close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင် ၆ ဦးဟာ ဒရုန်းထိမှန်ခဲ့တာလို့ အမေရိကန်ပြော

အီရန်စစ်ပွဲမှာ ပထမဆုံး အကျအဆုံးတွေ ကြုံခဲ့တာဟာ ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့်လို့ အမေရိကန်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - US Army Reserve/Reuters

အီရန်စစ်ပွဲမှာ ပထမဆုံး အကျအဆုံးတွေ ကြုံခဲ့တာဟာ ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့်လို့ အမေရိကန်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

မတ်လ ၁ ရက်နေ့က ကူဝိတ်နိုင်ငံ၊ ရှူအိုင်ဘာ ဆိပ်ကမ်းနားမှာရှိတဲ့ အမေရိကန် စစ်ရေး ကွပ်ကဲမှု ဌာနတစ်ခုကို မောင်းသူမဲ့ ပျံသန်းမှုစနစ် (ဒရုန်း) ထိမှန်ရာက တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့တာဖြစ်တယ်လို့ အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ထုတ်ပြန်ခဲ့ပါတယ်။

မူလက သေဆုံးသူဦးရေကို ၃ ဦးလို့ ထုတ်ပြန်ခဲ့ပေမယ့် မတ်လ ၂ ရက်နေ့မှာတော့ နှစ်ဆတိုးပြီး ၆ ဦးထိ များပြားလာတာ ဖြစ်ပါတယ်။ အဲဒီ ဒရုန်းဟာ ကူဝိတ်မှာရှိတဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေကို ရှောင်တိမ်းကျော်လွှားပြီး အမေရိကန် စစ်စခန်းကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

ကနဦးမှာ ၃ ဦး သေဆုံးကြောင်း ကြေညာခဲ့ပေမယ့် ဒဏ်ရာပြင်းထန်သူ ၁ ဦး ထပ်မံ သေဆုံးခဲ့သလို အပျက်အစီးတွေ ကြားကနေ အလောင်း ၂ လောင်း ထပ်မံရှာတွေ့ခဲ့ကြောင်း CENTCOMက ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲစတင်ချိန်ကတည်း လက်ရှိအထိတော့ အမေရိကန် တပ်ဖွဲ့ဝင်တွေ သေဆုံးမှုဟာ အဲဒီ ၆ ဦးပဲ ရှိသေးတယ်လို့လည်း CENTCOMက ပြောပါတယ်။

သေဆုံးသူတွေထဲက ၄ ဦးကိုတော့ ဘယ်သူဘယ်ဝါဆိုတာ မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး အားလုံးက အမေရိကန်ကြည်းတပ် အရန်အင်အားစုထဲက တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ရာထူးအမြင့်ဆုံးက ဗိုလ်ကြီးတစ်ဦးဖြစ်ပြီး ကျန်တဲ့ ၃ ဦးက တပ်ကြပ်ကြီးတွေပါ။ ပြီးတော့ တပ်ကြပ်ကြီး အမျိုးသမီး တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

မတ်လ ၂ ရက်နေ့မှာ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အမေရိကန် စစ်သည် ၆ ဦး ကျဆုံးမှုအကြောင်း ကြေညာခဲ့ရာမှာ ပေါက်ကွဲအားပြင်းထန်တဲ့ လက်နက်တစ်ခုဟာ အခိုင်အမာ တည်ဆောက်ထားတဲ့ စစ်ရေး ကွပ်ကဲမှု ဌာနကို ဝင်တိုးခဲ့တာလို့ ပြောကြားသွားပါတယ်။

ဒါပေမဲ့ သေဆုံးသူတွေကတော့ အဲဒီအချိန်တုန်းက ယာယီ တည်ဆောက်ထားတဲ့ ရုံးခန်းနေရာလေး တစ်ခုမှာ အလုပ်လုပ်နေခဲ့တာလို့ စစ်ဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးတော့ ဒရုန်းဒဏ်ကို ခံနိုင်လောက်အောင် ဘာကြောင့် အဲဒီ အဆောက်အအုံကို အခိုင်အခံ့ တည်ဆောက်မထားသလဲဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

အမေရိကန်ဟာ ကူဝိတ်နဲ့ ကာလရှည်ကြာ ကာကွယ်ရေး မဟာမိတ် ဆက်ဆံမှုမျိုး တည်ရှိနေပြီး အမေရိကန်စစ်သည် ၁၃၀၀၀ ကျော်ဟာ အဲဒီ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံမှာ တပ်စွဲထားကြပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုနဲ့ ကြုံခဲ့တဲ့နောက် အီရန်ဟာ ကူဝိတ် အပါအဝင် ဒေသတွင်းက အမေရိကန် မိတ်ဖက် အာရပ်နိုင်ငံတွေကိုပါ ဒရုန်းတွေ၊ ဒုံးကျည်တွေ ပစ်ခတ်ပြီး လက်တုံ့ပြန်နေခဲ့ပါတယ်။

အမေရိကန်ဟာ လက်ရှိ စစ်ပွဲ ကာလအတွင်း ကူဝိတ်မှာ F-15E တိုက်လေယာဉ် ၃ စီးကိုလည်း ဆုံးရှုံးခဲ့ပြီး လေယာဉ်မှူးတွေကတော့ ဘေးကင်းခဲ့ကြပါတယ်။ အဲဒီ တိုက်လေယာဉ်တွေကို ကူဝိတ်က မဟာမိတ် အချင်းချင်း မှားယွင်းပြီး ပစ်ချခဲ့မိတာလို့လည်း CENTCOMက ကြေညာထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သီရိလင်္ကာ ကမ်းလွန် ပင်လယ်ပြင်မှာ အီရန် စစ်သင်္ဘောတစ်စီး နစ်မြုပ်မှုဟာ အမေရိကန် လက်ချက်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံကရတဲ့ ယူ​ရေနီယံနမူနာကိုပြပြီး ​ရောင်းချဖို့ကြိုးစားခဲ့

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်းမိန်းကလေးကျောင်းတစ်ခုမှာလူအများအပြား သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အဖြေရှာနိုင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။