close

ပဇီကြီးရွာ လူအုပ်ကြားထဲ ငုတ်တုတ်ထိုင်လျက် အသက်ရှင်ကျစ်ရစ်သူ၏ ကံကြမ္မာ

အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၂၀၀နီးပါး သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာက ရင်နင့်ဖွယ်ရာ အဖြစ်အပျက်ဟာ မနက်ဖြန် မေလ ၁၁ရက်နေ့ဆိုရင် တစ်လတင်းတင်း ပြည့်ပါပြီ။

နောက်ဆုံး အတည်ပြုနိုင်တဲ့ စာရင်းတွေအရ အဲ့ဒီ လေကြောင်းတိုက်ိခုက်မှုကြောင့် လူ ၁၅၅ဦး သေဆုံးခဲ့ပြီး ၃၂ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၁၁ရက်နေ့က ပဇီကြီးရွာ အဖြစ်အပျက်မှာ ကိုယ်တိုင်ရှိနေခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ အနည်းစုထဲက အသက် ၅၄နှစ်အရွယ် ဒေသခံတစ်ဦးကို တွေ့ဆုံမေးမြန်းထားပါတယ်။

တောင်ငူထောင်ဖောက်ပြီး အောင်မြင်စွာ လွတ်မြောက်သူများမှာ စစ်သင်တန်းတက်ရောက်ပြီးသူများဖြစ်

တောင်ငူ အကျဉ်းထောင်၌ ချုပ်နှောင်ခံထားရစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သေနတ်များကိုလုယူ ထွက်ပြေးနိုင်ခဲ့သည့် တပ်ဖွဲ့ဝင် ၁၀ဦးအနက် ၉ဦး တပ်ရင်းထံပြန်ရောက်ပြီဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ထံမှသိရသည်။

“ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်”

အာဏာသိမ်းစစ်တပ်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကို အကြောင်းပြပြီး မပြီးပြတ်သေးတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးက ပြောလိုက်ပါတယ်။