Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိန်းချုပ်ထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေရဲ့ အတိုးနှုန်းနဲ့ ယူကရိန်းကို ထောက်ပံ့ဖို့ G7 သဘောတူ

ဇီလန်စကီးကလည်း ယူကရိန်းအတွက် မယိမ်းမယိုင် ထောက်ပံ့ပေးနေဆဲ ဖြစ်တဲ့အတွက် အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေကို ကျေးဇူးတင်စကား ပြောကြားသွားပါတယ်။

ထိန်းချုပ်ထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေရဲ့ အတိုးနှုန်းနဲ့ ယူကရိန်းကို ထောက်ပံ့ဖို့ G7 သဘောတူ
ထိန်းချုပ်ထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေရဲ့ အတိုးနှုန်းနဲ့ ယူကရိန်းကို ထောက်ပံ့ဖို့ G7 သဘောတူ

ထိန်းချုပ်ထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေရဲ့ အတိုးနှုန်းကို ချေးငွေအဖြစ် ယူကရိန်းအတွက် ထောက်ပံ့ပေးဖို့ G7 အဖွဲ့က အတည်ပြု သဘောတူလိုက်ပါတယ်။

ကမ္ဘာ့ထိပ်သီး စီးပွားရေး အင်အားစု နိုင်ငံတချို့ စုဖွဲ့ထားတဲ့ G7ရဲ့ ဆုံးဖြတ်ချက်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ယူကရိန်းရဲ့ ကြံ့ကြံ့ခံ တွန်းလှန်မှုမှာ ဒီမိုကရေစီ နိုင်ငံကြီးတွေက နောက်မဆုတ်တမ်း ဆက်လက် ပံ့ပိုးနေမယ်ဆိုတဲ့ သတိပေးမှု တစ်ခုလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ကြွေးကြော်ခဲ့ပါတယ်။

ရုရှားကတော့ ဒီလုပ်ရပ်အပေါ် အကြီးအကျယ် နာကျည်းပြီး ထိထိရောက်ရောက် လက်တုံ့ပြန်မယ်လို့ ကြုံးဝါးထားပါတယ်။

G7 နိုင်ငံတွေက ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ချေးငွေပုံစံ ပြောင်းပြီး ယူကရိန်းဆီ ထောက်ပံ့မှုဟာ နှစ်ကုန်ပိုင်းထိ အကောင်အထည် ပေါ်လာဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ယူကရိန်းရဲ့ စစ်စရိတ် လိုအပ်ချက်ကို ရေရှည် ထောက်ပံ့ဖို့ အဖြေတစ်ခု ဖြစ်လာနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

အီတလီမှာ ကျင်းပတဲ့ G7 ညီလာခံမှာတော့ ဘိုင်ဒန်ဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့အတူ ၁၀ နှစ် သက်တမ်းရှိတဲ့ လုံခြုံရေး သဘောတူ စာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ပါသေးတယ်။ ဇီလန်စကီးက အဲဒီ သဘောတူညီမှုဟာ သမိုင်းဝင် ခြေလှမ်းသစ် တစ်ခုလို့ ညွှန်းဆိုခဲ့ပါတယ်။

အဲဒီ သဘောတူညီချက်ဟာ ယူကရိန်းအတွက် အမေရိကန်က စစ်ရေးနဲ့ လေ့ကျင့်ရေး အထောက်အပံ့တွေ ပေးပို့မှုကို ဆက်လက် တည်မြဲစေမှာ ဖြစ်ပေမယ့် ယူကရိန်းဆီ အမေရိကန်တပ်တွေ စေလွှတ်တာမျိုးတော့ ရှိလာမှာ မဟုတ်ပါဘူး။

၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲခဲ့ချိန် ကတည်းက G7နဲ့ ဥရောပ သမဂ္ဂတို့က ရုရှားဆီက ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားခဲ့တာ ဒေါ်လာ ၃၂၅ ဘီလီယံဖိုးလောက် ရှိနေပါတယ်။ အဲဒီ ပမာဏကြောင့် နှစ်စဉ် အတိုးနှုန်း ဒေါ်လာ ၃ ဘီလီယံလောက် ပုံမှန် ရရှိစေပြီး ဒီငွေကြေးတွေကို ယူကရိန်းအတွက် နှစ်စဉ် ချေးငွေ အနေနဲ့ ထောက်ပံ့သွားမယ့် သဘောပါ။ ကနဦး အဆင့်အဖြစ် G7ဟာ ယူကရိန်းဆီ စုစုပေါင်း ဒေါ်လာ ၅၀ ဘီလီယံ ပြည့်မြောက်တဲ့ထိ တစ်သုတ်ချင်းစီ ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားပါတယ်။

ဒေါ်လာ ၅၀ ဘီလီယံဟာ ယူကရိန်းအတွက် အလုပ်ဖြစ်စေမယ့် အထောက်အပံ့ကောင်းလို့ ဘိုင်ဒန်က မှတ်ချက် ပေးခဲ့ပြီး အနောက်နိုင်ငံတွေက ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ နောက်မတွန့် သွားဘူးဆိုတာ ရုရှားကို ထပ်မံသက်သေ ပြခဲ့တာ ဖြစ်တယ်လို့ ဘိုင်ဒန်က ကြွေးကြော်ခဲ့ပါတယ်။

ဇီလန်စကီးကလည်း ယူကရိန်းအတွက် မယိမ်းမယိုင် ထောက်ပံ့ပေးနေဆဲ ဖြစ်တဲ့အတွက် အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေကို ကျေးဇူးတင်စကား ပြောကြားသွားပါတယ်။

G7မှာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်နဲ့ ကနေဒါတို့ စုဖွဲ့ ပါဝင်နေပါတယ်။ မေလတုန်းကလည်း အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့ ဒေါ်လာ ၆၁ ဘီလီယံ ပေးပို့ရေးအတွက်လည်း အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပူတင်ရဲ့ အဆိုမှာ အရေးကြီးတဲ့ အချက်တွေအဖြစ် လက်ရှိ ရုရှား ထိန်းချုပ်ထားတဲ့ ယူကရိန်း နယ်မြေတွေကို ယူကရိန်းက စွန့်လွှတ်ပြီး တပ်တွေ ရုပ်သိမ်းပေးဖို့၊ NATO စစ်မဟာမိတ် အဖွဲ့ထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေမှုတွေကို ရပ်တန့်ဖို့ ဆိုတာတွေ ပါရှိခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ရေတပ်ဖွဲ့ထဲမှာ နျူကလီးယား ရေငုပ်သင်္ဘောတစ်စီး ပါဝင်ပေမယ့် အမေရိကန် စစ်ထောက်လှမ်းရေးကတော့ ဘယ်ရေယာဉ်မှ နျူကလီးယား လက်နက်တွေ တင်ဆောင်လာတဲ့ အထောက်အထား မတွေ့ရဘူးလို့ ပြောပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ထဲမှာ အမှုထမ်းရင်း အိန္ဒိယ နိုင်ငံသားနှစ်ဦးဟာ ယူကရိန်း ပဋိပက္ခမှာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းအတွက် ဝမ်းနည်းမိကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘိုင်ဒန်က သူဟာ ပူတင်အကြောင်းကို နှစ်ပေါင်း ၄၀ လောက် သိထားခဲ့ကြောင်း၊ အဲဒီ နှစ် ၄၀ လုံးလုံး သူနဲ့ပတ်သက်သမျှ စိတ်အေးစရာ မရှိခဲ့ကြောင်း ဆိုပါတယ်။