အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ထိုင်းရောက်မြန်မာများ CI သက်တမ်းတိုးရာတွင် အပိုကြေး ပေးနေရ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificates of Identification (CI) သက်တမ်းတိုးရာတွင် တိုကင် (Token)ကြေး တန်းစီခ ဟုဆိုကာ တရားဝင်မဟုတ်သည့် ထပ်ဆောင်းပေးရငွေ ထိုင်းဘတ် အနည်းဆုံး၁,၀၀၀ (ကျပ် ၁၃၀,၀၀၀ ကျော်)ကို CI ထုတ်ပေးရေးစခန်းများက ကောက်ခံနေသည်ဟု စုံစမ်းသိရှိရသည်။

အထောက်အထားမဲ့ မြန်မာလုပ်သားများ ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်နိုင်ရန် ထိုင်းအစိုးရက ပန်းရောင်ကတ်ဟုခေါ်သည့် ယာယီသက်သေခံကတ်ပြား ပြုလုပ်ပေးသည်။ ထို ပန်းရောင်ကတ် ရယူပြီး သူများသည် အခြေခံအလုပ်သမားဗီဇာ ကို CI စာအုပ်ထဲတွင်ထည့်သွင်း၍ အလုပ် လုပ်ကိုင်နိုင်သည်။ 

ထို့ကြောင့် CI သက်တမ်းကုန်သူ၊ ခြောက် လအောက် လျော့နည်းသူတို့ကို ထိုင်းနိုင်ငံ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီနှင့် ချင်းမိုင်မြို့များရှိ စီအိုင်စခန်း လေး ခုတွင် ယခုနှစ် ဩဂုတ်လ ၈ ရက် မှစ၍ သက်တမ်းတိုး ပေးနေပြီး တိုကင်ကြေးဟုဆိုကာ ဘတ် ၁,၀၀၀ ကျော်ကောက်ကြောင်း ယခုလဆန်းတွင် သက်တမ်းတိုးခဲ့သည့် အမည်မဖော်လိုသူ အလုပ်သမားအမျိုးသမီးက ပြောသည်။ 

သတင်း -အောင်နိုင်၊ တင်ဆက် – မြတ်ကြီး 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button