close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆော်ဒီနဲ့ ယူအေအီးလည်း အီရန်ကို တိုက်ခိုက်ဖို့ စဉ်းစားနေကြောင်း Wall Street ဂျာနယ်ဖော်ပြ

အရှေ့အလယ်ပိုင်း ဒေသထဲက အမေရိကန် မဟာမိတ် အာရပ်နိုင်ငံ နှစ်ခုဟာ အီရန်နဲ့ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်လာနိုင်ခြေ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ - AP

အရှေ့အလယ်ပိုင်း ဒေသထဲက အမေရိကန် မဟာမိတ် အာရပ်နိုင်ငံ နှစ်ခုဟာ အီရန်နဲ့ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်လာနိုင်ခြေ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အမေရိကန်ရဲ့ Wall Street ဂျာနယ်က ဆော်ဒီအာရေးဘီးယားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံတွေဟာ အမေရိကန်၊ အစ္စရေးတပ်တွေနဲ့ ပူးပေါင်းပြီး အီရန်ကို စစ်တိုက်နိုင်ခြေ မြင့်မြင့်မားမား ရှိနေလာပြီလို့ မတ်လ ၂၃ ရက်နေ့မှာ ဖော်ပြလာခဲ့ပါတယ်။

စစ်ပွဲကာလ တလျှောက်လုံး အီရန်က ပစ်ခတ်တဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေရဲ့ ဒဏ်ကို တခြား အာရပ်နိုင်ငံတချို့နည်းတူ ဆော်ဒီနဲ့ ယူအေအီးတို့လည်း ခံစားခဲ့ရပါတယ်။ ပြီးတော့ နိုင်ငံတကာ ရေနံတင်ပို့မှုမှာ အဓိကကျတဲ့ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို အီရန်က ပိတ်ထားခြင်းကလည်း ပင်လယ်ကွေ့ ဒေသတွင်းက ရေနံထွက်တဲ့ နိုင်ငံတွေကို အကြီးအကျယ် အထိနာလာစေပါတယ်။

လက်ရှိ အခြေအနေမှာတော့ အမေရိကန်ရဲ့ အာရပ်မဟာမိတ်တွေဟာ အီရန်တိုက်ခိုက်မှုတွေကို ခုခံနေတဲ့ အဆင့်ကနေ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေမှာ ထဲထဲဝင်ဝင် ကူညီတဲ့ အဆင့်ထိ တက်လှမ်းလာနေကြောင်း Wall Streetဂျာနယ်က ဆိုပါတယ်။ ဒါပေမဲ့ ယူအေအီးနဲ့ ဆော်ဒီ စစ်တပ်တွေဟာ အီရန်ကို အတိအလင်း စစ်ပြုတိုက်ခိုက်တဲ့ အခြေအနေထိတော့ ရောက်မလာသေးပါဘူး။

Public Service Announcement

Public Service Announcement

အာရပ်နိုင်ငံ အားလုံးလိုလိုက အီရန်နဲ့ တိုက်ရိုက် စစ်ဖြစ်တဲ့ အဆင့်မျိုးထိ စည်းမကျော်ချင်ကြောင်း ပြောထားကြပေမယ့်လည်း အီရန်ဖက်က ပေးလာတဲ့ စစ်ရေးဖိအားကြောင့် ပဋိပက္ခထဲ ဆွဲသွင်းခံရနိုင်ခြေတွေ ပိုများလာနေတယ်လို့လည်း သိရပါတယ်။

လောလောလတ်လတ် အနေနဲ့ ဆော်ဒီ အစိုးရဟာ နိုင်ငံ အနောက်ပိုင်းမှာ ရှိနေတဲ့ ဖားဒ်ဘုရင် လေတပ်စခန်းကို အမေရိကန်ရဲ့ စစ်ဆင်ရေးတွေအတွက် အသုံးချဖို့ ခွင့်ပြုထားလိုက်ကြောင်း သိရပါတယ်။ အစောပိုင်းတုန်းက ဆော်ဒီ အစိုးရဟာ အီရန်ကို တိုက်မယ့် စစ်ဆင်ရေးတွေမှာ နိုင်ငံရဲ့ စစ်ရေး အဆောက်အအုံတွေကို အသုံးပြုခွင့် ပေးမှာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ အီရန်ရဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေက မြို့တော် ရီယတ်ဒ် အပါအဝင် ဆော်ဒီရဲ့ အဓိက မြို့ကြီးတွေဆီ မကြာခဏ ပစ်မှတ် ထားလာတဲ့အခါမှာ ဆော်ဒီလည်း အခုလို သဘောထား ပြောင်းလာခဲ့တာပါ။

