close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် မိန်းကလေးကျောင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနိုင်ရေး လူ့အခွင့်အရေး မဟာမင်းကြီးရုံး တောင်းဆို

အီရန်စစ်ပွဲအတွင်းမိန်းကလေးကျောင်းတစ်ခုမှာလူအများအပြား သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အဖြေရှာနိုင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

အီရန်နိုင်ငံက မိန်းကလေးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်းသေဆုံးသွားသူတွေကို မြှုပ်နှံဖို့ ပြင်ဆင်နေပုံ (ဓာတ်ပုံ - Reuters)

မတ် – ၄ ၊၂၀၂၆

အီရန်စစ်ပွဲအတွင်းမိန်းကလေးကျောင်းတစ်ခုမှာလူအများအပြား သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အဖြေရှာနိုင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းက အီရန်တောင်ပိုင်းမှာရှိတဲ့ မိန်းကလေးကျောင်း တစ်ခုကို ထိမှန်ပြီး အများအပြား သေဆုံးခဲ့ကြောင်း အီရန် အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၃ ရက်နေ့မှာတော့ OHCHR ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရာဗင်နာ ရှမ်ဒါဆာနီက အဲဒီ ဆိုးရွားကြမ်းတမ်းတဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်သူ့မှာ တာဝန်ရှိသူလဲ ဆိုတာကို အမြန်ဆုံးနဲ့ မှန်မှန်ကန်ကန် စုံစမ်းနိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတာ့ခ်က တောင်းဆိုလိုက်ကြောင်း ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ သူက တိုက်ခိုက်မှုဟာ ဘယ်နိုင်ငံက ကျူးလွန်တယ်လို့ ယုံကြည်ထားသလဲ ဆိုတာမျိုး တစ်ခုခု ထည့်သွင်းစွပ်စွဲတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒီဖြစ်ရပ်ဟာ တကယ့်ကို ဆိုးရွားပြီး တုန်လှုပ်စရာ ကောင်းလွန်းတယ်လို့လည်း ရှမ်ဒါဆာနီက ပြောပါတယ်။

မဟာမင်းကြီး အနေနဲ့ လက်ရှိ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ အစုအဖွဲ့ အသီးသီးကိုလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့၊ ဆွေးနွေးပွဲ စကားဝိုင်းဆီ အမြန်ဆုံး ပြန်လာကြဖို့ အလေးအနက် တိုက်တွန်းခဲ့ကြောင်း ရှမ်ဒါဆာနီက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုက သူ့နိုင်ငံဟာ ကျောင်းတစ်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ကြောင်း မတ်လ ၂ ရက်နေ့မှာ မှတ်ချက်ပေးခဲ့ပါတယ်။ အစ္စရေးကတော့ ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေဆဲလို့ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အီရန် သံအမတ်ကြီး အလီ ဘာရိုင်နီက ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မတ်လ ၁ ရက်နေ့မှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာတာ့ခ်ဆီကို အရေးဆိုတဲ့ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။

စာထဲမှာတော့ ဘာရိုင်နီက ဒီလုပ်ရပ်မျိုးဟာ ဘယ်လိုမှ ဆင်ခြေပေးလို့ မရတဲ့ ရာဇဝတ်မှု တစ်ခုလို့ စွပ်စွဲထားပါတယ်။ သူက စာသင်ကျောင်း တိုက်ခိုက်မှုအတွင်း မိန်းကလေး ၁၅၀ လောက် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

OHCHR အနေနဲ့ ဒီဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး တိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု မြောက်ကြောင်း တပ်အပ်စွပ်စွဲဖို့ လုံလောက်တဲ့ အထောက်အထားတွေလည်း မရှိသေးကြောင်း ရှမ်ဒါဆာနီက ပြောကြားထားပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ ပထမဆုံး အကျအဆုံးတွေ ကြုံခဲ့တာဟာ ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့်လို့ အမေရိကန်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံကရတဲ့ ယူ​ရေနီယံနမူနာကိုပြပြီး ​ရောင်းချဖို့ကြိုးစားခဲ့

နိုင်ငံတကာ

မဟာမိတ် ကူဝိတ်ရဲ့ မှားယွင်း ပစ်ချမှုကြောင့် အမေရိကန် တိုက်လေယာဉ် ၃ စီး ပျက်ကျခဲ့တဲ့ ဖြစ်စဉ်အပြီးမှာတော့ ဒေသခံတွေနဲ့ ဆက်သွယ်ဖို့ လေယာဉ်မှူးတွေရဲ့ ဂျာကင်မှာ တပ်ဆင် ချုပ်လုပ်ထားတဲ့ အကူအညီတောင်း စာသားတွေအကြောင်း လူမှုကွန်ရက်ပေါ်မှာ ဆွေးနွေး ပြောဆိုနေကြပါတယ်။

နိုင်ငံတကာ

အခုအချိန်မှ ညှိနှိုင်းချင်ရင်လည်း အီရန်အတွက် သိပ်နောက်ကျသွားပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။

Facebook