Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အပစ်ရပ် သဘောတူညီချက်အတွက် ဟားမားစ်ရဲ့ တောင်းဆိုမှုတချို့ အလုပ်မဖြစ်နိုင်ဘူးလို့ ဘလင်ကန်ပြော

ဟားမားစ်က ပြင်ဆင်လိုတဲ့ သူတို့ရဲ့ အဆိုပြုချက်တွေကို ဂါဇာ အခြေစိုက် တခြား ပါလက်စတိုင်း ပြောက်ကျား အဖွဲ့တစ်ခုဖြစ်တဲ့ အစ္စလာမ်မစ် ဂျီဟတ်နဲ့ ပူးတွဲ တင်ပြခဲ့ပြီး အပြုသဘောဆန်တဲ့ အကောင်းမြင် သဘောထားမျိုးနဲ့ ချဉ်းကပ်ထားတယ်လို့ ဆိုပါတယ်။

အပစ်ရပ် သဘောတူညီချက်အတွက် ဟားမားစ်ရဲ့ တောင်းဆိုမှုတချို့ အလုပ်မဖြစ်နိုင်ဘူးလို့ ဘလင်ကန်ပြော
အပစ်ရပ် သဘောတူညီချက်အတွက် ဟားမားစ်ရဲ့ တောင်းဆိုမှုတချို့ အလုပ်မဖြစ်နိုင်ဘူးလို့ ဘလင်ကန်ပြော

အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုမှာ ဟားမားစ်တွေဖက်က တောင်းဆိုချက်တချို့ ပြောင်းလဲလိုက်ခြင်းက အခက်တွေ့စေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီယို ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ အစ္စရေးနဲ့ ဟားမားစ်တို့ကြား တစ်လခွဲလောက် ပထမအဆင့် အပစ်အခတ် ရပ်စဲပြီး အဲဒီကနေ ဂါဇာမှာ စစ်ပွဲလုံးဝ ရပ်ဆိုင်းသွားတဲ့ထိ ကြိုးစားမယ့် အပစ်ရပ် အဆိုပြုချက် တစ်ခုကို တင်သွင်းထားပါတယ်။ ဒါပေမဲ့ အခု ဟားမားစ်တွေဖက်က ပြန်လည် တင်ပြခဲ့တဲ့ တချို့သော အချက်အလက်တွေဟာ အလုပ်မဖြစ်နိုင်လောက်ဘူးလို့ ဘလင်ကန်က ဆိုပါတယ်။

ဒါကြောင့် အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်ဖို့ မတင်မကျ ပြန်ဖြစ်လာပြီး ဘလင်ကန်ကတော့ အမေရိကန်ဟာ ညှိနှိုင်းမှုတွေကို လက်မလျှော့ဘဲ ဆက်လက် လုပ်ဆောင်သွားမယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ဒိုဟာမြို့မှာ အိမ်ရှင်နိုင်ငံ ကာတာ ဝန်ကြီးချုပ် ရှိတ်ခ် မိုဟာမက် ဘင် အက်ဘ်ဒူလာမန် ဘင် ဂျာဆင်မ် အယ်လ်သာနီနဲ့ ဇွန်လ ၁၂ ရက်က တွေ့ဆုံခဲ့တဲ့နောက် ဘိုင်ဒန်က ဂါဇာစစ်ပွဲဟာ ဟားမားစ်တွေရဲ့ လက်ရှိ တုံ့ပြန်ထားတဲ့ အဆိုပြုချက်တွေကြောင့် ဆက်လက် ဖြစ်ပွားနေဦးမယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်က ကြားဝင် ညှိနှိုင်းပေးထားတဲ့ အပစ်အခတ် ရပ်စဲရေး အဆိုကို ဟားမားစ်တွေဖက်က အချက်အလက် တော်တော်များများကို ပြင်ဆင်စေပြီး ပြန်လည် ပေးပို့ တင်ပြထားတာ ဖြစ်ပါတယ်။ ဟားမားစ် အလိုရှိနေတဲ့ တချို့ အချက်တွေက ညှိယူလို့ရပြီး တချို့ကတော့ မဖြစ်နိုင်ဘူးလို့ ဘလင်ကန်က ဆိုတယ်။ သူက မဖြစ်နိုင်တဲ့ အချက်တွေကို အသေးစိတ်တော့ မပြောခဲ့ပါဘူး။

