close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုံးကျည်လောင်ချာစနစ် ၅၀ မြောက်ကိုရီးယား စစ်တပ်ဆီ လွှဲပြောင်းတဲ့ အခမ်းအနားကို ကင်မ်ဂျုံအွန်း တက်ရောက်

မြောက်ကိုရီးယား စစ်တပ်အတွက် ဒုံးကျည်လောင်ချာစနစ် ၅၀ လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းကိုယ်တိုင် ဦးစီးခဲ့ပါတယ်။

မြောက်ကိုရီးယား စစ်တပ်အတွက် ဒုံးကျည်လောင်ချာစနစ် ၅၀ လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်းကိုယ်တိုင် ဦးစီးခဲ့ပါတယ်။

အဲဒီ အခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက်နေ့တုန်းက ပြုံယမ်းမြို့တော်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီ အခမ်းအနားမှာတော့ ကင်မ်က လောင်ချာ လက်နက်စနစ် တပ်ဆင်ထားတဲ့ ထရပ်ကားတစ်စီးရဲ့ ယာဉ်မောင်းနေရာမှာ တက်ထိုင်နေခဲ့တာကိုလည်း တွေ့ရပါတယ်။

အဲဒီ ဒုံးကျည်စနစ်တွေဟာ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေကိုပါ ကိုင်တွယ်နိုင်တဲ့ အထူးတိုက်ခိုက်ရေး စွမ်းရည်မျိုး ပိုင်ဆိုင်တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အာဏာရ အလုပ်သမား ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံကြီး မတိုင်ခင် တစ်ရက်အလိုမှာ အခုလိုမျိုး လက်နက်အင်အားကို မြောက်ကိုရီးယားက ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။ ညီလာခံကိုတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ စတင်ခဲ့ပါတယ်။

ပြည်တွင်းမှာ တည်ဆောက်ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို ပေါင်းစပ်ထားပြီး အထူးခေတ်မီ ဆန်းသစ်တဲ့ ပစ်မှတ်ရှာ ပဲ့ထိန်း စနစ်တွေကို တပ်ဆင်ထားကြောင်း၊ ခေါင်းဆောင်ကြီး ကင်မ်ကလည်း ထူးကဲလှတဲ့ အဲဒီ စစ်လက်နက်တွေကို ချီးကျူးသွားခဲ့ကြောင်း အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အခမ်းအနားမှာတော့ ကင်မ်က ပါတီညီလာခံကျရင် နိုင်ငံရဲ့ နျူကလီးယား တိုက်ခိုက်မှု စစ်ရေးစွမ်းရည်တွေ မြှင့်တင်ရေး ကိစ္စကို ထည့်သွင်း ဆွေးနွေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကင်မ်ရဲ့ ညီမဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံရေး နယ်ပယ်မှာ ဒုတိယ ဩဇာအကြီးဆုံး ပုဂ္ဂိုလ်လို့ သတ်မှတ်ခံထားရတဲ့ ကင်မ်ယိုဂျောင်က သီးခြားကြေညာချက်တစ်ခု ထုတ်ပြန်ရာမှာတော့ ရန်သူ တောင်ကိုရီးယားနဲ့ ထိစပ်ရာ နယ်စပ်မှာ လုံခြုံရေး အစီအမံတွေကို တိုးမြှင့်ထားတယ်လို့ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ လုံခြုံရေးနဲ့ ရှင်သန်ရပ်တည်ရေး အာမခံချက်အတွက် အစဉ်အလာအရ နျူကလီးယား လက်နက်တွေ အပေါ်မှာပဲ အားထား မှီခိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ရုရှားနဲ့ စစ်ရေးမဟာမိတ် ဖြစ်လာတဲ့နောက် ရုရှား အကူအညီတွေနဲ့အတူ သမားရိုးကျ စစ်လက်နက်တွေရဲ့ နည်းပညာပိုင်းကိုပါ ပိုမို မြှင့်တင်လာနိုင်ခဲ့ကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရည်အချင်း မပြည့်မီဘူးလို့ စွပ်စွဲပြီး ဒုတိယ ဝန်ကြီးချုပ်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက မိန့်ခွန်းတစ်ခုပြောရင်း ထုတ်ပယ်ပစ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု (AI) နည်းပညာပါတဲ့ တိုက်ခိုက်ရေး ဒရုန်း အသစ် စမ်းသပ်မှုကို ကွပ်ကဲစောင့်ကြည့်ခဲ့တဲ့နောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ အဲဒီ စစ်လက်နက် နည်းပညာအပေါ် အရမ်း သဘောကျသွားတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို မကောင်းကြံကြရင်းနဲ့ပဲ ရုရှားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေကိုလည်း သူ့ကိုယ်စား နှုတ်ဆက်ပေးပါဦးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ရည်ရွယ်ပြီး အငေါ်တူးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံရဲ့ အကြီးကျယ်ဆုံး စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားကြီးကို တက်ရောက်ဖို့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်မ်ဂျုံအွန်းကသူ့ရဲ့ အထူးကျည်ကာရထားကို စီးနင်းပြီး ဘေဂျင်းမြို့တော်ဆီ ဆိုက်ရောက်လာချိန်မှာ တရုတ် အာဏာပိုင်တွေက ကော်ဇောနီခင်းပြီး တခမ်းတနား ကြိုဆိုခဲ့ကြပါတယ်။

Facebook