close
Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့အနီး တိုက်ပွဲပိုပြင်းထန်လာ၊ စစ်ကောင်စီ ဗုံးကြဲလေယာဉ်ပျံဝဲနေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးမှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ ဗုံးကြဲလေယာဉ်တချို့ ပျံဝဲနေတယ်လို့ မြို့ခံတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေကြပါတယ်။

မိုးကုတ်မြို့မှာ တွေ့ရတဲ့ မန္တလေး PDFက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ-Soe Thura Zaw

မတ်−၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးမှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ ဗုံးကြဲလေယာဉ်တချို့ ပျံဝဲနေတယ်လို့ မြို့ခံတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေကြပါတယ်။

တိုက်ပွဲက မိုးကုတ်မြို့အနောက်ပိုင်းက ကျေးရွာတချို့မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီကတည်းက ဖြစ်နေတာဖြစ်ပြီးပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။

” မြို့ထဲမှာ ဘယ်အချိန်ထကြမလဲလို့ စိုးရိမ်နေတာ။အခုညကျတော့ မြို့ထဲကနေ အတိုင်းသားကြားနေရပြီ။ စစ်တပ်က Y12ရော၊ဂျက်ရော ပျံနေတယ်။လေကြောင်းကို လန့်နေတာ” လို့ မြို့ခံတစ်ဦးက ဒီကနေ့ မတ်လ ၂ရက် ညမှာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများပြားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

တအာင်းတပ်မတော်(TNLA)က မိုးကုတ်နဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်အပ်ပေးပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်စစ်ကြောင်းတွေက ၂၀၂၅ အောက်တိုဘာမှာ ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း မြို့အနီးမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ ၉ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီတပ်စစ်ကြောင်းတွေကို နိုဝင်ဘာ ၃၀ရက်ကစပြီး တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှုရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ MODက အသိပေးထားပါတယ်။

MODက မိုးကုတ်-မိုးမိတ် စစ်ဆင်ရေးအခြေအနေကိုသုံးကြိမ်မြောက်ထုတ်ပြန်ချက်အဖြစ်ဖေဖော်ဝါရီ ၂၈ ရက်ကထုတ်ပြန်တာမှာ၂၀၂၆ခုနှစ် ဇန်နဝါရီအတွင်း တိုက်ပွဲကြီး (၇)ကြိမ် ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီအတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၁၀)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကိုလည်း လိုအပ်တဲ့ ဆေးဝါးကုသမှုတွေနဲ့အတူ စနစ်တကျထိန်းသိမ်းထားတယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီက သွေးခွဲရေးဗျူဟာကျင့်သုံးလျက်ရှိရာ ပအိုဝ်းအချင်းချင်း တိုက်ကြဆိုတဲ့ သွေးခွဲရေးဗျူဟာကို များစွာသတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက သတိပေးပါတယ်။

သတင်း

မင်းတုန်းမြို့နယ်မှာ အများပြည်သူ စုဝေးရာနေရာဖြစ်တဲ့ ကုန်ကားစခန်းနေရာကိုအာဏာသိမ်းစစ်တပ်က လေကြောင်းကနေအကြိမ်ကြိမ် ဗုံးကြဲလို့ အရပ်သား ၂၀ကျော်သေဆုံးပြီး ၊ ၂၀​ကျော် ဒဏ်ရာရခဲ့တယ်လို့ ​ဒေသခံ​တွေ နဲ့ ​တော်လှန်​ရေးအဖွဲ့​တွေက​ပြောပါတယ် ။

သတင်း

ပုလဲမြို့နယ်မှာPDF နဲ့ ပကဖပူးပေါင်းတပ်တွေက အာဏာသိမ်းစစ်တပ်စစ်ကြောင်း​တွေကိုကြားဖြတ်တိုက်ခိုက်တာကြောင့် မြေပြင်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကဂျက်ဖိုက်တာနဲ့ရောပါရာမော်တာနဲ့ပါ ဗုံးကြဲခဲ့ပါတယ်။

သတင်း

စစ်တပ်က လေယာဉ်၊ဒရုန်းနဲ့ အပြင်းအထန် တိုက်ခိုက်ဟု KIAပြော

Facebook