close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ တိုက်ပွဲကြားထဲက‌ စစ်မှုထမ်းတပ်သားနှစ်ဦး သေနတ်ယူပြီး KIA၊KPDFထံ ထွက်ပြေးလာ

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာစစ်ရေးတင်းမာနေစဉ် စစ်ကောင်စီတပ်စစ်ကြောင်းက စစ်မှုထမ်းတပ်သား နှစ်ဦးဟာ လက်နက်ခဲယမ်းတွေယူထွက်ပြေးလာပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်ထံ အလင်းဝင်လာခဲ့ပါတယ်။

လက်နက်နဲ့ အလင်းဝင်လာတဲ့ တပ်သားနှစ်ဦးကို KPDFတာဝန်ရှိသူက ဆုငွေချီးမြှင့်နေစဉ်။ ဓာတ်ပုံ - CJ

နိုဝင်ဘာ-၁၂၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာစစ်ရေးတင်းမာနေစဉ် စစ်ကောင်စီတပ်စစ်ကြောင်းက စစ်မှုထမ်းတပ်သား နှစ်ဦးဟာ လက်နက်ခဲယမ်းတွေယူထွက်ပြေးလာပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်ထံ အလင်းဝင်လာခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ရက်က တိုက်ပွဲတွေဖြစ်ပွားနေအချိန်မှာ KIA၊KPDFထံ ဆက်သွယ်ပြီး ထွက်ပြေးလာတာလို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

” တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ သေနတ်နှစ်လက်ပါယူလာတာသူတို့တွေက။ အန္တရာယ်လည်းကင်းတယ်” လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထွက်ပြေးလာတဲ့ တပ်သားနှစ်ဦးဟာ ဧရာဝတီတိုင်းကနေ စစ်သားစု‌ဆောင်းခံရပြီး ဖားကန့်ဒေသကို ပြီးခဲ့တဲ့ဇူလိုင်မှာ ပို့ဆောင်ခံရတာဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ဂုဏ်ပြုဆုငွေ သိန်း(၃၀)ပေးအပ်ခဲ့ပြီး လုံခြုံတဲ့နေရာမှာ ထားရှိထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာကလည်း ဖားကန့်ဒေသ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက စစ်မှုထမ်းသင်တန်းဆင်း ၃၀ဦးဟာ KIA ၊ KPDF ပူးပေါင်းတပ် ထံ အလင်းဝင်ခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းမှာ ပါဝင်လာတဲ့သူတွေအနေနဲ့ အလင်းဝင်ကြဖို့ KIA၊KPDFက တိုက်တွန်းထားပြီး နွေးထွေးစွာကြိုဆိုနေမယ်လို့ ကမ်းလှမ်းထားပါတယ်။

ဖားကန့်ဒေသကို အင်အား ၃၀၀ခန့်ပါစစ်ကောင်စီတပ်စစ်ကြောင်း ရောက်ရှိနေပြီး နိုဝင်ဘာ ၆ရက်ကတည်းက တိုက်ပွဲတွေဖြစ်နေတာပါ။

ဖားကန့်နဲ့ ကာမိုင်းကြားက နမ့်ယားရွာ၊ လုံးခင်းကျေးရွာအုပ်စုပတ်ဝန်း ကျင်တွေမှာ တိုက်ပွဲတွေဖြစ်ပြီး လက်ရှိစစ်ရေးအခြေအနေအရ လေကြောင်းအန္တရာယ်၊လက်နက်ကြီးအန္တရာယ်နဲ့ လုံခြုံရေးသတိပြုနေထိုင်ကြဖို့ KIA ၊KPDFက သတိပေးထားပါတယ်။

စစ်မှုထမ်း နှစ်ဦး ထွက်ပြေးလာတဲ့နေ့က စစ်ကောင်စီတပ်စစ်ကြောင်းကို KIA၊KPDFက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရတဲ့သူတွေလည်း များခဲ့ပါတယ်။

ပွိုင့်ဖိုက်အပါအဝင် သေနတ်နဲ့ကျည်ဆန် တွေကို KIA ၊KPDFက သိမ်းယူနိုင်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ရက်မှာတော့ လေကြောင်းက‌နေ ဗုံးကြဲလို့ ကလေးမိခင်တစ်ဦးသေဆုံး ကလေးငယ်ဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့ နိုဝင်ဘာလ၁၂ရက် နေ့လယ်ပိုင်းမှာလည်း ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ညပိုင်းမှာတော့ ပြင်းထန်တဲ့ပေါက်ကွဲသံနှစ်ကြိမ်ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဖားကန့်မှာ စစ်ရေးတင်းမာနေပြီး အထိနာနေတဲ့ စစ်တပ်က ဒေသခံတွေကို ပစ်မှတ်ထားနေလို့ သတိပြုကြဖို့ KIA ၊KPDFတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက သတိပေးနေကြပါတယ်။

သတင်း

ဖားကန့်မှာ ဒီ‌နေ့မနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး KIA ၊KPDF ရဲ့ ပြင်းအားမြင့်တဲ့မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်တပ်ယာဉ်တန်းအထိနာပြီး ထိခိုက်သေဆုံးမှုတွေများပြားတယ်လို့ ​ဒေသခံစစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ပုလောနဲ့ တနင်္သာရီနယ်ကိုလည်း စစ်တပ်က ၄ရက်ဆက်ဗုံးကြဲဟု KNU အသိပေး

သတင်း

စစ်တပ်ကဆက်တိုက်ဗုံးကြဲနေလို့ဝေဟင်သတင်းနားစွင့်ဖို့၊လုံခြုံတဲ့နေရာတည်ဆောက်ထားဖို့ တိုက်တွန်း