိန်းချုပ်နိုင်ခဲ့တာလို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။ဒါပေမယ့်အဲဒီကနေ ဗန်းမော်အထိ ဆန်တက်မယ်ဆိုရင် ၅နှစ်တာလုံး စစ်တပ်ရေယာဥ်တွေတက်လာရင်အပြင်းအထန်ဖြတ်တောက်တိုက်ခိုက်လေ့ရှိတဲတကောင်း ၊ထီးချိုင့် ၊ရွှေကူမြို့နယ်တို့ရှိပါတယ်။
မန္တလေးတိုင်းမှာ စစ်တပ်မထိန်းချုပ်နိုင်သေးတာတစ်မြို့တည်းကျန်နေတဲွတကောင်းမြို့ကို တော့ စစ်တပ်ကတန်ပြန်ထိုးစစ်ဆင်နေပေမယ့် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိမြို့နဲ့ မိုင် ၂၀ ကျော်အကွာမှာပဲ ရှိပါသေးတယ်။
မြစ်ဧရာတဖက်ကမ်း စစ်ကိုင်းကတော့ စစ်သင်္ဘောတွေကို အိပ်မက်ဆိုးပေးနေဆဲဖြစ်ပါတယ်။
ဒီလိုဧရာဝတီမြစ် အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်း အခြေအနေမတူတဲ့ရေကြောင်းကိုစစ်တပ်က အပြည့်အဝထိန်းနိုင်ဖို့ ၂၀၂၆မှာတော့ ထပ်မံကြိုးစားလာပါတယ်။
စစ်ကိုင်းမြို့တပ်မ(၃၃) ကနေလည်း စစ်ကြောင်းထွက်ခဲ့သလို မင်းကွန်းရွာကစစ် ကြောင်းလည်း စစ်ကိုင်းနယ် ဧရာဝတီမြစ်ရိုးတလျှောက်ကို လှုပ်ရှားစစ်ကြောင်းထိုးလာပါတယ်။စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်း ၂ကြောင်းနဲ့ မြစ်ရိုး ဘေးကို စစ်ကြောင်းထိုး လေ့ရှိပါတယ်။
အဲဒီမြောက်ဘက်က ဝက်လက်မြို့နယ်ကိုလည်း ရှိမ်းမကား ရဲစခန်းစစ် ကြောင်းနဲ့ ကျောက် မြောင်း ခလရ (၁၂)တပ်ရင်း တွေပေါင်း ပြီးအမှတ်(၃) ခရိုင်ချင်းဆက်လမ်းကို အသုံးပြုကာ မြစ်ကမ်း ဘေး ကျေးရွာတွေကို စစ်ကြောင်းထိုးပြန်ပါတယ်။
မန္တလေးတိုင်းက နေ ဇန်နဝါရီလ၁၈ ရက်နေ့မှာ ဝက်လက်မြို့နယ်အ ရှေ့ခြမ်းကို အင်အားရာချီပို့ခဲ့ပါတယ်။လက်နက်ခဲယမ်းကား ပါဝင်ပြီး ပွိုင့်ဖိုက် အပါအဝင်လက်နက်ကြီးမျိုးစုံပါဝင်ပါတယ်။
အဲဒီစစ်ကြောင်းဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ကမ်းဖြူရွာမှာတပ်စွဲခဲ့ပြီး ခလရ(၁၂) စစ်ကြောင်းကလည်း ဝက်လက်မြိုနယ်၊ထုံးဘိုရွာကို တပ်စွဲပြီးတော့ စစ်ကြောင်းထိုးခဲ့ပါတယ်။
ဇန်နဝါရီလမှာဒီစစ်ကြောင်း၂ ကြောင်းနဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ရဲ့ဂျန်ဘာကားအပါအဝင်ကား၂စီးကို တော်လှန်ရေး တပ်တွေဖျက်ဆီးနိုင်ခဲ့ပါတယ်။ ကမ်းဖြူရွာက စစ်ကြောင်းကတော့ ဇန်နဝါရီလ၂၇ ရက် နေ့မှာ ပြန်ဆုတ်သွားပြီး ခလရ(၁၂)စစ်ကြောင်းက ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်းမှာ ဆက်ကျန်နေပါတယ်။.
ကချင်ပြည်နယ်၊ဗန်းမော်ကိုသွားနိုင်ဖို့အတွက် ဆိုရင် ကားလမ်းပိုင်းတွေဟာ စစ်ကိုင်းတိုင်းမှာဆိုရင် မြို့ကြီးတေ်နဲ့နီးတဲ့ ဝက်လက်နယ် နဲ့ မန္တလေးမှာတိုင်းဆိုရင် မန္တလေး- မိုးကုတ်လမ်းပိုင်းကနေ သပိတ်ကျင်းကိုပါ စစ်တပ်က ရထားပေမယ့်ယာဥ်တန်းတွေသုံးဖို့စစ်တပ်အတွက် အန္တရာယ်များတဲ့ကားလမ်း တွေဖြစ် နေပါ သေးတယ်။
ရေလမ်းကို စိုးမိုးဖို့ အင်အားထောင်ချီသုံးပြီး စစ်တပ်အထိုင်ချလိုက်၊ တပ်ဖြန့်လိုက်၊စစ်ကြောင်းထိုးလိုက်တွေလုပ် နေပေမယ့် ထီးချိုင့်မှာတောင်တော်လှန် ရေးတပ် တွေတိုက်ပွဲပြန်စနေတာမို့ မလွယ်ကူတဲ့အခြေအနေပါ။
တဖက်မှာ စစ်ကိုင်းကနေ အမှတ်(၃)ခရိုင်ချင်းဆက်လမ်းကနေ ခလရ(၁၂) ကျောက်မြောင်းအထိကိုစစ်တပ်ကထိန်းချုပ်နိုင်ဖို့ကိုလည်းဆက်တိုက်လုပ်နေပါတယ်။
စစ်တပ်ဘက်က ထိုးစစ်တကြော့ ပြန်လာချိန်မှာဧရာဝတီကြောင်းဟာ ကချင်ပြည်နယ်အထိအင်အားပို့နိုင်ပြီး အရေးပါတဲ့ရေလမ်းကြောင်း ဖြစ်တယ်ဆိုတာကိုလည်း စစ်တပ်ရော၊တော်လှန်ရေးတပ်တွေကပါ နှစ်ဖက်စလုံးသိတဲ့ အခြေအနေဖြစ်ပါတယ်။
လက်ရှိကတော့ ဒီရေလမ်း ကြောင်းတလျှောက်ကို စစိတပ် မကြာခဏ စစ်ကြောင်းထိုးသလို တော်လှန်ရေးတပ် တွေနဲ့ မကြာခဏ တိုက်ပွဲတွေဖြစ် နေပါတယ်။ ဒါပေမယ့် လတ်တလော ရေလမ်း ကြောင်းအသုံးပြုမှုကို တော့ မတ္တရာမြို့နယ်အနောက်ခြမ်းကိုပဲ စစ်တပ်တိုးနိုင်တာပါ။
လက်တလောမှာမြစ်ရေကျချိန်ဖြစ်တာမို့ သင်္ဘောတွေအတွက် ရေလမ်းကြောင်းကျဉ်းချိန်ဖြစ်နေပါတယ်။ ရေတိုးတဲ့မိုးရာသီ ဇွန်လလောက်မှာတော့ စစ်တပ်ရဲ့ ရေလမ်း ကြောင်း အသုံးပြုမှုကို စောင့်ကြည့်သင့်တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။ ။

















































