Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘန်​ကောက်မှာMove Forward ပါတီ​ထောက်ခံသူ​တွေဆန္ဒပြ

Move Forward ပါတီနဲ့ ဖိထာ​ထောက်ခံသူ​တွေဟာ တနဂါ်​နွေ​နေ့မှာဘန်​ကောက်မြို့ထဲဆိုင်ကယ်​တွေစီးပြီး ဆန္ဒပြတဲ့အခါ လမ်း​ဘေးဝဲယာက ပြည်သူ​တွေကလည်း အား​ပေးကြပြီး လက်သုံး​ချောင်း​ထောင်ပြကြသလို ၊ကား​တွေကလည်းဟွန်းတီးပြီးဆန္ဒထုတ်​ဖော်ကြတာကိုလည်း ထိုင်းလူမှုကွန်ယက်မီဒီယာ​တွေမှာ​တွေ့ရပါတယ်။

ဓါတ်ပုံ-The Nation ၊ Khaosod English
ဓါတ်ပုံ-The Nation ၊ Khaosod English

ထိုင်း​ရွေး​ကောက်ပွဲ အနိုင်ရ Move Forward ပါတီကို ထောက်ခံသူ​တွေက ဒီ​နေ့ (ဇူလိုင် ၁၆) မှာဘန်​ကောက်မြို့မှာ ဆန္ဒပြကြပါတယ်။ ပြီခဲ့တဲ့ကြာသာပ​တေး (ဇူလိုင် ၁၃) ​နေ့က ထိုင်းလွှတ်​တော်မှာ ဝန်ကြီးချုပ်​လောင်းမဲ​ပေး​ရွေးချယ်မှုမှာ စစ်တပ်ခန့်အထက်လွှတ်​တော် အမတ်​တွေကMove Forward ​ခေါင်း​ဆောင် ဖိထာ လန်ဂျာရွတ်ရတ် ကိုမဲမ​ပေးခဲ့တဲ့အ​ပေါ် စိတ်ပျက်​ကြောင်း ရှင်းရှင်းလင်းလင်းထုတ်​ဖော်ပြသကြပါတယ်။

နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူနဲ့​ရှေ့နေအာနွန်နမ်ပါဦးဆောင်တဲ့ Move Forward ပါတီ​ထောက်ခံသူ​တွေက စစ်ရုံးချုပ်​ရှေ့မှာစု​ဝေးပြီး ဝန်ကြီးချုပ်​လောင်းမဲ​ပေး​ရွေးချယ်ပွဲမှာ ပျက်ကွက်ခဲ့တဲ့ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်နဲ့ ရဲချုပ်တို့ကိုလည်း စစ်တပ်ခန့် လွှတ်​တော်အမတ်​တွေအဖြစ်က နှုတ်ထွက်ကြဖို့ ​တောင်းဆိုခဲ့ကြပါတယ်။

Move Forward ပါတီနဲ့ ဖိထာ​ထောက်ခံသူ​တွေဟာ တနဂါ်​နွေ​နေ့မှာဘန်​ကောက်မြို့ထဲဆိုင်ကယ်​တွေစီးပြီး ဆန္ဒပြတဲ့အခါ လမ်း​ဘေးဝဲယာက ပြည်သူ​တွေကလည်း အား​ပေးကြပြီး လက်သုံး​ချောင်း​ထောင်ပြကြသလို ၊ကား​တွေကလည်းဟွန်းတီးပြီးဆန္ဒထုတ်​ဖော်ကြတာကိုလည်း ထိုင်းလူမှုကွန်ယက်မီဒီယာ​တွေမှာ​တွေ့ရပါတယ်။

ဇူလိုင် ၁၃ ရက်က ထိုင်းလွှတ်​တော်မှာ ဝန်ကြီးချုပ်​လောင်းအတွက်မဲ​ပေး​ရွေးချယ်ပွဲမှာ ဖီထာဟာ အမတ် ၇၅၀ ရှိတဲ့အနက် ၃၇၆ ဦးရဲ့ ထောက်ခံမှု လိုအပ်ပေမယ့် ၇၀၄ မဲထိ ရေတွက်ပြီးချိန်မှာ ၃၂၄ မဲပဲ ရရှိခဲ့ပါတယ် ။ စစ်တပ်ခန့် အမတ်အများစုက ဖိထာကိုမဲမ​ပေးခဲ့ကြပါဘူး။ဒါအပြင်ကြာသာပ​တေး​နေ့က မဲ​ပေး​ရွေးချယ်မှုကို အမတ် ၃၀ ​ကျော်ကလည်းပျက်ကွက်ခဲ့ပါတယ်။