close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘတ်ဂျတ် ပြဿနာကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်တွေ အများအပြား ရုပ်သိမ်းဖို့ ဆုံးဖြတ်

ရန်ပုံငွေ အကျပ်အတည်းတွေကြောင့် ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်တွေကို ကမ္ဘာအနှံ့မှာ သိသိသာသာ ဖြတ်တောက် လျှော့ချသွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Reuters

ရန်ပုံငွေ အကျပ်အတည်းတွေကြောင့် ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်တွေကို ကမ္ဘာအနှံ့မှာ သိသိသာသာ ဖြတ်တောက် လျှော့ချသွားမယ်လို့ သိရပါတယ်။

ကမ္ဘာတလွှားမှာ ဖြန့်ကျက်ထားတဲ့ အော်ပရေးရှင်း ၉ ခုထဲက ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်အင်အားရဲ့ စုစုပေါင်း ၄ ပုံ ၁ ပုံလောက်ကို လျှော့ချသွားမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ထိပ်ပိုင်း အရာရှိတွေက အောက်တိုဘာ ၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အဓိက ရန်ပုံငွေ ထောက်ပံ့သူဖြစ်တဲ့ အမေရိကန် အစိုးရဆီက နောက်ထပ်ရမယ့် အကူအညီ ငွေကြေးတွေနဲ့ ပတ်သက်လို့ ဘာမှ မသေချာတော့တာက ကုလသမဂ္ဂအတွက် အခက်အခဲတွေ အများကြီး ရင်ဆိုင်လာရစေပါတယ်။

ခြုံငုံပြီး ပြောရရင်တော့ ကမ္ဘာတလွှားမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအတွက် ဖြန့်ကျက်ထားတဲ့ တပ်ဖွဲ့ဝင်တွေ၊ ရဲတွေ၊ သူတို့ရဲ့ အသုံးအဆောင်တွေထဲက ၂၅ ရာခိုင်နှုန်းလောက်ကို ပြန်သိမ်းဆည်းယူ၊ ခေါ်ယူရမှာဖြစ်ကြောင်း၊ အရပ်ဖက် ဝန်ထမ်း အများအပြား အပေါ်မှာလည်း ထိခိုက်သက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း အမည်မဖော်လိုတဲ့ ကုလသမဂ္ဂ အကြီးတန်း အရာရှိ တစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Reuters

အဓိပ္ပါယ်ကတော့ ကုလသမဂ္ဂဟာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်အတွက် ဖြန့်ကျက်ထားတဲ့ တပ်ဖွဲ့ဝင်နဲ့ ရဲဝန်ထမ်း အရေအတွက် ၁၃၀၀၀ ကနေ ၁၄၀၀၀ လောက်ကို ရုပ်သိမ်းရတော့မယ့် သဘောပါပဲ။ အကျိုးဆက်အဖြစ် တောင်ဆူဒန်၊ ကွန်ဂို၊ လက်ဘနွန်၊ ကိုဆိုဗို၊ ဆိုက်ပရပ်သစ်၊ အလယ်ပိုင်း အာဖရိက၊ အနောက်ပိုင်း ဆာဟာရ၊ ဂိုလန်ကုန်းမြင့်နဲ့ ဆူဒန်တို့မှာတို့က ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်တွေအပေါ် ရိုက်ခတ်မှုတွေ ကြီးကြီးမားမား ရှိလာမှာ ဖြစ်ပါတယ်။

အမေရိကန်ဟာ ကုလသမဂ္ဂရဲ့ အဓိက အလှူရှင်အဖြစ် ရပ်တည်နေပြီး အသုံးစရိတ် အားလုံးရဲ့ ၂၆ ရာခိုင်နှုန်းကို ထောက်ပံ့ထားသလို တရုတ်ကတော့ ဒုတိယ နေရာမှာ ရပ်တည်ရင်း ၂၄ ရာခိုင်နှုန်းလောက် ခွဲတမ်းကို တာဝန်ယူထားပါတယ်။

နောက်ပြီး အမေရိကန်ဟာ ဇူလိုင် ၁ ရက်နေ့မှာ စတင်မယ့် ဘဏ္ဍာရေး နှစ်သစ်မတိုင်ခင် ကုလသမဂ္ဂဆီ ထောက်ပံ့မယ်လို့ ကတိပြုထားတဲ့ထဲက ဒေါ်လာ ၁.၅ ဘီလီယံလောက် ပေးချေဖို့ ကျန်နေပါသေးတယ်။ ဒါ့အပြင် အရင်ကြွေးကျန်လည်း ဒေါ်လာ ၁.၃ ဘီလီယံလောက် ရှိနေတာကြောင့် စုစုပေါင်း ဒေါ်လာ ၂.၈ ဘီလီယံလောက် မပေးရသေးတဲ့ သဘောပါ။

အမေရိကန် အစိုးရကတော့ သိပ်မကြာခင်မှာ ကုလသမဂ္ဂဆီ ဒေါ်လာ သန်း ၆၈၀ လောက် ပေးအပ်ဖို့ကို စတင်ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ဘတ်ဂျတ် အစီအမံကိစ္စ လွှတ်တော် ဆွေးနွေးမှု မအောင်မြင်လို့ အမေရိကန် အစိုးရ ယန္တရား လည်ပတ်မှုတွေ လျှော့ချရပြီး shutdown ဖြစ်နေတာကြောင့် နှောင့်နှေးမှုတွေ ဖြစ်လာမယ့် သဘောပါ။

ထရမ့်ဟာ နိုင်ငံတကာ အရေးကိစ္စတွေမှာ ကုလသမဂ္ဂရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး လူသိရှင်ကြား ဝေဖန်ထားသလို ဩဂုတ်လတုန်းကလည်း ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင် အသုံးစရိတ် ဒေါ်လာ သန်း ၈၀၀ လောက်ကို လျှော့ချစေခဲ့ပါတယ်။

ဒါ့အပြင် မာလီ၊ လက်ဘနွန်နဲ့ ကွန်ဂိုတို့မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်တွေ မအောင်မြင်ခဲ့တာကို ထောက်ပြပြီး ၂၀၂၆ ခုနှစ်အတွက် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဘတ်ဂျ်တွေကို ဖယ်ရှားပစ်ဖို့ပါ အိမ်ဖြူတော်က အဆိုပြုထားကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အငြင်းပွားစရာတွေ အများကြီး ရှိနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရ အသုံးစရိတ်နဲ့ အခွန်မူကြမ်းဟာ လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုချက် ရရှိသွားပြီ ဖြစ်ပါတယ်။

News

လက်ရှိ ကမ္ဘာရွှေဈေးမှာ အကျဘက်ကို ဦးတည်ပြီး ဒီဇင်ဘာ ၉ရက်တွင် တစ်အောင်စကို ၁၇၈၅ ဒေါ်လာပေါက်ဈေးရှိသည်။ ဒီဇင်ဘာ ၁ ရက်တွင် ၁၇၉၃ ဒေါ်လာပေါက်ဈေးရှိခဲ့သည်။