နိုင်ငံတကာ
နိုက်ဂျီးရီးယား နိုင်ငံ ပိုင်နက်ထဲမှာ ခရစ်ယာန်တွေကို လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ရှိနေပြီး အမေရိကန်ကိုယ်တိုင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်လာနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ နိုက်ဂျီးရီးယား အစိုးရကတော့ ပြည်တွင်းမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ရှိနေတယ် ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။

















































