close

နွေဦးတော်လှန်ရေးနဲ့ မြန်မာဘီယာ ကျရှုံးခန်း

မြန်မာဘီယာကို တကယ်သပိတ်မှောက်နိုင်ပြီလား ရက်စက်ကြမ်းကြုတ်သော စစ်တပ်ကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်ရာ၌ စစ်တပ်ထုတ်ကုန်များ အသုံးမပြုရေးလည်း ပါဝင်သည်။ လူထုတစ်ရပ်လုံးက ဆန့်ကျင်သပိတ်မှောက်သည့် စစ်တပ်ထုတ်ကုန်များတွင် နာမည်ကျော် မြန်မာဘီယာမှာ ထိပ်ဆုံးမှဖြစ်သည်။

အဖျော်ယမကာဈေးကွက်တွင် ပြိုင်ဘက်ကင်းအမှတ်တံဆိပ်ဖြစ်ခဲ့သော မြန်မာဘီယာမှာ လက်ရှိအချိန်၌ ဆိုင်တကာ့ဆိုင်များတွင် မတွေ့ရသလောက် ရှားပါးလာသည်

“ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်”

အာဏာသိမ်းစစ်တပ်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကို အကြောင်းပြပြီး မပြီးပြတ်သေးတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက ပြောလိုက်ပါတယ်။