close

အဖမ်းခံထားရသည့် ကာကွယ်ရေးအဖွဲ့ဝင် အသတ်ခံရ၊ သွေးသောက်လည်ဆွဲ ချိတ်ခဲ့

အသတ်ခံရသူမှာ ယခုလ ၈ ရက်ကတည်းက ဖမ်းဆီးခံထားရသည့် အသက် ၂၄ အရွယ် ကိုဖိုးထောင်ဆိုသူဖြစ်ကာ ၎င်း၏ ရုပ်အလောင်းကို ယမန်နေ့တွင် မတ္တရာမြို့နယ် ကင်းရွာအနီး စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကိုဖိုးထောင်၏ အလောင်းတွင် ချိတ်ဆွဲထားသည့် သွေးသောက်တံဆိပ် အမှတ်အသား။ (ဓာတ်ပုံ-ပေးပို့)

မန္တလေးမြို့မြောက်ဘက် မတ္တရာမြို့နယ်တွင် စစ်တပ်က ဖမ်းဆီးထားသည့် ဒေသကာကွယ်ရေးအဖွဲ့တစ်ဦး ယမန်နေ့ (ဧပြီ ၂၃) က ပစ်သတ်ခံရကာ အလောင်းတွင် သွေးသောက်လည်ဆွဲ ချိတ်ဆွဲထားသည်ဟု သိရသည်။

အသတ်ခံရသူမှာ ယခုလ ၈ ရက်ကတည်းက ဖမ်းဆီးခံထားရသည့် အသက် ၂၄ အရွယ် ကိုဖိုးထောင်ဆိုသူဖြစ်ကာ ၎င်း၏ ရုပ်အလောင်းကို ယမန်နေ့က မတ္တရာမြို့နယ် ကင်းရွာအနီး စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ဆိုသည်။

ကိုဖုန်းထောင်မှာ ယခုလ ၈ ရက်က မတ္တရာမြို့နယ်အရှေ့ခြမ်း အောင်သပြေကျေးရွာရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် မန္တလေး -မိုးကုတ်ကားလမ်းကို ဆက်သွယ်ထားသည့်လမ်းပိုင်းအနီး မိုင်းထောင်နေစဉ် စစ်တပ်နှင့် ထိပ်တိုက်တိုးကာ ဖမ်းဆီးခံရသည်ဟု သိရသည်။

၎င်းသည် ဒေသအခြေစိုက် မဟာအမည်ရ ကာကွယ်ရေးအဖွဲ့ (Mahar-LPDF) မှ ဖြစ်သည်ဟုလည်း ပကဖတာဝန်ခံက ပြောသည်။

ဘိလပ်မြေစက်ရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာစဉ် ယမန်နေ့၌ မတ္တရာပကဖအဖွဲ့က မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က ၎င်းတို့နှင့်အတူ ကိုဖိုးထောင်ကို ခေါ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ပကဖတာဝန်ခံက ပြောသည်။

“အဲ့ဒီစစ်ကြောင်းကတော့ စခတွေလည်း ပါတယ်။ ပြီးတော့ မန္တလေးဘက်က သွေးသောက်အဖွဲ့တွေလည်း ပါတယ်”

စစ်တပ်ယာဉ်တန်းကို မတ္တရာပကဖအဖွဲ့က မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းတွင် အနီးကပ် ပစ်သတ်ခံထားရသော ကိုဖိုးထောင်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု မတ္တရာ ပကဖတာဝန်ခံ အမျိုးသားက ပြောသည်။ 

“၂၁ ရက်နေ့မှာ ကင်းရွာကို ဝင်လာတဲ့ ကားတန်းမှာ ကိုဖိုးထောင်ကို ခေါ်လာပုံရတယ်။ မနေ့ကကျတော့ ကားတန်းကို ကျွန်တော်တို့က မိုင်းဆွဲတော့ မိုင်းဆွဲခံရတဲ့နေရာမှာပဲ ရဲဘော်ဖိုးထောင်ကို ပစ်သတ်သွားတယ်၊ ၅.၅၆ ကျည်နဲ့ ပစ်ထားတာတွေ့ရတယ်၊ ပြီးတော့ သွေးသောက်တံဆိပ် ချိတ်ထားခဲ့တယ်”

အသက် ၂၄ နှစ်အရွယ် ကိုဖိုးထောင်၏ ရုပ်အလောင်းကို ယမန်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ကိုဖိုးထောင်၏ ရုပ်အလောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကောက်ယူပြီး ယမန်နေ့၌ပင် သင်္ဂြိုဟ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က မတ္တရာမြို့နယ်အတွင်းရှိ ကင်းရွာ၊ ကြပ်ပြင်၊ ငါးလုံးပြွန်၊ ရှမ်းရွာ၊ ဆိပ်သာတို့အပြင် မြို့နယ်အရှေ့ခြမ်းရှိ ရုံးပင်၊ ရှားစေးချက်၊ ဥမင်၊ ချောင်းပေါက်၊ သပြေလှ စသည့် ရွာများကိုလည်း အခြားစစ်ကြောင်းတစ်ခုဖြင့် စစ်ကြောင်းထိုးနေသည်ဟု သိရသည်။  

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မြို့နယ်ပကဖနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းများ ပြုလုပ်သည်ဟု ဆိုသည်။

“ဒီလပိုင်းမှာ မတ္တရာနယ်ထဲမှာက ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲတာ၊ တိုက်ခိုက်တာ တော်တော် စိပ်တယ်၊ ဒါကြောင့်မို့လို့ နယ်မြေစိုးမိုးရေးရအောင် အခုလို အင်အားအလုံးအရင်းနဲ့ ပြန်ထိုးတာလို့ ယူဆတယ်” ဟု ပကဖတာဝန်ခံ အမျိုးသားက ပြောသည်။ 

ယခုနှစ်ဆန်းပိုင်းမှစ၍ မန္တလေးမြို့မြောက်ဘက်တွင် တစ်ဆက်တည်း ရှိနေကြသည့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်များတွင် စစ်ကောင်စီ၏ တပ်ဖွဲ့များ၊ ယာဉ်တန်းများသည် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှု ခံထားရသည်။

သွေးသောက်အဖွဲ့အမည်ဖြင့် ယမန်နှစ်အတွင်း မန္တလေးမြို့အနီးတစ်ဝိုက်တွင် ပေါ်ပေါက်လာကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ အပါအဝင် NLD ထောက်ခံသူများ  သတ်ဖြတ်ခံရပြီး သွေးသောက်လည်ဆွဲ ချိတ်ကာ အလောင်းစွန့်ပစ်ခံရသည့်ဖြစ်စဉ်များ ရှိခဲ့သည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။