အီရန်က ရန်စ တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေအပေါ် ဆော်ဒီရဲ့ စိတ်ရှည် သည်းခံမှုမှာ အတိုင်းအတာ၊ အကန့်အသတ် ရှိတယ်လို့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်လ် ဘင်ဖာဟန်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အခုဆိုရင် အီရန် အစိုးရကို ဦးဆောင်နေသူ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်ဟာ အီရန်ပဋိပက္ခနဲ့ ပတ်သက်လို့ နိုင်ငံရဲ့ စစ်ရေးမူဝါဒတွေကို ပြန်သုံးသပ်ပြီး မဟာမိတ် အမေရိကန်နဲ့အတူ စစ်ပွဲမှာ ပါဝင်ဖို့ အာသီသ ပြင်းပြလာနေကြောင်း Wall Streetက ဆိုပါတယ်။ ယူအေအီးဟာလည်း ပြည်တွင်းက အီရန်ပိုင်ဆိုင်မှုတွေနဲ့ ဆက်နွှယ်တဲ့ လုပ်ငန်းတွေ၊ စီးပွားရေး ကွန်ရက်တွေကို စတင် ဖိနှိပ် ဖြိုခွင်းလာသလို အစိုးရ အဖွဲ့ထဲမှာလည်း အီရန်ကို ပါဝင်တိုက်ခိုက်ဖို့ ဆွေးနွေးငြင်းခုံမှုတွေ စတင်နေပြီလို့ သိရပါတယ်။

ယူအေအီးဟာ အီရန်စီးပွားရေး လုပ်ငန်းတွေအတွက် ဘဏ္ဍာရေး စုရပ်တစ်ခုအဖြစ် ကာလရှည်ကြာ ရပ်တည်ပေးခဲ့ပေမယ့် လက်ရှိမှာတော့ အီရန်ပိုင် လုပ်ငန်းတွေရဲ့ ဒေါ်လာ ဘီလီယံနဲ့ချီ များပြားတဲ့ ငွေကြေးတွေကို ကန့်သတ် ထိန်းချုပ်ဖို့ စဉ်းစားနေကြောင်းပါ သတိပေး ခြိမ်းခြောက်ထားပါတယ်။

အာရပ်နိုင်ငံတွေဟာ အီရန်နဲ့ စစ်ရေးပဋိပက္ခမှာ တိုက်ရိုက်ဝင်မပါဘဲ ရှောင်ဖယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆော်ဒီ၊ ကူဝိတ်၊ ယူအေအီး၊ ကာတာတို့မှာရှိတဲ့ ရေနံနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အီရန်က တိုက်ခိုက်လာတဲ့နောက် အီရန်အပေါ် လက်တုံ့ပြန်ဖို့ ပိုမိုစည်းရုံးလာခဲ့ပါတယ်။ ကာတာ အစိုးရကတော့ အီရန်ရဲ့ တိုက်ခိုက်မှုတွေဟာ အမျိုးသား လုံခြုံရေးကို ထိပါးခြင်းလို့ စွပ်စွဲရှုတ်ချထားခဲ့ပါတယ်။

စစ်ရေးသုတေသီတွေကလည်း အီရန်ကသာ ပင်လယ်ကွေ့ နိုင်ငံတွေကို ဆက်ပြီး ပစ်မှတ်ထားနေဦးမယ်ဆိုရင် အဲဒီနိုင်ငံတွေ အတွက်လည်း စစ်ပွဲထဲ ဝင်ပါရုံကလွဲပြီး ရွေးချယ်စရာမရှိ ဖြစ်သွားနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။

ကိုးကား: Wall Street Journal

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဆီက ပေးပို့ထားတဲ့ တောင်းဆိုမှု အချက်အလက်တွေကို ဆန်းစစ် သုံးသပ်နေကြောင်း အီရန် အစိုးရက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ငြိမ်းချမ်းရေးအတွက် အီရန်မှာ နောက်တစ်ကြိမ် အခွင့်အရေး ထပ်ရမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ဆွေးနွေးမှုတွေ လုံးဝမရှိခဲ့ကြောင်း အီရန်ထုတ်ပြန်

သတင်း

စက်သုံးဆီဝယ်ယူမှုအတွက် စစ်ကောင်စီက အမိန့်တွေ တစ်မျိုးပြီးတစ်မျိုးထုတ်ပြန်နေပြီး စစ်တပ်ခန့်ထားတဲ့အုပ်ချုပ်ရေးမှုးတွေက ဆီတန်းစီဝယ်ယူတာတွေမလုပ်ဖို့ ကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။