close
Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့နယ်က နေရာ ၂ခု စစ်ကောင်စီ ဗုံးကြဲ၊ နေအိမ်တွေ ပျက်စီး

ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ် လုမ်းဘန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

မတ်လ ၅ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီဖလမ်းမြို့ ဗုံးကြဲအပြီး မြင်ကွင်း။ ဓာတ်ပုံ - VOC

မတ်-၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ် လုမ်းဘန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

မတ်လ ၅ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

” မနေ့က ဗုံးကြဲမှုမှာ အရပ်သား ထိခိုက်မှု မရှိဘူး။ နေအိမ်တချို့တော့ ပျက်စီးမှုရှိတယ်လို့ပဲ သိရတယ်။ အိမ်တွေ ဘယ်လောက်ပျက်သွားသလဲဆိုတာတော့ အတိအကျ မသိရဘူး”လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖလမ်းမြို့ပေါ် ဗုံးကြဲခံရမှုမှာတော့ နေအိမ်အချို့ ပျက်စီးမှု များပြားတာကို တွေ့ရကြောင်းလည်း ပြောပါတယ်။

စစ်ကောင်စီဟာ ဖလမ်းမြို့ ပြန်ရဖို့ မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေချိန် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိပါတယ်။ လေကြောင်းတိုက်ခိုက်ရာမှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေအပြင် တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ကျေးရွာတွေကိုလည်း စစ်ကောင်စီက တိုက်ခိုက်ခဲ့တာရှိကြောင်း ချင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မြေပြင်က စစ်အင်အားဖြည့်တင်း ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို တီးတိန်မြို့နယ် သိုင်းငင်းရွာနဲ့ ဖလမ်းမြို့အကြားမှာ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ဝင်ကာကွယ်ရေးတပ်တွေအတူပူးပေါင်းတိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားသကဲ့သို့ ချင်းတော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးထိခိုက်မှုရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ ဖလမ်းမြို့ ပြန်ရဖို့ ၂၀၂၅ နှစ်ကုန်ပိုင်းက ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲလေးလ ကျော်ကြာတဲ့အထိ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်‌တွေမြို့အနီးမှာတိုက်ပွဲပြင်းထန်နေပြီးအာဏာသိမ်းစစ်တပ်က ပေါက်တောမြို့ကို ဒီနေ့ည ၉နာရီခန့်ကစပြီး လေကြောင်းက‌နေ ဗုံး ၈လုံးကြဲချသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

စစ်တပ်က ပြန်လည်ထိန်းချုပ်သွားတဲ့ မတ္တရာမြို့နယ်မှာ ပြည်သူတွေ နေအိမ်တွေမှာပြန် နေဖို့စည်းရုံးပြီးတဲ့နောက် PDFနဲ့ နီးစပ်တယ်လို့သံသယရှိသူတွေကို စစ်တပ်က ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်က တကောင်းမြို့ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ စစ်ရှောင်ပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နယ်ကို စစ်တပ်က လေကြောင်းပါသုံးပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။