Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အိန္ဒိယ ရွေးကောက်ပွဲမှာ မိုဒီဦးဆောင်တဲ့ လက်ယာယိမ်း နိုင်ငံရေး မဟာမိတ် အင်အားစု အောင်ပွဲခံ

ဒီနှစ် ရွေးကောက်ပွဲမှာ အတိုက်အခံတွေဟာ ပိုပြီး စုစုစည်းစည်းနဲ့ မိုဒီကို စိန်ခေါ်ဖို့ ကြိုးစားလာခဲ့သလို နိုင်ငံရဲ့ တချို့သော မဲဆန္ဒနယ်တွေမှာ BJPရဲ့ မူဝါဒတွေအပေါ် လူကြိုက်များမှုလည်း ကျဆင်းလာပါတယ်။

အိန္ဒိယ ရွေးကောက်ပွဲမှာ မိုဒီဦးဆောင်တဲ့ လက်ယာယိမ်း နိုင်ငံရေး မဟာမိတ် အင်အားစု အောင်ပွဲခံ
အိန္ဒိယ ရွေးကောက်ပွဲမှာ မိုဒီဦးဆောင်တဲ့ လက်ယာယိမ်း နိုင်ငံရေး မဟာမိတ် အင်အားစု အောင်ပွဲခံ

တစ်လခွဲလောက် ရှည်လျားတဲ့ အိန္ဒိယ ရွေးကောက်ပွဲရဲ့ ကနဦး ရလဒ်တွေ ထွက်ပေါ်လာတဲ့နောက် ကြိုတင်ပြီး ခန့်မှန်းထားတဲ့အတိုင်း ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ လက်ယာယိမ်း နိုင်ငံရေး မဟာမိတ် အင်အားစုကပဲ ဆက်လက် အောင်ပွဲခံခဲ့ပါတယ်။

ဒါကြောင့် မိုဒီဟာ အိန္ဒိယ ဝန်ကြီးချုပ်အဖြစ် တတိယ အကြိမ်မြောက် ၅ နှစ်သက်တမ်းကို ထမ်းဆောင်ခွင့် ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ဟိန္ဒူ အမျိုးသားရေး ဝါဒစွဲ ဘာရာတီယာ ဂျန်နက်တာ ပါတီ (BJP)ကတော့ ဆယ်စုနှစ် တစ်ခုအတွင်း ပထမဆုံး အကြိမ်အဖြစ် လွှတ်တော်ထဲမှာ အသာစီးနဲ့ ထိန်းချုပ်နိုင်မယ့် သောင်ပြိုကမ်းပြို အနိုင်ရလဒ်ကို စွန့်လွှတ်ခဲ့ရပါတယ်။

BJP ဦးဆောင်တဲ့ အမျိုးသားရေး မဟာမိတ် အင်အားစုတွေဟာ အိန္ဒိယရဲ့ လူများစု ဟိန္ဒူဘာသာဝင်တွေကို အဓိက ပစ်မှတ်ထားပြီး မဲဆွယ်ခဲ့တာကြောင့် လူနည်းစု မွတ်ဆလင်တွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။ လူနည်းစု ဆိုပေမယ့်လည်း အိန္ဒိယရဲ့ မွတ်ဆလင် ဦးရေက သန်း ၂၀၀ ကျော် ရှိပါတယ်။

အခု ရွေးကောက်ပွဲမှာ BJP ဦးဆောင်တဲ့ နိုင်ငံရေး မဟာမိတ် အင်အားစုဟာ စုပေါင်း အနိုင်ရလဒ် ပိုင်ဆိုင်ခဲ့ပေမယ့် BJP ပါတီ တစ်ခုတည်း အနေနဲ့ကတော့ လွှတ်တော်အမတ် နေရာ ၂၄၀ မှာသာ အနိုင်ရခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၅ နှစ် ရွေးကောက်ပွဲတုန်းက ၃၀၃ နေရာ ရရှိခဲ့တာနဲ့ ယှဉ်ရင် သိသာတဲ့ ဆုတ်ယုတ်မှု ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ဒီနှစ် ရွေးကောက်ပွဲမှာ အတိုက်အခံတွေဟာ ပိုပြီး စုစုစည်းစည်းနဲ့ မိုဒီကို စိန်ခေါ်ဖို့ ကြိုးစားလာခဲ့သလို နိုင်ငံရဲ့ တချို့သော မဲဆန္ဒနယ်တွေမှာ BJPရဲ့ မူဝါဒတွေအပေါ် လူကြိုက်များမှုလည်း ကျဆင်းလာပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရတာ သေချာခဲ့တဲ့နောက် မိုဒီဟာ နယူးဒေလီ မြို့တော်မှာ ထောက်ခံ အားပေးသူတွေနဲ့ တွေ့ဆုံပြီး ၃ ကြိမ်ဆက် ဝန်ကြီးချုပ် သက်တမ်းအတွက် အောင်ပွဲခံခဲ့ပါတယ်။

