အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဗိုလ်ချုပ်ထွန်းမြတ်နိုင် – ရက္ခိတလမ်းစဉ်မှသည် စစ်အာဏာရှင်တော်လှန်ရေးဆီသို့

၂၀၀၉ ခုနှစ်တွင် အသစ်ပေါ်ပေါက်လာသော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နှင့် အဖွဲ့တည်ထောင်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် အခြားသော ERO များနှင့်နှိုင်းယှဉ်ပါက သက်တမ်းအလွန်နုပါသည်။ သို့သော် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ခေါင်းဆောင်မှုအောက်တွင် ULA/AA လက်ရှိ ရရှိထားသော ရခိုင်ပြည်နယ်ရှိ စစ်ရေး အောင်မြင်မှုများက သက်တမ်းရင့် ERO များပင် မစွမ်းဆောင်နိုင်ခဲ့သော အောင်မြင်မှုအဖြစ် စံချိန်တင်နိုင်ခဲ့ သည်။ 

“၁၀၂၇ စစ်ဆင်ရေး” ကို ဦးဆောင်ခဲ့သော ညီနောင်မဟာမိတ် ၃ ဖွဲ့ ထဲတွင် AA သည် ရခိုင်စစ်မျက်နှာတွင် မနားတမ်း စစ်ဆင်နွှဲနေပြီး၊ သိမ်းပိုက်ထားနိုင်ခဲ့သော နယ်မြေများ ပြန်လည်လက်လွှတ်ဆုံးရှုံးခဲ့ရခြင်း မရှိသေးသော တစ်ခုတည်းသော ERO ဖြစ်သည်။ 

တစ်ချိန်တည်းမှာပင် ရခိုင်ဒေသတွင် ကာလကြာရှည်တည်ရှိခဲ့သော လူမျိုးရေးပဋိပက္ခကြီး၊ ရခိုင်ပြည်နယ် ပထဝီနိုင်ငံရေး မဟာဗျူဟာအကျိုးစီးပွား ဆုံချက်ဖြစ်နေခြင်း၊ အိမ်နီးချင်းအင်အားကြီး တရုတ်နှင့် အိန္ဒိယနိုင်ငံကြီးနှစ်ခု၏ အကျိုးစီးပွားများ ကြီးကြီးမားမား တည်ရှိနေခြင်းက အခြား ERO များ ရင်ဆိုင်ရခြင်းမရှိသော အခက်အခဲများကို AA သည် တစ်ပါတည်း အမွေဆက်ခံ ကိုင်တွယ်ဖြေရှင်းလာရသည်။ 

ထိုအခက်အခဲများကို ဖြေရှင်းကျော်လွှားနိုင်မည်ဆိုလျှင် AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်အတွက် တောက်ပသော အနာဂတ်တစ်ခုက စောင့်ကြိုနေပါသည်။ နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းတွင် မြန်မာပြည်သူတစ်ရပ်လုံး၏ နိုင်ငံရေးနိုးကြားမှုကို ရှေ့ဆောင်နိုင်ခဲ့သော ရခိုင်ဆရာတော် ဦးဥတ္တမ ပြီးလျှင်၊ ရခိုင်လူမျိုးများအကြားတွင်သာမက မြန်မာပြည်သူတစ်ရပ်လုံး၏ အမျိုးသားခေါင်းဆောင်အဆင့်ထိ တက်လှမ်းနိုင်မည့် အခွင့်အလမ်း ရှိနေပါသည်။ 

ထိုအခွင့်အလမ်းအတွက် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ဗိုလ်ချုပ် အဆင့်မှ နိုင်ငံတစ်ခု၏ နိုင်ငံရေးခေါင်းဆောင် အဆင့်သို့ ကူးပြောင်းရန် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကျော်ဖြတ်ရမည့် အခက်အခဲများက အလွန်များပြားလှသော်လည်း၊ မဖြစ်နိုင်သော အရာ မဟုတ်ပါကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။ 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button