အစောပိုင်းတုန်းက ဟားမားစ် ပြောက်ကျား ခေါင်းဆောင်ပိုင်းက အစ္စရေးဆီက ရာနှုန်းပြည့် အပစ်အခတ် ရပ်စဲရေး ကတိမျိုးကို အလိုရှိကြောင်း သဘောထား ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အစ္စရေး အစိုးရကတော့ ဂါဇာမှာ ဟားမားစ်တွေရဲ့ ကြီးစိုးမှု ချုပ်ငြိမ်းသွားတဲ့အထိ စစ်ဆင်ရေးတွေကို ဆက်လက် လုပ်ဆောင်မယ်လို့ တင်းတင်းမာမာ ကြေညာထားပြီး ဖြစ်ပါတယ်။

ဟားမားစ်က ပြင်ဆင်လိုတဲ့ သူတို့ရဲ့ အဆိုပြုချက်တွေကို ဂါဇာ အခြေစိုက် တခြား ပါလက်စတိုင်း ပြောက်ကျား အဖွဲ့တစ်ခုဖြစ်တဲ့ အစ္စလာမ်မစ် ဂျီဟတ်နဲ့ ပူးတွဲ တင်ပြခဲ့ပြီး အပြုသဘောဆန်တဲ့ အကောင်းမြင် သဘောထားမျိုးနဲ့ ချဉ်းကပ်ထားတယ်လို့ ဆိုပါတယ်။

မေလကုန်တုန်းက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် တင်ပြခဲ့တဲ့ ဂါဇာ အပစ်ရပ် သဘောတူညီမှုဟာ အဆင့်လိုက် အကောင်အထည် ဖော်ဖို့ဆိုတဲ့ အချက်တွေ ထည့်သွင်းထားပြီး ဂါဇာကနေ အစ္စရေးတပ်တွေ တဖြည်းဖြည်း ဆုတ်ခွာဖို့၊ ဟားမားစ်တွေ ထိန်းသိမ်းထားတဲ့ အစ္စရေး ဓားစာခံတွေ ပြန်လွတ်ဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ ပိုမိုပေးပို့နိုင်ဖို့ ဆိုတာတွေကနေ နောက်ဆုံးရည်မှန်းချက်က စစ်ပွဲကို အပြီးတိုင် ရပ်ဆိုင်းဖို့အထိ ပါဝင်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု အနေနဲ့ အဲဒီ အဆိုပြုချက်ကို လက်ခံသင့်ကြောင်း မဟာမိတ် အမေရိကန် အစိုးရက တိုက်တွန်းနေပေမယ့် တစ်ဖက်မှာလည်း သဘောထား တင်းမာတဲ့ အစ္စရေး ဝန်ကြီး တချို့က ဟားမားစ်တွေနဲ့ အပစ်အခတ် ရပ်စဲရင် အစိုးရထဲက နုတ်ထွက်မယ်လို့ ခြိမ်းခြောက်နေကြောင်း သိရပါတယ်။

ကိုးကား: CNN⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

ဟန်နီရာဟာ ဟားမားစ်ရဲ့ စကားပြော တင်းမာ ပြတ်သားသူ ခေါင်းဆောင်တစ်ဦးအဖြစ် လူသိများပါတယ်။ နိုဝင်ဘာလတုန်းကလည်း ဂါဇာမှာ ရှိနေတဲ့ သူ့ရဲ့ မိသားစု နေအိမ်ဟာ အစ္စရေး လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေး သတင်းဌာန တစ်ခုဖြစ်တဲ့ Haaretzကလည်း အစ်ဆာ အပါအဝင် သေဆုံးမှု အခြေအနေတွေကို အတည်ပြုနိုင်အောင် အစ္စရေး စစ်တပ်က အပူတပြင်း စုံစမ်းနေတယ်လို့ ဖော်ပြသွားပါတယ်။

သတင်း

စစ်ကောင်စီ၏ လုပ်ရပ်မှာ ရရှိထားသည့် ဟိုင်ဂင်အပစ်ရပ်စဲရေး အကောင်အထည်ဖော်ရာတွင် အခက်အခဲ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဖော်ပြ သည်။