သူ့ရဲ့ အစိုးရကို တတိယ သက်တမ်းအတွက် ရွေးချယ်ခဲ့တာဟာ နိုင်ငံအတွက် အကြီးမားဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်ကြောင်း၊ အိန္ဒိယဟာ သမိုင်းအသစ်ကို ရေးထိုးသွားမှာဖြစ်ပြီး ဒါဟာ သူက ပေးနိုင်တဲ့ အာမခံချက်ဖြစ်ကြောင်း မိုဒီက ပြောကြားသွားပါတယ်။

BJPရဲ့ အဓိက အတိုက်အခံ ပြိုင်ဘက်လို့ ဆိုနိုင်တဲ့ ကွန်ဂရက်ပါတီကတော့ ၂၀၁၉ ခုနှစ်တုန်းက လွှတ်တော်အမတ် နေရာ ၅၂ ခုသာ ရခဲ့ပေမယ့် ဒီနှစ်မှာတော့ ၉၉ နေရာထိ တိုးပွားရရှိလာမယ်လို့ ယုံကြည်ရပါတယ်။ ဒီအလှည့်အပြောင်းဟာ အိန္ဒိယမှာ မိုဒီကို မလိုချင်တော့ဘူးဆိုတဲ့ ပြည်သူဦးရေ မြင့်တက်လာတာကို မြင်သာစေတယ်လို့ ကွန်ဂရက်ပါတီရဲ့ ခေါင်းဆောင် ရာဟူလ် ဂန္ဒီက သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယမှာ ရွေးကောက်ပွဲတွေကို အဆင့် ၇ ခုခွဲခြားပြီး တစ်လခွဲလောက်ကြာအောင် အချိန်ယူ ကျင်းပခဲ့ရပါတယ်။ အခုရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီးတဲ့နောက် BJPအတွက် ထောက်ခံမဲဟာ ၃၆.၆ ရာခိုင်နှုန်းရှိပြီး လွန်ခဲ့တဲ့ ၅ နှစ်ကထက် သိသိသာသာ လျော့ကျသွားတာလည်း ဖြစ်ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ အဓိက မဟာမိတ် နိုင်ငံတစ်ခုဖြစ်တဲ့ တောင်ကိုရီးယားဟာ မြောက်ပိုင်းက ရန်ဘက် အိမ်နီးချင်းတွေနဲ့ တင်းမာမှုတွေ အမြင့်ဆုံး အခြေအနေမှာ ရှိနေပါတယ်။

နိုင်ငံတကာ

၂၀၁၄ ခုနှစ် ကတည်းက ဝန်ကြီးချုပ် ဖြစ်လာတဲ့ မိုဒီဟာ ပြည်တွင်းမှာ လူကြိုက်များဆဲ ဆိုပေမယ့် အခုနှစ် ရွေးကောက်ပွဲမှာတော့ အဓိကပြိုင်ဘက် ရာဟူလ်ဂန္ဒီ ဦးဆောင်တဲ့ အတိုက်အခံတွေ စုစည်းပြီး သူ့ကို အပြင်းအထန် ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဒဏ်ကို အဆိုးဆုံး ခံစားရမယ့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ် ခံထားရပြီး မကြာသေးခင် နှစ်ပိုင်းတွေအတွင်း အပူလွန်ကဲမှုနဲ့ ရေကြီးမှုတွေကို မကြာခဏ ရင်ဆိုင် ကြုံတွေ့ခဲ့ရပါတယ်။

နိုင်ငံတကာ

စစ်တပ်က အာဏာသက်တမ်း ၅ နှစ်ထပ်တိုးတဲ့ ကိစ္စကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ညီလာခံမှာ လျင်လျင်မြန်မြန်ပဲ ဆုံးဖြတ်ချက် ချခဲ့ပြီး အဲဒီ ဆွေးနွေးမှုတွေကို နိုင်ငံရေးပါတီတွေ တက်ရောက်ခဲ့ခြင်းလည်း မရှိကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။